Connect with us

Africa & Middle East

မြန်မာနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ ရေဘေးလွတ်ရာသို့ရွှေ့ပြောင်း

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု မြင်ကွင်းများ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့လျက်ရှိရာ လူထောင်ပေါင်းများစွာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရပြီး အခြေခံအဆောက်အအုံများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု မြင်ကွင်းများ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့ ၁၃ မြို့က မြစ်များ၏ ရေမျက်နှာပြင်မှာ ဇူလိုင် ၂၉ ရက်တွင် စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ခဲ့ရာ ယနေ့ (ဇူလိုင် ၂၉ ရက်) မွန်းလွဲပိုင်းအထိ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားပြီး ရေဘေးသင့်အိမ်ထောင်စု ၄,၇၉၃ ခု၊ လူဦးရေ ၁၈,၂၁၀ ဦးအား ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၂၉ ရက် သတင်းဖော်ပြချက်အရ သိရသည်။

ထို့ပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်လည်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေလျှံတက်လာခြင်းကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်အိမ်ထောင်စု ၃၇၀ ခုမှ လူဦးရေ ၄,၉၈၅ ဦးကို ပြောင်းရွှေ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ရထားလမ်းများနှင့် အဝေးပြေးလမ်းများတွင်လည်း ရေကျော်လျက်ရှိသဖြင့် ခရီးသွားလာသူများအတွက် အခက်အခဲကြုံတွေ့နေရသလို ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းများလည်း ပိတ်ထားရကြောင်း သတင်း၌ ဖော်ပြထားသည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုအပြင် တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီမြို့တွင်လည်း တနင်္သာရီမြစ်ရေမြင့်တက်လာသည့်အတွက် ဇူလိုင် ၂၈ ရက်က ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား ကူညီခြင်း၊ အစားအစာ၊ သောက်သုံးရေနှင့် ယာယီရေဘေးရှောင်စခန်းများ အပါအဝင် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးပေးခြင်း စသည်တို့ကို ယင်းဒေသများရှိ ဒေသန္တရတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများက အတူတကွ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Widespread flooding displaces thousands across southern Myanmar

YANGON, July 29 (Xinhua) — Myanmar is experiencing widespread flooding across its southern regions and states, displacing thousands of people and submerging infrastructure, official media reported on Monday.
The water levels of rivers in 13 towns across the four regions and states of Ayeyarwady, Bago, Mon, and Kayin in southern Myanmar have already surpassed their warning marks on Monday, the country’s weather agency reported.
In Bago township of Bago region, a total of 18,210 people from 4,793 households have evacuated due to flooding caused by continuous heavy rains in recent days, the official daily The Mirror reported on Monday.
In Myawaddy township of Kayin state, 4,985 people from 370 households are also taking shelter in 11 relief centers in the township due to the rise of the Thaungyin River caused by continuous heavy rains, it said.
Railway lines and highway roads in Ayeyarwady region and Mon state have also been submerged, posing challenges for travelers, and schools have also been closed due to the floods, the report said.
In addition to the four regions and states, Taninthayi town of Taninthayi region also experienced flooding on Sunday due to the rise of the Taninthayi River level caused by continuous heavy rain, the report said.
Local authorities, fire service personnel, and rescuers in the affected towns are working together to evacuate the flood victims and provide them with essential supplies such as food, drinking water, and shelter, it added.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.