Connect with us

China

တရုတ်နိုင်ငံက ရေဘေးသင့်ဒေသများတွင် စိုက်ပျိုးရေးထုတ်လုပ်မှုကို ပံ့ပိုးကူညီရန် ရန်ပုံငွေခွဲဝေသတ်မှတ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် Shulan မြို့ Qili မြို့နယ်ရှိ ရေဘေးသင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရေဘေးသင့်ဒေသ ၅ ခုတွင် သဘာဝဘေးလျော့ပါးရေးနှင့် စိုက်ပျိုးရေးထုတ်လုပ်မှု ပြန်လည်ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေရန် ရန်ပုံငွေ ယွမ် ၂၃၈ သန်း (အမေရိကန်ဒေါ်လာ ၃၃.၃၅ သန်းခန့်) ခွဲဝေသတ်မှတ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါရန်ပုံငွေများကို ဟဲနန်၊ ဟူနန်၊ ချုံချင့်၊ စီချွမ်းနှင့် ဆန်ရှီး စသည့်နေရာများတွင် ရေနစ်မြုပ်ခဲ့သောကောက်ပဲသီးနှံများ စီမံခန့်ခွဲရေး၊ ပျက်စီးသွားသော လယ်ယာစိုက်ပျိုးရေး အဆောက်အအုံများ ပြန်လည်ထိန်းသိမ်းရေးနှင့် ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် ရေလျှံနေသောလယ်ကွင်းများအတွက် ရေနုတ်မြောင်းစနစ် ပံ့ပိုးပေးခြင်းများ၌ အသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။
တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသစောင့်ကြည့်ရေးအဖွဲ့က မိုးရွာသွန်းမှုနှင့် စပ်လျဉ်း၍ သတိပေးချက်အဆင့် ၄ ဆင့်အနက် ဒုတိယအမြင့်ဆုံးဖြစ်သော လိမ္မော်ရောင်အဆင့်ကို ဇူလိုင် ၃၀ ရက်၌ ဆက်လက်ထုတ်ပြန်ထားကြောင်း၊ လာမည့် ၂၄ နာရီအတွင်း မြို့တော် ပေကျင်းနှင့် အနီးဝန်းကျင်ရှိ ဟဲပေ၊ ထျန်းကျင်း၊ ချုံချင့်၊ ယူနန်၊ ကွမ်တုန်း အပါအဝင် ဒေသများစွာ၌ မိုးရေချိန် ၂၀၀ မီလီမီတာအထိ ဆက်လက်ရွာသွန်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
China allocates funds to support agricultural production in flood-hit regions
BEIJING, July 30 (Xinhua) — China has allocated 238 million yuan (about 33.35 million U.S. dollars) of funds to assist in disaster relief and agricultural production restoration in five flood-stricken regions, the Ministry of Finance said Tuesday.
The money will be used to manage flood-damaged crops, restore damaged agricultural facilities, and support flood control and drainage of waterlogged fields, amid efforts to mitigate the impacts of floods on agricultural production in Henan, Hunan, Chongqing, Sichuan and Shaanxi, the ministry said.
On Tuesday, China’s national observatory continued to issue an orange alert for rainstorms, the second-highest level in the country’s four-tier warning system. It is expected that heavy rain of up to 200 mm in the coming 24 hours will lash many regions including the capital Beijing and neighboring Hebei and Tianjin, as well as Chongqing, Yunnan and Guangdong.
Photo: This aerial photo taken on Aug. 5, 2023 shows rescuers carrying out search and rescue operations in a flood-affected area in Qili Township, Shulan City, northeast China’s Jilin Province. (Xinhua/Yan Linyun)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.