Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၌ အဏ္ဏဝါသဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ကြပ်မတ်ဆောင်ရွက်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားပြတိုက်တွင် ဘက်စုံအနုပညာပြပွဲ ကြည့်ရူနေသူများကို ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံအတွင်းရှိ အဏ္ဏဝါသဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး ကန်ဒိုဟန်းက ဆိုးလ်မြို့တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဇူလိုင် ၂ ရက် ကသိရသည်။
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းခြင်းမရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘဲ သမုဒ္ဒရာ များအား ထိန်းသိမ်းခြင်းမရှိပါကလည်း ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ် မှု လျှော့ချခြင်းတို့ကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ယင်းက ထပ်လောင်းပြောကြားသည်။
နိုင်ငံအတွင်းရှိ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်အတွက် နိုင်ငံအတွင်းရှိ သမုဒ္ဒရာများ၏ ၃၀ ရာခိုင်နှုန်းကို အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်မည်ဟု သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်သော ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၂၃ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာက စုပ်ယူထားကြောင်း သိရသည်။
နိုင်ငံ၏ အဏ္ဏဝါပတ်ဝန်းကျင် မူဝါဒများမှတစ်ဆင့် အဆင့်မြင့် အဏ္ဏဝါဝန်းကျင်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု ကန်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် (၁၀) ကြိမ်မြောက် သမုဒ္ဒရာဆိုင်ရာညီလာခံကို လာမည့်နှစ် ဧပြီလတွင် ဘူဆန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင် တာဝန်ရှိသူများက အဏ္ဏဝါကာကွယ်ရေးနယ်မြေ သတ်မှတ်ခြင်း၊ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ အဏ္ဏဝါစီးပွားရေး ကိစ္စရပ်
များကို ဆွေးနွေးမည်ဖြစ်သည်။ (Xinhua)
…………………………..
(English Version)
S. Korea to focus on conservation of marine environment, biodiversity
SEOUL, July 2 (Xinhua) — South Korea will focus on the conservation of marine environment and biodiversity as the Asian economy cannot keep growing without a preserved environment, the country’s oceans and fisheries minister said Tuesday.
“Without a preserved environment, it’s not easy to build economic wealth. Unless the environment for dwelling, forest and agriculture as well as the marine environment are properly preserved, the balance will be broken,” Minister of Oceans and Fisheries Kang Do-hyung told a press conference with foreign correspondents in Seoul.
Kang vowed to make his best efforts to conserve the marine environment and ecosystem diversity as biodiversity restoration and carbon dioxide reduction cannot be achieved without a preserved ocean.
To conserve marine biodiversity, the ministry planned to designate 30 percent of the country’s ocean as protected marine areas while pushing for enactment of the protected marine area act.
It was in line with the global trend, in which the international community set the goal of designating 30 percent of their land and ocean as protected areas by 2030, Kang noted.
Under the plan, it aims to absorb about 1.36 million tons of carbon emissions by 2050. It is known that about 23 percent of the globally produced greenhouse gas emissions are absorbed by the ocean.
South Korea will host the 10th Our Ocean Conference in the southeastern port city of Busan in April next year.■
People watch an immersive multimedia art show at the National Museum of Korea in Seoul, South Korea, May 18, 2023. (Xinhua/Wang Yiliang)