Connect with us

China

မြန်နှုန်းမြင့်ရထားလမ်းသစ်က တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်းဒေသ ပေါင်းစည်းမှုမြှင့်တင်ရေးအတွက် စတင်ဆောင်ရွက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့ရှိ ဟန်ကျိုးနှင့် ဝန်ကျိုးကို ချိတ်ဆက်ထားသော ရထားလမ်းသစ်ပေါ် Pujiang ဘူတာကို ဖြတ်သန်းသွားသော စမ်းသပ် ကျည်ဆန်ရထားကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ယန်ဇီမြစ်ဝှမ်းဒေသရှိ စီးပွားရေးအတွက် ‌အ‌ရေးပါသော ဟန်ကျိုးမြို့နှင့် ဝန်ကျိုးမြို့များကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းသစ်သည် ဇူလိုင် ၃၀ ရက်တွင် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။
ကီလိုမီတာ ၂၆၀ ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြင့် ပြေးဆွဲရန် ဒီဇိုင်းထုတ်ထားသော အဆိုပါ ရထားလမ်းတွင် ဘူတာရုံ ၉ ခုပါရှိကာ ယန်ဇီမြစ်ဝှမ်းဒေသရှိ စီးပွားရေးအချက်အချာများဖြစ်သော ဟန်ကျိုး၊ ရီဝူနှင့် ဝန်ကျိုး လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားလာမှုကို မြန်ဆန်စေမည်ဖြစ်သည်။
မြို့ချင်းချိတ်ဆက်ရထားလမ်းသည် ယန်ဇီမြစ်ဝှမ်းဒေသရှိ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ ဗိသုကာအနုပညာလက်ရာများကြောင့် “ကမ္ဘာမြေပေါ်က မိုးကောင်းကင်” ဟု ခေါ်ဝေါ်သော ဟန်ကျိုးမြို့၊ Xianhua တောင်၊ နန်ရှီးမြစ် စသည့် ကြွယ်ဝသောခရီးသွားအရင်းအမြစ်များကလည်း ထိုရထားလမ်းနှင့် ချိတ်ဆက်နေကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
New high-speed railway launched to boost integration of China’s Yangtze River Delta
HANGZHOU, July 30 (Xinhua) — A new high-speed railway went into trial operation on Tuesday linking two economic heavyweights of Hangzhou and Wenzhou cities in east China’s Yangtze River Delta region.
Extending 260 km, the railway with a designed speed of 350 km per hour has nine stations, offering a rapid transit solution along the route threading the economic hubs of Hangzhou, Yiwu and Wenzhou in the delta area known as one of the country’s most economically vibrant regions.
The inter-city railway is hooked with the high-speed railway network in the delta region. Rich tourism resources including Hangzhou, a city dubbed “Heaven on Earth” for its architectural delights, as well as Xianhua Mountain and Nanxi River are connected to the line.
Photo: A trial bullet train runs past Pujiang Railway Station on the new high-speed railway linking Hangzhou and Wenzhou in Jinhua, east China’s Zhejiang Province, July 30, 2024. (Photo by Hu Xiaofei/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.