Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ အရှေ့တောင်အာရှဒေသ၏ ပထမဆုံး လျှပ်စစ်ကားဘက်ထရီစက်ရုံ ဖွင့်လှစ်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ကာရာဝမ်မြို့ရှိ လျှပ်စစ်ကားဘက်ထရီစက်ရုံဖွင့်ပွဲအခမ်းအနား တက်ရောက်လာသော သမ္မတဂျိုကို ဝီဒိုဒို (ဝဲဘက် ပဥ္စမ)ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် အရှေ့တောင် အာရှဒေသ၏ ပထမဆုံးလျှပ်စစ်ကား ဘက်ထရီစက်ရုံကို
အနောက်ဂျာဗားပြည်နယ် ကာရာဝမ်မြို့တွင် ဇူလိုင် ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယင်းစက်ရုံသည် အင်ဒိုနီးရှား ဘက်ထရီကော်ပိုရေးရှင်း၊ တောင်ကိုရီးယားနိုင်ငံမှ ဟွန်ဒိုင်းကားကုမ္ပဏီနှင့် အယ်လ်ဂျီဘက်ထရီထုတ်လုပ်ရေး လုပ်ငန်းတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ယခုဖွင့်လှစ်သည့် လျှပ်စစ်ကား ဘက်ထရီစက်ရုံသည် အရှေ့တောင်အာရှဒေသ၏ ပထမဆုံးနှင့် အကြီးဆုံး လျှပ်စစ်ကားဘက်ထရီစက်ရုံ ဖြစ်သောကြောင့် အခြားနိုင်ငံများနှင့် ယင်းလုပ်ငန်းတွင် ယှဉ်ပြိုင်ပါက အနိုင်ရရှိမည်ဟု မိမိယုံကြည်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားထောက်ပံ့ရေး လမ်းကြောင်းတွင် အပြည်ပြည်ဆိုင်ရာမှ
ပူးပေါင်းပါဝင်မှုဖြင့် အရေးပါသည့်နေရာမှ ရပ်တည်ရေးအတွက် အသင့်ရှိကြောင်း ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Luhut Binsar Pandjaitan ကပြောကြားသည်။
ယခုဆောင်ရွက်ချက်သည် နိုင်ငံအတွင်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန်၊ လေထုအရည်အသွေးမြှင့်တင်ရေးနှင့် နိုင်ငံသားများ၏ လူနေမှုဘဝမြှင့်တင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ (Xinhua)

…………………………
(English Version)
Indonesia inaugurates Southeast Asia’s first EV battery plant
JAKARTA, July 4 (Xinhua) — Indonesia, home to the world’s largest nickel reserves, inaugurated Southeast Asia’s first electric vehicle battery manufacturing plant in Karawang, West Java Province, on Wednesday.
Owned by HLI Green Power, the plant is a joint venture between Indonesia Battery Corporation and South Korean automaker Hyundai, alongside battery manufacturer LG Energy Solution.
“This is Southeast Asia’s first and largest EV battery cell plant. I am confident we can win against other countries with this,” said Indonesian President Joko Widodo during the ceremony.
With abundant reserves of nickel, bauxite, and copper, coupled with integrated smelter and precursor industries, Indonesia aims to dominate the electric vehicle market.
The initial 1 billion U.S. dollars investment will produce 10 GWh of battery cells, enough to power 150,000 electric vehicles, with plans for expansion to 20 GWh in the future.
At the same ceremony, Coordinating Minister for Maritime Affairs and Investment Luhut Binsar Pandjaitan said Indonesia’s readiness to become a key player in the global supply chain for electric vehicles with an integrated ecosystem involving international stakeholders.
Luhut added that this effort is aimed at reducing carbon emissions while also improving air quality and the quality of life for people.■
Indonesian President Joko Widodo (5th L) attends the inauguration ceremony of an electric vehicle battery manufacturing plant in Karawang, West Java Province, Indonesia, July 3, 2024. (Xinhua/Zulkarnain)