Connect with us

China

ကမ္ဘာကြီးက သမိုင်းကြောင်း၏ လမ်းဆုံလမ်းခွတွင် တစ်ဖန်ပြန်လည်ရောက်ရှိနေကြောင်း သမ္မတ ရှီပြော

အက်စ်တာနာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ကမ္ဘာကြီးသည် ရာစုနှစ်အတွင်း မကြုံတွေ့ဖူးသော ပြောင်းလဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် လူသားမျိုးနွယ်အဖွဲ့အစည်းအနေဖြင့် သမိုင်းကြောင်း၏ လမ်းဆုံလမ်းခွများပေါ် တစ်ဖန်ပြန်လည်ရောက်ရှိနေကြောင်း သမ္မတ ရှီကျင့်ဖိန်က ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ဇူလိုင် ၄ ရက်၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံ့ခေါင်းဆောင်များကောင်စီ ၂၄ ကြိမ်မြောက်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။
SCO အဖွဲ့သည် လွန်ခဲ့သော ၂၃ နှစ်အကြာ စတင်တည်ထောင်ချိန်မှစ၍ အဖွဲ့ဝင် ၁၀ နိုင်ငံအထိ ရှိလာပြီဖြစ်ရာ SCO ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်မှာလည်း SCO “မိသားစုကြီး” အဖြစ် ပိုမိုတောင့်တင်းခိုင်မာလာခဲ့ပြီး ကမ္ဘာတစ်ဝန်း တိုက်ကြီး ၃ ခုကို လွှမ်းခြုံထားသည့်အဖွဲ့ဝင်များ တိုးပွားလျက်ရှိကြောင်း သမ္မတ ရှီက ဆိုသည်။
ထို့ပြင် SCO သည် သမိုင်း၏ မှန်ကန်သောဘက်၊ ညီမျှမှုူနှင့် တရားမျှတမှုဘက်၌ ရပ်တည်လျက်ရှိပြီး ကမ္ဘာကြီး၏ ကြီးမားအရေးပါမှုလည်း ဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Xi says the world is standing at a crossroads of history again
ASTANA, July 4 (Xinhua) — As the world is faced with accelerating changes unseen in a century, the human society is standing at a crossroads of history again, Chinese President Xi Jinping addressed the 24th Meeting of the Council of Heads of State of the Shanghai Cooperation Organization (SCO) in Astana on Thursday.
Noting that the organization has had its 10th member state since its establishment 23 years ago, Xi said the foundation for SCO cooperation has become more solid as the SCO “big family” has growing membership which covers three continents around the world.
Xi pointed out that the SCO stands on the right side of history, fairness and justice, and is of great significance to the world.