Connect with us

Asia

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လူဦးရေ ၁.၆ သန်းကျော် ရေဘေးဒဏ်ခံစားရ၊ သေဆုံးသူ ၄၆ ဦးအထိ မြင့်တက်လာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် မိုရီဂါအွန်ခရိုင်ရှိ ရေဘေးဒဏ်သင့်နေရာတွင် ရေနစ်မြုပ်သောနေအိမ်အနီး လှေလှော်နေသော ကျေးရွာသားများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၁.၆ သန်းကျော် ထိခိုက်ခဲ့ရပြီး သေဆုံးသူ ၄၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၄ ရက်၌ ပြောကြားခဲ့သည်။
ယင်းပြည်နယ်ရှိ ခရိုင် ၂၉ ခုတွင် ဖြစ်ပွားသော ရေကြီးရေလျှံမှု အခြေအနေမှာ ဆက်လက်ဆိုးဝါးနိုင်ဖွယ်ရှိကြောင်း သိရသည်။
‌ရေကြီးရေလျှံမှုဒဏ်ခံရသော ခရိုင်များရှိ ကျေးရွာ ၂,၈၀၀ ရေနစ်မြုပ်ခဲ့ပြီး ကောက်ပဲသီးနှံဧရိယာ ၃၉,၄၅၁ ဟက်တာကျော် ပျက်စီးခဲ့ကြောင်း အာသံပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (ASDMA) ထံမှ သိရသည်။ (Xinhua)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် မိုရီဂါအွန်ခရိုင်ရှိ ရေဘေးဒဏ်သင့်နေရာတွင် တစ်စိတ်တစ်ပိုင်း ရေနစ်မြုပ်သောနေအိမ်ပေါ်တက်နေသည့် ကျေးရွာသားများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

……………………………………..
(English Version)
Floods affect over 1.6 million in India’s Assam as death toll rises to 46
NEW DELHI, July 5 (Xinhua) — The ongoing floods in India’s northeastern state of Assam have affected over 1.6 million people and so far killed 46, officials said Thursday.
The situation continues to be grim in the flood-hit 29 districts of the state. According to Assam State Disaster Management Authority (ASDMA), 2,800 villages are inundated and over 39,451 hectares of crop area have been damaged across the affected districts.
Photo 1: Villagers row a boat near a submerged house at the flood affected area in Morigaon district of India’s northeastern state of Assam, July 3, 2024. (Str/Xinhua)
Photo 2, 3, 4: Villagers take shelter on the top of their partially submerged hut in a flood affected area in Morigaon district of India’s northeastern state of Assam, July 3, 2024. (Str/Xinhua)