Connect with us

China

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မောင်းသူမဲ့လေယာဉ်တင်ပို့မှု ထိန်းချုပ်ရေး ချိန်ညှိပြင်ဆင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၄ ခုနှစ် တရုတ်ကုန်အမှတ်တံဆိပ်နေ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ကုန်အမှတ်တံဆိပ်များပြပွဲအတွင်း ရှန်ဟိုင်းပြခန်း၌ UAV မော်ဒယ်တစ်မျိုးကို ကြည့်ရှုနေသူများအား ၂၀၂၄ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက မောင်းသူမဲ့လေယာဉ်များ (UAVs) ထိန်းချုပ်ရေးဆောင်ရွက်မှုများကို ချိန်ညှိပြင်ဆင်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၃၁ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ချိန်ညှိပြင်ဆင်မှုများတွင် infrared thermal-imaging ကိရိယာများနှင့် ပစ်မှတ်ညွှန်ပြသည့်လေဆာများ စသည့် မောင်းသူမဲ့လေယာဉ်များ၏ အရေးကြီးသောအစိတ်အပိုင်း စံနှုန်းများဆိုင်ရာစီမံမှုကို ပြန်လည်သုံးသပ်ခြင်းလည်း ပါဝင်ကြောင်း MOC ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ထိန်းချုပ်မှုအတွင်း တိကျမှုမြင့်မားသော inertial-measurement ကိရိယာလည်း ပါဝင်မည်ဖြစ်ပြီး အပျော်တမ်းသုံးအဆင့် ဒရုန်းများအပေါ် ယာယီထိန်းချုပ်မှုများကိုမူ ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ချိန်ညှိပြင်ဆင်မှုတွင် အရပ်ဘက်သုံးဒရုန်းများ တင်ပို့မှုများအားလုံးကိုလည်း တားမြစ်ကြောင်း၊ ထိုဒရုန်းများကို လူအများအပြားသေဆုံးမှု၊ အကြမ်းဖက်လုပ်ငန်းများ သို့မဟုတ် စစ်ရေးရည်ရွယ်ချက်များ၌ လက်နက်အဖြစ်ပြန်လည်အသုံးပြုရန် တင်ပို့ခြင်းမဟုတ်ကြောင်း MOC ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အထက်ပါမူဝါဒများသည် ယခုနှစ် စက်တင်ဘာ ၁ ရက်တွင် အသက်ဝင်လာမည်ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China’s commerce ministry adjusts UAV export controls
BEIJING, July 31 (Xinhua) — China has adjusted its export control measures on unmanned aerial vehicles (UAVs), a spokesperson with the Ministry of Commerce (MOC) said Wednesday.
The adjustment includes the revision of management standards for certain important components of UAVs, such as infrared thermal-imaging devices and target-indicating lasers, according to an MOC statement.
Additionally, high-precision inertial-measurement equipment will be included within the scope of control, while temporary controls on specific consumer-grade drones will be lifted.
Furthermore, the adjustment prohibits the export of all civilian drones that are not subject to export controls but are for use in the proliferation of weapons of mass destruction, terrorist activities or military purposes.
The aforementioned policies will be effective from Sept. 1 this year.
Photo: People watch a UAV model at the booth of Shanghai during a China brands exposition as part of the 2024 China Brand Day events in Shanghai, east China, May 12, 2024. (Xinhua/Fang Zhe)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.