Connect with us

China

ပေကျင်းက နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ကြိုတင်ငွေပေးချေမှုကတ်များ ထုတ်ပေး

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့တွင် နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ဘက်စုံသုံးကတ် Beijing Pass ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းက နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ဘက်စုံသုံးကတ် Beijing Pass ကို ဇူလိုင် ၃၁ ရက်တွင် မိတ်ဆက်ခဲ့ကြောင်း၊ ခရီးသွားများအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားနေရာများနှင့် ဈေးဝယ်စင်တာများ၌ ငွေပေးချေရာတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။
အများဆုံး ငွေပမာဏ ယွမ် ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၀.၁၆ ခန့်) ရှိသော Beijing Pass သည် Beijing Subway ၊ ပေကျင်းမြို့အတွင်းရှိ မြေအောက်ရထားလိုင်းများနှင့် အငှားယာဉ်များအတွက် ကတ်ဖြင့် ငွေပေးချေခြင်းကိုသာမက တရုတ်နိုင်ငံတစ်ဝန်း ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဆန်းကျန့်နှင့် နန်ကျင်း စသည့် အဓိကခရီးသွားနေရာများ အပါအဝင် မြို့ပေါင်း ၃၀၀ ကျော်ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးတွင်လည်းပဲ အသုံးပြုနိုင်‌မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာခရီးသွားဧည့်သည်များအနေဖြင့် ပေကျင်းမြို့တော်ရှိ နွေရာသီနန်းတော်၊ ကောင်းကင်ဘုံဘုရားကျောင်းနှင့် မဟာတံတိုင်းကြီး၏ Badaling အပိုင်း စသည့် နာမည်ကျော်ခရီးသွားနေရာ ၃၀ ကျော်တွင် လက်မှတ်ဝယ်ယူရာ၌လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ဇူလိုင် ၃၁ ရက်မှစ၍ နိုင်ငံတကာခရီးသွားဧည့်သည်များအနေဖြင့် Beijing Pass ကတ်ကို ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပေကျင်းတာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပေကျင်းဘူတာ အပါအဝင် ပေကျင်းမြို့ရှိ နေရာ ၁၅ ခုတွင် တရားဝင်အထောက်အထားဖြင့် ငွေပေးချေခြင်း သို့မဟုတ် ငွေဖြည့်ခြင်း ဆောင်ရွက်နိုင်ပြီဖြစ်သည်။ (Xinhua)
…………………….
(English Version)
Beijing issues prepaid cards for international visitors
BEIJING, July 31 (Xinhua) — The Chinese capital introduced the Beijing Pass, a multi-purpose card for international visitors, on Wednesday, facilitating their payment for transportation, tourist sites and shopping centers.
With a maximum balance of 1,000 yuan (about 140.16 U.S. dollars), the Beijing Pass not only supports card payments for the Beijing Subway, suburban railways and taxis within Beijing, but also for public transportation in over 300 cities across China, including major tourist destinations like Shanghai, Guangzhou, Shenzhen and Nanjing.
Moreover, international visitors can also use the card to purchase tickets for 30 popular tourist attractions in Beijing, such as the Summer Palace, the Temple of Heaven and the Badaling section of the Great Wall.
Starting on Wednesday, international visitors can purchase or refund the Beijing Pass at 15 locations in Beijing, including Beijing Capital International Airport, Beijing Daxing International Airport and Beijing Railway Station, with a valid ID.
Photo: This photo taken on July 31, 2024 shows Beijing Pass, a multi-purpose card for international visitors, in Beijing, capital of China. (Xinhua)