Connect with us

China

တရုတ်ပြည်တွင်းရုပ်ရှင် ဟာသဇာတ်မြူး “Successor” က ရုပ်ရှင်လက်မှတ်ရောင်းအားစာရင်းတွင် ဆက်လက်ဦးဆောင်နေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Gejiu မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံတွင်ရုပ်ရှင်ကြော်ငြာပိုစတာအနီး ဖြတ်သန်းသွားလာသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်တွင်းရုပ်ရှင် ဟာသဇာတ်မြူး “Successor” ဇာတ်ကားသည် တရုတ်ပြည်မကြီး၌ ဩဂုတ် ၁၃ ရက် နေ့စဉ်လက်မှတ်ရောင်းအားစာရင်းထိပ်ဆုံးတွင် ဆက်လက်ရှိနေပြီး ဝင်ငွေ ယွမ် ၂၂.၀၂ သန်း (အမေရိကန်ဒေါ်လာ ၃.၀၈ သန်းခန့်) ရရှိခဲ့ကြောင်း တရုတ်ရုပ်ရှင်အချက်အလက်ကွန်ရက်ထံမှ သိရသည်။
အဆိုပါ ဇာတ်ကား၏နောက်တွင် “White Snake: Afloat” ဟူသော တရုတ်အန်နီမေးရှင်းဇာတ်ကားက ဒုတိယနေရာ၌ရှိကာ ဩဂုတ် ၁၃ ရက် နေ့စဉ် ရုပ်ရှင်လက်မှတ်ရောင်းအား ဝင်ငွေ ယွမ် ၁၉.၀၈ သန်းဖြင့် ဒုတိယနေရာမှာ ရှိနေသည်။

ထို့ပြင် ဖြစ်ရပ်မှန် ဒရာမာဇာတ်ကားဖြစ်သော”Upstream” ရုပ်ရှင်ကို ဩဂုတ် ၉ ရက်တွင် ရုံတင်ပြသခဲ့ရာ ဩဂုတ် ၁၃ ရက် လက်မှတ်ရောင်းအားဝင်ငွေစာရင်းတွင် ယွမ် ၁၈.၇၁ သန်းဖြင့် တတိယနေရာရယူထားကြောင်း သိရသည်။
တရုတ်ပြည်မကြီးတွင် ဩဂုတ် ၁၃ ရက်က စုစုပေါင်း ရုပ်ရှင်လက်မှတ်ရောင်းအားဝင်ငွေသည် ယွမ် ၈၃ သန်း ရှိကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Domestic comedy “Successor” continues to lead China’s box office chart
BEIJING, Aug. 14 (Xinhua) — Domestic comedy “Successor” stayed atop of the Chinese mainland’s daily box office on Tuesday, grossing approximately 22.02 million yuan (about 3.08 million U.S. dollars), according to the China Movie Data Information Network.
It was followed by the Chinese animated film “White Snake: Afloat” on the daily box office chart, which raked in about 19.08 million yuan on Tuesday.
Realistic drama “Upstream,” which debuted on Aug. 9, came in third with 18.71 million yuan in revenue on Tuesday.
The total box office revenue on the Chinese mainland on Tuesday was 83 million yuan.
Photo: A citizen walks past a movie poster at a cinema in Gejiu City, southwest China’s Yunnan Province, Feb. 15, 2024. (Photo by Xue Yingying/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.