Connect with us

China

ရှီနှင့် Lam တွေ့ဆုံ‌ကာ တရုတ်-ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်း တိုးတက်ရေးအတွက် လမ်းညွှန်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်၊ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ To Lam နှင့် ဇနီး Ngo Phuong Ly တို့ ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ To Lam အား ပေကျင်းမြို့တွင် ဩဂုတ် ၁၉ ရက်က လက်ခံတွေ့ဆုံခဲ့သည်။
ရှီက တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးလာရောက်သော Lam ကို ကြိုဆိုကြောင်းနှင့် CPV ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်ခံရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ထပ်မံပြောကြားခဲ့သည်။
ယနေ့ကမ္ဘာပေါ်ရှိ အာဏာရ ကွန်မြူနစ်ပါတီနှစ်ရပ်အနေဖြင့် CPC နှင့် CPV တို့သည် မိမိတို့၏ အစဉ်အလာရှိနှင့်ပြီးသော ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းသွားကာ ဘုံမစ်ရှင်ကို စိတ်ဝယ်မှတ်သားထားမည်ဖြစ်ကြောင်း၊ ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ်စနစ်၏ ဦးဆောင်မှုကို လိုက်နာစောင့်ထိန်းမည်ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် အရေးပါမှုကို ဆောင်ကြဉ်းပေးသည့် တရုတ်-ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲမြှင့်တင်မည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
ထို့နောက် ဗီယက်နမ်နိုင်ငံ သမ္မတ Lam က CPV နှင့် ဗီယက်နမ်နိုင်ငံ အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံအား ဗီယက်နမ်၏ နိုင်ငံခြားရေးမူဝါဒ ထိပ်တန်းဦးစားပေးနှင့် မဟာဗျူဟာမြောက် ရွေးချယ်မှုအဖြစ် မှတ်ယူကြောင်း၊ ဗီယက်နမ်နိုင်ငံက ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် ဆိုရှယ်လစ်လမ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကာ ဗီယက်နမ်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းမှုရှိစေရန်နှင့် မဟာဗျူဟာမြောက် အရေးပါမှုကို ဆောင်ကြဉ်းပေးမည့် ဗီယက်နမ်-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ရှေ့ဆက်တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………………………..
(English Version)
Xi, Lam hold talks, guiding development of China-Vietnam community with shared future
BEIJING, Aug. 19 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee and Chinese president, held talks with To Lam, general secretary of the Communist Party of Vietnam (CPV) Central Committee and Vietnamese president, on Monday in Beijing.
Xi welcomed Lam’s state visit to China and once again congratulated him on his election as general secretary of the CPV Central Committee.
As two of the ruling Communist parties in today’s world, the CPC and the CPV should uphold and continue their traditional friendship, keep in mind their common mission, adhere to the leadership of the Communist party and the socialist system, continue to deepen the building of the China-Vietnam community with a shared future that carries strategic significance, and jointly promote the development of the world socialist cause, Xi said.
The CPV and the Vietnamese government always attach importance to developing relations with China and regard China as the strategic choice and top priority of Vietnam’s foreign policy, Lam said, noting that the Vietnamese side will adhere to the leadership of the Communist party and the socialist path, deepen the Vietnam-China comprehensive strategic cooperative partnership, and push forward the building of the Vietnam-China community with a shared future that carries strategic significance.
Photo 1: Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, and his wife Peng Liyuan pose for a group photo with To Lam, general secretary of the Communist Party of Vietnam Central Committee and Vietnamese president, who is on a state visit to China, and his wife Ngo Phuong Ly prior to the talks between Xi and Lam in Beijing, capital of China, Aug. 19, 2024. (Xinhua/Xie Huanchi)