Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ခုနှစ်လအတွင်း စီးပွားရေးလုပ်ငန်းအသစ် ၉၅,၂၀၀ ကျော် စတင်အကောင်အထည်ဖော်ဆောင်ရွက်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဖိနပ်ကုမ္ပဏီ၏ အလုပ်ရုံတွင် ပြည်ပပို့မည့် ဖိနပ်များ ထုတ်လုပ်နေသော အလုပ်သမားများကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ၂၀၂၄ ခုနှစ် ပထမခုနစ်လအတွင်း စီးပွားရေးလုပ်ငန်းအသစ် ၉၅,၂၀၀ ကျော်ကို စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယမန်နှစ်ကထက် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဗီယက်နမ်အထွေထွေ စာရင်းအင်းရုံး၏ အချက်အလက်များအရ သိရသည်။

စီးပွားရေးလုပ်ငန်းများ၏ စုစုပေါင်း စာရင်းဝင်အရင်းအနှီးသည် ဗီယက်နမ်ဒေါင် ၈၅၄ ဒသမ ၆ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၉ ဘီလီယံ) သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း သိရသည်။
ဝန်ဆောင်မှုကဏ္ဍတွင် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ စက်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၄ ဒသမ ၈ရာခိုင်နှုန်း အသီးသီးမြင့်တက်လာသည်။
သို့သော် စိုက်ပျိုးရေး၊ သစ်တော နှင့် ရေလုပ်ငန်းကဏ္ဍတွင် ယခင် နှစ်ကာလတူထက် ၂ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျကြောင်းသိရသည်။
ဇန်နဝါရီနှင့် ဇူလိုင်လအကြားတွင် ယခင်က လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့သော ကုမ္ပဏီပေါင်း၄၄,၃၀၀ နီးပါးသည် ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်စတင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………….
(Englisih Version)
Over 95,200 firms newly established in Vietnam in 7 months
HANOI, Aug. 1 (Xinhua) — More than 95,200 new enterprises were established in Vietnam in the first seven months of 2024, a year-on-year increase of 6.3 percent, according to the General Statistics Office.
The combined registered capital of those businesses reached 854.6 trillion Vietnamese dong (33.9 billion U.S. dollars), increasing 2.4 percent year on year.
The number of new firms established in the period rose 6.8 percent in the services sector, 4.8 percent in the industry and construction sector, and decreased 2.8 percent in the agriculture, forestry and fishery sector compared to the same period last year.
Between January and July, nearly 44,300 firms that previously ceased operations resumed their activities.■
Workers make shoes for export at a workshop of the footwear company in Hanoi, Vietnam, April 1, 2022. (VNA/Handout via Xinhua)