Connect with us

China

တရုတ်နိုင်ငံအတွက် အောင်မြင်မှုဂုဏ်ဆောင်ခဲ့ကြသော အိုလံပစ်အားကစားသမားများကို သမ္မတ ရှီ ချီးကျူးဂုဏ်ပြု

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၌ ပါဝင်ခဲ့ကြသော တရုတ်အိုလံပစ်အားကစားကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် အမှာစကားပြောကြားနေသည်ကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပဲရစ်အိုလံပစ်အားကစားပွဲတွင် တရုတ်အိုလံပစ်အားကစားသမားများက နိုင်ငံနှင့် ပြည်သူများအတွက် အောင်မြင်မှုဂုဏ်ဆောင်နိုင်သူများဖြစ်ကြောင်း ပြောကြားလျက် ၎င်းတို့၏ စွမ်းဆောင်မှုနှင့် အားကစားသမားစိတ်ဓာတ်ကို ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၊ တရုတ်အိုလံပစ်အားကစား ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီကျင့်ဖိန်က အိုလံပစ်အားကစားသမားများသည် တရုတ်နိုင်ငံကို အားကစား၌ အင်အားကြီးမားသောနိုင်ငံအဖြစ် တည်ဆောက်ရေး တစ်ဆင့်တိုးကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံအသင်းသည် ပဲရစ်အိုလံပစ်အားကစားပွဲတွင် ရွှေတံဆိပ် ၄၀ ခု၊ ငွေတံဆိပ် ၂၇ ခုနှင့် ကြေးတံဆိပ် ၂၄ ခု ဆွတ်ခူးရရှိခဲ့ခြင်းဖြင့် နိုင်ငံရပ်ခြား နွေရာသီအိုလံပစ်အားကစားပွဲတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည်။

တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ အောင်မြင်သောစွမ်းဆောင်မှုက ခေတ်သစ်တွင် နိုင်ငံ၏ အင်အားကို အပြည့်အဝဖော်ပြလျက်ရှိကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
တရုတ်နိုင်ငံက ကမ္ဘာ့ဦးဆောင်အားကစားနိုင်ငံများအဆင့်တွင် ပါဝင်လာရခြင်းနှင့် အဓိက အိုလံပစ်အားကစားသမား ဖြစ်လာခြင်း၏ အခြေခံအကြောင်းရင်းမှာ နိုင်ငံ၏ အမျိုးသားအင်အား တိုးတက်လာခြင်းဖြစ်ကြောင်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ရှီက အားကစားလေ့ကျင့်ရာတွင် ခိုင်မာသောနည်းပညာ၊ ပစ္စည်းကိရိယာ ပံ့ပိုးပေးခြင်း၊ အားကစားမျိုးစုံတွင် အရည်အချင်းတိုးတက်စေရေးအတွက် ကောင်းမွန်သောပတ်ဝန်းကျင်နှင့် ကျယ်ဝန်းသောဖောင်ဒေးရှင်းရှိခြင်းကလည်း အရေးပါကြောင်း အလေးထားပြောခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမျိုးသားကြံ့ခိုင်မှုနှင့် အမျိုးသား ကျန်းမာရေးအဆိုပြုချက်များ နက်ရှိုင်းစွာပေါင်းစည်းမှု မြှင့်တင်ရေး၊ တရုတ်နိုင်ငံကို အားကစား၌ အင်အားကြီးနိုင်ငံနှင့် ခိုင်မာတောင့်တင်းသောနိုင်ငံအဖြစ် တည်ဆောက်ရေးပန်းတိုင်များဆီသို့ အစဉ်အမြဲဆောင်ရွက်ရေး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ လီရှီးနှင့် ဟန်ကျိန့်တို့ ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၌ ပါဝင်ခဲ့ကြသော တရုတ်အိုလံပစ်အားကစားအဖွဲ့နှင့် တွေ့ဆုံစဉ် အမှာစကားပြောကြားနေသည်ကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ လီရှီးနှင့် ဟန်ကျိန့်တို့ ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၌ ပါဝင်ခဲ့ကြသော တရုတ်အိုလံပစ်အားကစားအဖွဲ့နှင့် တွေ့ဆုံစဉ် အမှာစကားပြောကြားနေသည်ကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ လီရှီးနှင့် ဟန်ကျိန့်တို့ ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၌ ပါဝင်ခဲ့ကြသော တရုတ်အိုလံပစ်အားကစားအဖွဲ့နှင့် တွေ့ဆုံစဉ် အမှာစကားပြောကြားနေသည်ကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Xi hails Olympians for winning glory for country
BEIJING, Aug. 20 (Xinhua) — President Xi Jinping on Tuesday hailed Chinese Olympians for their performance and sportsmanship at the Paris Olympics, saying they have won glory for the country and the people.
Meeting China’s Olympic delegation for Paris 2024 at the Great Hall of the People, Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, urged the Olympians to make further efforts to build China into a sports powerhouse.
Team China clinched 40 gold, 27 silver and 24 bronze medals in Paris, marking their best performance at an overseas Summer Olympics.
Xi noted that the Chinese delegation’s excellent performance has fully demonstrated the country’s strength in the new era.
The fundamental reason why China has joined the ranks of the world’s leading sports nations and become a major Olympic player is the country’s growing national strength, he said.
He highlighted the importance of sound technological and material support for sports training, as well as a good environment and broad foundation for the development of talent in various sports.
He stressed that the country will continue to promote the deep integration of national fitness and national health initiatives, and move constantly toward the goals of building China into a sports powerhouse and healthy nation.
Photo 1: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, delivers an important speech during a meeting with China’s Olympic delegation for Paris 2024 at the Great Hall of the People in Beijing, capital of China, Aug. 20, 2024. (Xinhua/Xie Huanchi)
Photo 2, 3, 4: Party and state leaders Xi Jinping, Zhao Leji, Wang Huning, Cai Qi, Li Xi and Han Zheng meet with China’s Olympic delegation for Paris 2024 at the Great Hall of the People in Beijing, capital of China, Aug. 20, 2024. (Xinhua/Xie Huanchi)