Connect with us

China

ဥရောပသမဂ္ဂက လျှပ်စစ်မော်တော်ယာဉ်များအား မမျှမတ စည်းကြပ်ခွန်သတ်မှတ်မှုကို တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကန့်ကွက်

ပြည်ပသို့တင်ပို့မည့် လျှပ်စစ်မော်တော်ယာဉ်များအား တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် Taicang ဆိပ်ကမ်း၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ် (EV) များအား သွင်းကုန်စည်းကြပ်ခွန် ၃၆.၃ ရာခိုင်နှုန်းအထိ သတ်မှတ်မည့် ဥရောပကော်မရှင်၏ အစီအစဉ်အား တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း၊ တရုတ်ကုမ္ပဏီများ၏ တရားဝင်ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဥရောပကော်မရှင်က တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များအား အစိုးရအထောက်အပံ့ ရယူမှုအပေါ် ဆန့်ကျင်သည့် စုံစမ်းစစ်ဆေးမှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့ပြီးနောက် လွန်ခဲ့သည့်လ၌ တရုတ်လျှပ်စစ်မော်တော်ယာဉ် ကုမ္ပဏီများအား ယာယီသွင်းကုန်စည်းကြပ်ခွန် ၃၇.၆ ရာခိုင်နှုန်းအထိ ထပ်မံသတ်မှတ်ခဲ့သည်။

ဥရောပကော်မရှင်သည် အနည်းငယ်ပြင်ဆင်ထားသော စည်းကြပ်ခွန်နှုန်းထားများကို အပြီးသတ်အတည်ပြုမည့် မူကြမ်းအစီအစဉ်တစ်ရပ်ကို ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ကာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များအား ဥရောပကော်မရှင်က စုံစမ်းစစ်ဆေးသည့် လုပ်ငန်းစဉ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မျှတစွာယှဉ်ပြိုင်ရေးဟု အပေါ်ယံဟန်ဆောင်၍ မမျှတစွာ ယှဉ်ပြိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ယင်းစုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အတွင်း တရုတ်နိုင်ငံအစိုးရနှင့် လျှပ်စစ်မော်တော်ယာဉ် ကုမ္ပဏီများက ခိုင်လုံသော ဥပဒေကြောင်းဆိုင်ရာ စာချုပ်စာတမ်းများနှင့် အထောက်အထားများကို နည်းလမ်းအမျိုးမျိုးဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် လျော်ကန်မှုမရှိသကဲ့သို့ လိုက်လျောမှုမရှိသော ဥရောပဘက်မှ လုပ်ထုံးလုပ်နည်းများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စေ့စေ့စပ်စပ် ခုခံကာကွယ်ခဲ့သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဥရောပကော်မရှင်၏ လွဲမှားသော လုပ်ထုံးလုပ်နည်းများသည် ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ် ထောက်ပံ့ကွင်းဆက်၏ တည်ငြိမ်မှုနှင့် ဥရောပမှ ဝယ်ယူသုံးစွဲသူများ၏ အကျိုးစီးပွားကိုသာမက ဥရောပသမဂ္ဂ၏ စိမ်းလန်းသော အသွင်ကူးပြောင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက ထိုကိစ္စရပ်နှင့်စပ်လျဉ်း၍ ဇွန်လကုန်ကတည်းက လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ၁၀ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး ကုန်သွယ်ရေး အငြင်းပွားမှုများ အရှိန်မြင့်တက်မလာအောင် တားဆီးနိုင်ရေးအတွက် လက်တွေ့ကျသော အစီအမံများကို ကျင့်သုံးရန်လည်း ဥရောပသမဂ္ဂအား တိုက်တွန်းခဲ့သည်။ (Xinhua)

……………………..
(English Version)
China’s commerce ministry slams unfair EU tariffs on EVs
BEIJING, Aug. 20 (Xinhua) — China opposes the European Commission’s plan to slap import duties of up to 36.3 percent on Chinese electric vehicles (EVs), and will take all necessary measures to defend the legitimate rights and interests of Chinese enterprises, a spokesperson with the Ministry of Commerce said Tuesday.
Last month, the commission imposed provisional additional tariffs of up to 37.6 percent on Chinese EV makers, after it launched an anti-subsidy probe on Chinese EVs in October 2023.
On Tuesday, the commission published a draft plan to make those tariffs definitive, at slightly revised rates, subject to approval by EU member states.
The commission’s anti-subsidy investigation process on Chinese EVs did not comply with the rules of the World Trade Organization and was an act of “unfair competition” under the guise of “fair competition,” according to the spokesperson.
During the investigation process, the Chinese government and EV industry have provided hefty legal documents and evidence materials through various means such as questionnaires, written comments, and statements at hearings. They have comprehensively and thoroughly defended against the unreasonable and non-compliant practices of the European side, the spokesperson said.
The commission’s wrong practice will disrupt the stability of the global automotive supply chain and harm the interests of European consumers, said the spokesman, adding that it will also undermine the EU’s green transformation and global cooperation in addressing climate change.
Noting that the two sides have conducted more than 10 rounds of technical consultations on this case since the end of June, the spokesperson called on the EU to take practical measures to prevent the escalation of trade disputes. Enditem
English Caption
This aerial photo taken on July 11, 2023 shows new energy vehicles for export at a terminal of Taicang Port in east China’s Jiangsu Province. (Photo by Ji Haixin/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.