Connect with us

Asia

စင်ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါကာကွယ်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ တင်းတင်းကြပ်ကြပ်ဆောင်ရွက်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးချုပ် အပြင်ဘက်မြင်ကွင်းကို ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံသည် မျောက်ကျောက်ရောဂါဖြစ်ပွားသောဒေသများမှ ခရီးသွားများနှင့် ဝန်ထမ်းများအတွက် လေဆိပ်များနှင့် ပင်လယ်ထွက်ပေါက်စစ်ဆေးရေးဂိတ်များတွင် ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနှင့် စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) ထုတ်ပြန်ချက်အရ သိရသည်။
ခရီးသွားများအနေဖြင့် လေဆိပ်စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးအကြံပြုချက်များကို လိုက်နာကြရန်နှင့် ရောဂါကူးစက်မှုမှ ရှောင်ရှားနိုင်ရန် လိုအပ်သောတစ်ကိုယ်ရေကြိုတင်ကာကွယ်မှုများကို ‌ဆောင်ရွက်ရန် MOH က ပြောကြားထားသည်။
ခရီးသွားဧည့်သည်များအားလုံးအနေဖြင့် မျောက်ကျောက်ရောဂါနှင့် ဆက်စပ်သော ရောဂါလက္ခဏာများ၊ စင်ကာပူနိုင်ငံသို့ မလာရောက်မီ ခရီးသွားရာဇဝင်ကို တင်ပြရန်လိုအပ်သည်။ ဖျားနာခြင်း၊ အနီစက်ထွက်ခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါနှင့်ဆက်စပ်လက္ခဏာများရှိသူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန် လွှဲပြောင်းခြင်းခံရမည်ဖြစ်ကြောင်း MOH က ဖော်ပြထားသည်။
စင်ကာပူနိုင်ငံတွင် ယခုနှစ် ဩဂုတ် ၂၂ ရက်အထိ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၁၃ ဦးရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Singapore tightens surveillance measures to prevent mpox
SINGAPORE, Aug. 23 (Xinhua) — Singapore puts in place temperature and visual screening at airports and sea checkpoints for inbound travelers and crew members from mpox-affected areas on Friday, according to a statement issued by the Ministry of Health (MOH).
MOH called on travelers to follow the health advisories at air checkpoints and take the necessary personal precautions to avoid infection.
All travelers are required to report mpox-related symptoms and travel history before arriving in Singapore. People with fever, rash, or symptoms compatible with mpox will be referred for medical assessment, MOH said.
Singapore confirmed 13 mpox cases this year as of Thursday.
Photo: Photo taken on March 30, 2021 shows an exterior view of the headquarters of the World Health Organization (WHO) in Geneva, Switzerland. (Xinhua/Chen Junxia)