Connect with us

North America

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး တရုတ်နိုင်ငံသို့ လာရောက်မည်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ၏ ဖိတ်ကြားချက်အရ ဆူလီဗန်၏ ခရီးစဉ်လာရောက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
နှစ်ဘက်အနေဖြင့် တရုတ်-အမေရိကန် မဟာဗျူဟာမြောက်ဆက်ဆံရေး ဆွေးနွေးပွဲအသစ်ကိုလည်း ကျင်းပမည်ဟု မော်က ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
U.S. National Security Advisor to visit China
BEIJING, Aug. 24 (Xinhua) — U.S. National Security Advisor Jake Sullivan will visit China from August 27 to 29.
Sullivan’s visit is at the invitation of Wang Yi, member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Central Commission for Foreign Affairs, foreign ministry spokesperson Mao Ning said on Saturday.
According to Mao, the two sides will hold a new round of China-U.S. strategic communication.
Photo: Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, holds talks with U.S. National Security Advisor Jake Sullivan in Bangkok, Thailand, Jan. 26, 2024. (Xinhua/Wang Teng)