Connect with us

China

တရုတ်နိုင်ငံက ပထမဆုံး MA60 မီးသတ်လေယာဉ်များကို ဝယ်ယူသူထံလွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် မြို့တော် ရှီးအန်းတွင် MA60 မီးသတ်လေယာဉ် နှစ်စင်း ပို့ဆောင်ခြင်းအခမ်းအနားမြင်ကွင်းကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်တွင်းတွင်ထုတ်လုပ်သော MA60 မီးသတ်လေယာဉ်များ ပထမအသုတ်ကို အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနထံ ဩဂုတ် ၂၆ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း (AVIC) က ပြောကြားခဲ့သည်။
အဆိုပါ MA60 မီးသတ်လေယာဉ်နှစ်စင်းကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုလေယာဉ်များသည် တရုတ်နိုင်ငံ၏ အရေးပေါ်လေကြောင်းကယ်ဆယ်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်မည်ဟု နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်ရေး AVIC ထံမှ သိရသည်။
MA60 မီးသတ်လေယာဉ်သည် တောင်ပံအကြီးနှင့် အလယ်အလတ် အရွယ်အစားရှိသော လေယာဉ်အမျိုးအစားဖြစ်ကာ ဝေဟင်မီးသတ်ခြင်းနှင့် အခြားအရေးပေါ်ကယ်ဆယ်ရေးမစ်ရှင်များ ထမ်းဆောင်ရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါ လေယာဉ်သည် ရေပက်ဖျန်းခြင်းလုပ်ငန်း၊ တောမီးစောင့်ကြည့်ခြင်း၊ ဆက်သွယ်ရေးနှင့် ကြီးကြပ်ကွပ်ကဲရေး၊ ဝန်ထမ်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့သယ်ပို့ရေး စသည့်လုပ်ဆောင်ချက်များစွာ ပေါင်းစပ်ထည့်သွင်းထားသည်ဟု AVIC က ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/WqF


……………………………………..
(English Version)
China delivers first MA60 firefighting airplanes to customer
XI’AN, Aug. 26 (Xinhua) — The first batch of China’s independently-developed MA60 firefighting airplanes was delivered to the Ministry of Emergency Management on Monday, the Aviation Industry Corporation of China (AVIC) said.
The two MA60 firefighting airplanes were delivered in Xi’an, northwest China’s Shaanxi Province. They will play roles in the country’s emergency air-rescue sector, according to the AVIC, the country’s leading aircraft manufacturer.
The MA60 firefighting aircraft is a type of large and medium-sized fixed-wing plane that is tailored to serving aerial firefighting and other emergency rescue missions.
It integrates multiple functions such as water-dropping operations, fire monitoring, communications and command, personnel transportation and supply transportation, according to the AVIC.
Photo: This photo taken on Aug. 26, 2024 shows a scene at the delivery ceremony of two MA60 firefighting aircraft in Xi’an, capital of northwest China’s Shaanxi Province. (Xinhua/Zhang Bowen)