Connect with us

China

တရုတ်နိုင်ငံပြည်တွင်းထုတ် C919 လေယာဉ်ကို လေကြောင်းလိုင်းနှစ်ခုထံ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်း (COMAC) ၏ ထုတ်လုပ်ရေးစင်တာတွင် C919 ခရီးသည်တင်လေယာဉ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

Air China နှင့် China Southern Airlines တို့သည် ၎င်းတို့၏ ပထမဆုံး C919 လေယာဉ်များကို ရှန်ဟိုင်းမြို့တွင် ဩဂုတ် ၂၈ ရက်က လက်ခံရရှိခဲ့ရာ ပထမဆုံး ပြည်တွင်းထုတ်ခရီးသည်တင်လေယာဉ်က ဘက်စုံလုပ်ငန်းလည်ပတ်မှု အဆင့်သစ်သို့ ဝင်ရောက်လာသည့် အရေးပါသော အခိုက်အတန့်ဖြစ်လာခဲ့သည်။
Air China လေကြောင်းလိုင်းသည် business class တွင် ထိုင်ခုံ ၈ နေရာနှင့် economy class တွင် ထိုင်ခုံ ၁၅၀ နေရာ စုစုပေါင်း ထိုင်ခုံ ၁၅၈ နေရာပါဝင်သော extended-range ဗားရှင်း C919 လေယာဉ်အမျိုးအစားကို ရွေးချယ်ထားသည်။ China Southern Airlines ကမူ business class တွင် ထိုင်ခုံ ၈ နေရာ၊ premium economy တွင် ထိုင်ခုံ ၁၈ နေရာနှင့် economy class ၌ ထိုင်ခုံ ၁၃၈ နေရာ စုစုပေါင်း ၁၆၄ နေရာပါဝင်သည့် အဆင့်သုံးဆင့်ပါ standard-range ပုံစံလေယာဉ်ကို ရွေးချယ်ထားကြောင်း သိရသည်။
အဆိုပါ လေယာဉ်နှစ်စင်းလုံးတွင် အထူးထိုင်ခုံပုံစံများနှင့် ထိုင်ခုံဘက်စုံပါဝါစနစ်များ အ‌ပါအဝင် ပုံစံကျသော ခရီးသည်ထိုင်ခုံနေရာဖွဲ့စည်းမှုများ၊ ခရီးသည်များ သက်သောင့်သက်သာရှိမှုနှင့် လေယာဉ်ပြေးဆွဲမှု အဆင်ပြေချောမွေ့စေရေး စသည်တို့ကို အလေးထားထည့်သွင်းထားသည်။
လေယာဉ်လွှဲပြောင်းပေးအပ်ခြင်းကို ရှန်ဟိုင်း ဖူတုံခရိုင်ရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်း (COMAC) လေယာဉ်အပြီးသတ်တပ်ဆင်ရေးစက်ရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၄၁ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး မြို့ပြလေကြောင်းလုပ်ငန်းဈေးကွက်ဖြစ်လာရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
China’s home-made C919 jet marks operation milestone with dual airline delivery
SHANGHAI, Aug. 28 (Xinhua) — Air China and China Southern Airlines on Wednesday received their first C919 aircraft in Shanghai, marking a pivotal moment as the country’s first domestically produced large passenger aircraft enters a new phase of multi-operator deployment.
Air China has opted for an extended-range version of the C919, configured with 158 seats across two classes: 8 in business and 150 in economy. China Southern Airlines selected the standard-range model, featuring a three-class layout with 164 seats, including 8 in business, 18 in premium economy, and 138 in economy.
Both aircraft are equipped with tailored cabin configurations, including personalized seating and comprehensive in-seat power options, reflecting a focus on passenger comfort and operational flexibility.
The delivery was completed at the Commercial Aircraft Corporation of China (COMAC) final assembly facility in Shanghai’s Pudong district.
By 2041, China is expected to become the world’s largest single-country civil aviation market, according to the forecast.
Photo 1: This photo shows a view of the delivery ceremony of China’s large passenger aircraft C919 at a manufacturing center of Commercial Aircraft Corporation of China, Ltd. (COMAC) in Shanghai, east China, Aug. 28, 2024. (Xinhua/Fang Zhe)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.