Connect with us

Sino-Myanmar

တရုတ်-မြန်မာ ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် “နှလုံးသားမှ ပိုးလမ်းမ” နက်ရှိုင်းသော ပေါက်ဖော်မေတ္တာဖလှယ်ခြင်းနှင့် Care for the Future လှူဒါန်းမှု အခမ်းအနားကို ၂၀၂၄ ခုနှစ် သြဂုတ် ၂ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
“နှလုံးသားမှ ပိုးလမ်းမ” နက်ရှိုင်းသော ပေါက်ဖော်ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲနှင့် မြန်မာနိုင်ငံရှိ စာသင်ကျောင်းများအတွက် အားကစားပစ္စည်းများ လှူဒါန်းမှုအခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဩဂုတ် ၂ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD) ၊ မြန်မာ တရုတ် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးစင်တာတို့က ကြီးမှူးကျင်းပခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာကလေးများရန်ပုံငွေအဖွဲ့ရုံး၊ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ တရုတ်နှင့် မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အဖွဲ့အစည်းများစွာမှ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုရမည်ဖြစ်ကြောင်း၊ တရုတ်ပုံစံခေတ်မီမှုက ကမ္ဘာကြီးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ သယ်ဆောင်ပေးမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နိုင်ငံရေးရာသံမှူး Ms. Qiao Li က ထိုအခမ်းအနား၌ ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Liu Zhenzhong က ဖောင်ဒေးရှင်းအနေဖြင့် တရုတ်-မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် တတ်သိပညာရှင်များက ပညာရေးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်နှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ပိုမိုမြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များကလည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းများဖြစ်ကြကြောင်း နှစ်နိုင်ငံ၏ ကဏ္ဍအားလုံးအနေဖြင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် အားကစား စသည်တို့၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းကာ နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။
ထို့ပြင် အခမ်းအနားအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများ အပါအဝင် စာသင်ကျောင်း ၆ ကျောင်းထံ ဘောလုံး၊ ဘော်လီဘော စသည့် အားကစားပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
China-Myanmar friendship exchange event held in Yangon
YANGON, Aug. 2 (Xinhua) — An event to exchange China-Myanmar “Paukphaw” (fraternal) friendship and donate sports equipment to Myanmar schools was held at the China Cultural Center in Yangon, Myanmar on Friday.
The event was jointly organized by the China Cultural Center in Yangon, the China Foundation for Peace and Development, and the Myanmar Chinese Cooperation and Communication Center.
More than 100 people from various organizations, including the United Nations International Children’s Emergency Fund Office in Myanmar, relevant international organizations in Myanmar, Chinese and Myanmar non-governmental organizations, and enterprises participated in the event.
Qiao Li, counselor of the Chinese Embassy in Myanmar, said at the event that China-Myanmar cooperation is committed to benefiting their people. Chinese-style modernization will bring new opportunities to the development of Myanmar and the world at large.
Liu Zhenzhong, vice secretary-general of the China Foundation for Peace and Development, said that the foundation hopes to work with more Chinese and Myanmar non-governmental organizations, enterprises and think tanks to jointly promote practical cooperation in education and make more contributions to building a community with a shared future for China and Myanmar.
Representatives of Myanmar’s Ministry of Education and Ministry of Sports and Youth Affairs said that Myanmar and China are friendly neighbors and hoped that all sectors of the two countries will strengthen practical cooperation in culture, education and sports, and promote friendship between the two peoples.
During the event, six schools in Myanmar’s Yangon, including China-Myanmar friendship schools, received donated sports equipment such as footballs and volleyballs.