Connect with us

Africa & Middle East

အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ဟားမက်စ် စစ်ဘက်အကြီးအကဲအား သုတ်သင်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ပြောကြား

အနောက်ဘက်ကမ်းဒေသမြောက်ပိုင်းရှိ ဂျီနင်မြို့၌ စစ်ဆင်ရေးလုပ်ဆောင်စဉ်အတွင်း အစ္စရေးစစ်တပ်၏ ယာဉ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

အစ္စရေးသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ လအတန်ကြာအတွင်း အကြီးမားဆုံး စစ်ဆင်ရေးတစ်ရပ်ကို တတိယမြောက်နေ့အဖြစ် လုပ်ဆောင်စဉ်အတွင်း ဂျီနင်မြို့ရှိ ဟားမက်စ်အဖွဲ့၏ တပ်မှူးကို သုတ်သင်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ဩဂုတ် ၃၀ ရက်တွင် ကြေညာခဲ့သည်။
ယင်းကဲ့သို့ သုတ်သင်ခဲ့သူမှာ ဝါဆမ်ဟာဇမ်ဟု အမည်ရသော ဟားမက်စ်တပ်မှူးဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) နှင့် ရှင်းဘက်ထ် ပြည်တွင်းလုံခြုံရေးဌာနတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဟာဇမ်သည် ဂျီနင်မြို့၏ ဟားမက်စ်အကြီးအကဲဖြစ်ကာ အစ္စရေးနိုင်ငံသားများအား ဦးတည်သော ပစ်ခတ်တိုက်ခိုက်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများကို စီစဉ်ညွှန်ကြားရာတွင် ပါဝင်ပတ်သက်နေကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။
ဟာဇမ်သည် အပြန်အလှန်ပစ်ခတ်မှုအတွင်း လက်နက်များပါရှိသည့် မော်တော်ယာဉ်တစ်စီးထဲတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အခြား ဟားမက်စ်စစ်သွေးကြွနှစ်ဦးမှာမူ ၎င်းမော်တော်ယာဉ်ထဲမှ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ အစ္စရေးတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားခြင်း မရှိပေ။
အစ္စရေးစစ်တပ်က ဩဂုတ် ၂၈ ရက် အစောပိုင်းက အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းအနှံ့တွင် စစ်ဆင်ရေးတစ်ရပ်ကို အကြီးအကျယ်လုပ်ဆောင်ခဲ့ကာ နောင်တွင် အစ္စရေးအား တိုက်ခိုက်မှုများ မလုပ်ဆောင်နိုင်အောင် ဟန့်တားသည့်အနေဖြင့် ၎င်းစစ်ဆင်ရေးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ပြောကြားထားသည်။ လမ်းများ၊ နေအိမ်များနှင့် အခြေခံအဆောက်အအုံ ပျက်စီးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ပြောကြားထားကာ အစ္စရေးစစ်တပ်၏ စီးနင်းမှုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားသည်။
ယမန်နှစ် အောက်တိုဘာ ၇ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးက စစ်ပွဲစတင်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း အနောက်ဘက်ကမ်းဒေသ၌ လူပေါင်း ၆၅၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
…………………………..
(English Version)
Israel says kills Hamas military chief in West Bank’s Jenin
JERUSALEM, Aug. 30 (Xinhua) — Israel announced on Friday that it had killed Hamas’ commander in Jenin, the West Bank, on the third day of one of its largest assaults in the Israeli-occupied territory in months.
In a joint statement, the Israel Defense Forces and the Shin Bet domestic security agency identified the commander as Wassem Hazem. According to the Israeli military, Hazem was the head of Hamas in Jenin and was involved in orchestrating shooting and bombing attacks against Israelis.
Hazem was killed in a vehicle that contained weapons during a gunfight. Two other Hamas militants were killed by a drone while trying to escape from the car. No injuries were reported among Israeli forces.
Israel launched a large-scale raid across the northern West Bank early Wednesday, stating that the operation aims to prevent future attacks against Israel. Palestinian sources reported extensive damage to roads, homes, and infrastructure. The Palestinian Health Ministry has confirmed that 16 people have been killed in the raid.
More than 650 people have been killed in the West Bank since the start of Israel’s war in the Gaza Strip on Oct. 7 last year, according to the ministry. Enditem
English Caption
Israeli military vehicles are seen during an Israeli operation in the northern West Bank city of Jenin, on Aug. 28, 2024. (Photo by Nidal Eshtayeh/Xinhua)