Connect with us

China

သမ္မတ ရှီက တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု၊ သဘာဝအမွေအနှစ်ကို ထိန်းသိမ်းရန် အလေးထားပြောကြား

တရုတ်နိုင်ငံ မြို့တော် ‌ပေကျင်းရှိ Forbidden City ကို ၂၀၂၄ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သဘာဝရတနာများကို ထိန်းသိမ်းရန်နှင့် ခေတ်သစ်တွင် ယင်းတို့၏ နှစ်လိုဖွယ်အလှအပတရားကို ပြုပြင်ထိန်းသိမ်းရေး ထပ်ဆင့်တိုးကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းပြီး အကျိုးရှိစွာအသုံးချမှု အားကောင်းစေရန် ညွှန်ကြားချက်၌ ထည့်သွင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုနှင့် သဘာဝအမွေအနှစ် နှစ်ခုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၂၀၂၄ ခုနှစ် ဇူလိုင်လက ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီးနောက် အထက်ပါ ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
UNESCO သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ ၄၆ ကြိမ်မြောက် အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ပေကျင်းဗဟိုဝင်ရိုး၊ ပါးသန်းကျီလင်သဲကန္တာရရှိ သဲသောင်ပြင်များနှင့် ‌ရေကန်များ၊ မြစ်ဝါမြစ်-ပေါဟိုင်ပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ရွှေ့ပြောင်းငှက်ဘေးမဲ့တော (အပိုင်း ၂) စသည်တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းကြောင်း ကြေညာခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xi stresses preserving China’s cultural, natural heritage
BEIJING, Aug. 6 (Xinhua) — Chinese President Xi Jinping has urged further efforts to preserve the country’s cultural and natural treasures and renew their glamour in the new era.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks in an instruction on strengthening the protection, preservation and utilization of cultural and natural heritage.
The instruction was made after one cultural heritage and two natural heritages of China were inscribed on the World Heritage List by the United Nations Educational, Scientific and Cultural Organization (UNESCO) in July 2024.
UNESCO announced the inscription of Beijing Central Axis: A Building Ensemble Exhibiting the Ideal Order of the Chinese Capital, Badain Jaran Desert — Towers of Sand, and Lakes, and Migratory Bird Sanctuaries along the Coast of Yellow Sea-Bohai Gulf of China (Phase II) on its list at the 46th session of the UNESCO World Heritage Committee held in New Delhi, India.
Photo: This photo taken on May 31, 2024 shows a view of the Forbidden City in Beijing, capital of China. (Xinhua/Chen Yehua)