Connect with us

China

တရုတ်နိုင်ငံ၏ တောင်တန်းများဖြင့်ကာရံထားသောဒေသမှ ကလေးငယ်များကို မျှော်လင့်ချက်များ ရှင်သန်စေသည့် မြတ်ဆရာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Congjiang မြို့ ရှီးဆန်းမြို့နယ်ရှိ Zhongzhai စာသင်ကြားရေးနေရာတွင် ယောင်လူမျိုး ဒရမ်အက လေ့ကျင့်ရန် ကျောင်းသား/ကျောင်းသူများကို သင်ကြားပေးနေသည့် Meng Rongda ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အသက် ၅၉ နှစ်အရွယ် Meng Rongda သည် စာသင်ကျောင်းငယ်လေး၏ တစ်ဦးတည်းသော ကျောင်းဆရာဖြစ်သလို Congjiang ခရိုင်၊ ရှီးဆန်းမြို့နယ်လေးရှိ စာသင်ကြားရေးနေရာလေးကိုလည်း ပိုမိုဂရုတစိုက်စောင့်ရှောက်ပေးနေသူလည်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါ စာသင်ကြားရေးနေရာတွင် မူကြိုအရွယ် ကျောင်းသား/ကျောင်းသူ ၂၃ ဦး၊ ပထမတန်းနှင့် ဒုတိယတန်း ကျောင်းသား/ကျောင်းသူ ၁၇ ဦး ပညာသင်ကြားလျက်ရှိသည်။
Meng သည် တရုတ်စာနှင့် သင်္ချာဘာသာရပ်အပြင် ကာယပညာရေး (PE) နှင့် ကျေးလက်နေကလေးငယ်များ အသံအခြေခံပညာရေးရရှိနိုင်စေရန် ဂီတသင်ခန်းစာများကိုပါ တာဝန်ယူသင်ကြားပေးလျက်ရှိသည်။
ထို့ပြင် Meng သည် တောင်တန်းများဖြင့် ကာရံထားသောဒေသတွင် ၂၀၁၅ ခုနှစ်မှစ၍ စာသင်ကျောင်းငယ်လေးတွင် ကျောင်းဆရာ၊ ချက်ပြုတ်သူနှင့် ကြည့်ရှုစောင့်ရှောက်သူအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ပညာရေးက ကလေးငယ်များ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ခြင်းကြောင့် ၎င်းအ‌နေဖြင့် ကျေးလက်နေကလေးငယ်များအတွက် ဘဝအလင်းရောင်ရရှိစေရန် စိတ်နှစ်မြုပ်ကာ ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ (Xinhua)


……………………………
(English Version)
Teacher delivers hope to children in China’s landlocked mountains
GUIYANG, Sept. 9 (Xinhua) — Meng Rongda, 59, is the only teacher of a “mini-school,” more precisely a teaching site in Xishan Township of Congjiang County. At present, there are 23 preschool students and 17 pupils in the first and second grades.
Besides Chinese and math, Meng is also responsible for physical education (PE) and music courses to ensure rural children can also attain a sound basic education.
Meng has been working as a teacher, cook and caretaker at the mini-school since 2015 in the landlocked mountainous areas. To him, education can change the fate of children and therefore, he devotes himself to lighting up the way ahead for these rural children.
Photo 1: Meng Rongda teaches students to practice Yao ethnic drum dance at Zhongzhai teaching site in Xishan Township of Congjiang County, southwest China’s Guizhou Province, Sept. 6, 2024. (Xinhua/Yang Wenbin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.