Connect with us

China

တရုတ်နိုင်ငံ၏ နွေရာသီခရီးသွားကာလ ပြီးဆုံးသွားပြီဖြစ်ကာ ရထားစီးခရီးသည်ခရီးစဉ် စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံ မြောက်ပိုင်း၊ ထျန်းကျင်းမြို့နှင့် ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆက်သွယ်ထားသော ရထားလမ်းပိုင်းတွင် G8844 ကျည်ဆန်ရထားပေါ်၌ အလုပ်လုပ်နေသည့် ရထားဝန်ထမ်းတစ်ဦးအား ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၆၂ ရက်ကြာ နွေရာသီ ခရီးသွားကာလ ပြီးဆုံးသွားပြီဖြစ်ကာ မီးရထားကုမ္ပဏီများက ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ရထားစီးခရီးသည် ခရီးစဉ်ပေါင်း ၈၈၇ သန်းအထိ စံချိန်တင်ပြေးဆွဲခဲ့ပြီး ယမန်နှစ်ထက် ၆.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ မီးရထားလုပ်ငန်းစု ကုမ္ပဏီလီမိတက် (China Railway) က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ မီးရထားကုမ္ပဏီများက နေ့စဉ် ပျမ်းမျှခရီးစဉ် ၁၄.၃၁ သန်း ပြေးဆွဲခဲ့သည်ဟု China Railway ၏ အဆိုအရ သိရသည်။
ထို့အတူ ခရီးအသွားအလာများသည့် နွေရာသီခရီးသွားကာလအတွင်း ကျောင်းသားကျောင်းသူများအတွက် ရထားလက်မှတ်အစောင်ရေ ၁၄.၃၂ သန်းကျော် ရောင်းချပေးခဲ့ကြောင်းလည်း China Railway က ဆိုသည်။
ထိုကာလအတွင်း ကျောက်မီးသွေးတန်ချိန် သန်း ၂၅၀ အပါအဝင် ကုန်တန်ချိန်စုစုပေါင်း သန်း ၆၇၀ ကိုလည်း မီးရထားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရထားခရီးစဉ် ပြေးဆွဲမှုများ ဘေးကင်းစိတ်ချရပြီး စနစ်တကျရှိကာ တည်ငြိမ်စေရေးအတွက် ကုမ္ပဏီအနေဖြင့် သယ်ယူပို့ဆောင်ရေး စီမံချက်တစ်ရပ်ကို ပြင်ဆင်ချမှတ်ကာ ပြေးဆွဲနိုင်သော ပမာဏကို တိုးမြှင့်လျက် ခရီးသည်များအတွက် အဆင်ပြေစေမည့် အစီအမံများကို ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ကျောင်းသားများသည် နွေရာသီကျောင်းပိတ်ရက်တွင် နေရပ်ပြန်လေ့ရှိသည့်အပြင် ထိုကာလအတွင်း မိသားစုလိုက် ခရီးထွက်ခြင်းနှင့် အပျော်ခရီးထွက်မှုများလည်း ပိုများပြားလေ့ရှိသဖြင့် နွေရာသီ ခရီးသွားကာလသည် ပုံမှန်အားဖြင့် တရုတ်နိုင်ငံ၏ မီးရထားဝန်ဆောင်မှု စနစ်အတွက် အလုပ်များသော ကာလဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………
(English Version)
China’s summer rush ends with record high railway passenger trips
BEIJING, Sept. 1 (Xinhua) — China’s 62-day summer travel season has concluded, with the railways handling a record 887 million passenger trips between July 1 and Aug. 31, up 6.7 percent year on year, China State Railway Group Co., Ltd. (China Railway) said Sunday.
During the period, the daily average number of passenger trips handled by the country’s railways was 14.31 million, according to the company.
Meanwhile, more than 14.32 million student tickets were sold during the summer travel rush, according to the China Railway.
A total of 670 million tonnes of goods were also transported by railways, including 250 million tonnes of thermal coal, during the period, according to the company.
To ensure safe, orderly travel and stable operations, the company prepared a transportation plan, increased capacity and implemented passenger-friendly measures well in advance.
The summer travel rush is usually a busy season for the country’s railway system as college students return home for the summer vacation, while family visits and tourist trips also increase during the period. Enditem
English Caption
A train attendant works on the G8844 bullet train of a railway connecting north China’s Tianjin Municipality with the Beijing Daxing International Airport on July 6, 2024. (Xinhua/Li Ran)