Connect with us

Eastern Europe

Ocean 2024 မဟာဗျူဟာမြောက် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံ စတင်ပြုလုပ်

ဘောလ်တစ်ပင်လယ်၌ ပြုလုပ်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်သော ရုရှားစစ်သင်္ဘောတစ်စင်းအား ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်တွင် ထုတ်ပြန်သော ဗီဒီယိုကို screenshot ဖမ်းယူထားသည့်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရုရှားရေတပ်သည် Ocean 2024 ဟုအမည်ရသော မဟာဗျူဟာမြောက် အကြီးစားစစ်ရေးလေ့ကျင့်မှုကို အစီအစဉ်အတိုင်း စတင်ပြုလုပ်ခဲ့ကာ ယင်းစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၆ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ဒီစစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၄ ခုနှစ်အတွင်း ရုရှားစစ်တပ်ရဲ့ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်မှုရဲ့ အရေးအပါဆုံး အစီအစဉ်တစ်ရပ် ဖြစ်လာမှာပါ” ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများအတွင်း စစ်သင်္ဘော၊ ရေငုပ်သင်္ဘောနှင့် ထောက်ပို့သင်္ဘော အစင်း ၄၀၀ ကျော်အပြင် ရေတပ်မှ လေယာဉ်အစင်း ၁၂၀ ကျော်၊ စစ်လက်နက်အမျိုးမျိုး၊ စစ်ဘက်အသုံးအဆောင်နှင့် အထူးစက်ကိရိယာ ၇,၀၀၀ ကျော်၊ တပ်ဖွဲ့ဝင်အင်အား ၉၀,၀၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ပစိဖိတ်သမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်၊ ကက်စပီယန်ပင်လယ်နှင့် ဘောလ်တစ်ပင်လယ်တို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ocean 2024 မဟာဗျူဟာမြောက် ကွပ်ကဲမှုနှင့် အမှုထမ်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားရေတပ်မှ အဆင့်မြင့်အရာရှိကြီးများ၏ လက်နက်ကိုင်တပ် အသီးသီးအား ကွပ်ကဲရန် အသင့်ရှိမှုနှင့် သမားရိုးကျမဟုတ်သော စစ်ဆင်ရေးတာဝန်များအား ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတို့ကို စမ်းသပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ထိုစစ်ရေးလေ့ကျင့်မှုသည် မိတ်ဖက်နိုင်ငံများ၏ ရေတပ်များနှင့်အတူ ပူးတွဲရေကြောင်းမစ်ရှင်များကို ထမ်းဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ (Xinhua)


………………………….
(English Version)
Russia launches large-scale Ocean 2024 strategic drills
MOSCOW, Sept. 10 (Xinhua) — The Russian navy has launched its planned large-scale Ocean 2024 strategic exercises, which will run through Sept. 16, the country’s defense ministry said in a statement Tuesday.
“The exercise will become one of the most important events of the Russian armed forces’ operational and combat training in 2024,” according to the defense ministry.
The defense ministry said over 400 warships, submarines and support vessels, as well as over 120 naval aircraft, 7,000 units of weaponry, military and special hardware, and more than 90,000 personnel, will participate in the exercises.
The drills will be conducted across the Pacific and Arctic Oceans, as well as the Mediterranean, Caspian, and Baltic Seas.
According to the ministry, the Ocean 2024 strategic command and staff exercise will test the readiness of the Russian Navy’s senior staff to command all-arms groups of forces and the ability to solve non-standard operational tasks. Russian forces will also practice the use of high-precision and modern weapons.
The drills also aim to “expand cooperation with the navies of partner countries to perform joint maritime missions,” added the ministry. Enditem
(English Caption)
Screenshot of footage released by the Russian Defense Ministry on June 5, 2023 shows a warship during a naval exercise in the Baltic Sea.