Connect with us

Eastern Europe

ပြင်သစ်အစိုးရအနေဖြင့် အချင်းဖြစ်ပွားမှုကို “ရွေးချယ်နိုင်ဖွယ် အရာအားလုံး”ဖြင့် တုန့်ပြန်ရန် စီစဉ်

ပြင်သစ်နိုင်ငံ Hauts-de-Seine ပြည်နယ် Nanterre မြို့၌ ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်က ဖြစ်ပွားသော အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
ပြင်သစ်နိုင်ငံ Hauts-de-Seine ပြည်နယ် Nanterre မြို့၌ ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်က ဖြစ်ပွားသော အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ရက်ဆက် ဖြစ်ပွားနေသည့် အဓိကရုဏ်းများကို “ရွေးချယ်နိုင်ဖွယ် အရာအားလုံး”ဖြင့် တုန့်ပြန်ရန် စီစဉ်နေကြောင်း ပြင်သစ်အစိုးရက ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်း ရူးဗေ့မြို့တွင် အဓိကရုဏ်းဖြစ်ပွားမှုအတွင်း မီးရှို့ဖျက်ဆီးခံရသော ရုံးအဆောက်အဦအား ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ လီရယ်လ်မြို့တွင် အဓိကရုဏ်းဖြစ်ပွားမှုအတွင်း မီးရှို့ဖျက်ဆီးခံရသောကားများအား သယ်ဆောင်သွားသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အရေးပေါ်အခြေအနေ ကြေညာမလား ဟု မေးမြန်းရာတွင် ပြင်သစ် ဝန်ကြီးချုပ် အယ်လိဇဘက်ဘွန်း(Elisabeth Borne) က “ရွေးချယ်နိုင်ဖွယ် အရာအားလုံး”ကို စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။ အဓိကရုဏ်းဖန်တီးမှုကို “မည်သည့်အကြောင်းပြချက်နှင့်မျှ လက်ခံနိုင်ဖွယ်မရှိ”ကြောင်း၊ စည်းလုံးညီညွတ်မှုနှင့် စည်းစနစ်တကျပြန်လည် ဖြစ်လာရေးမှာ လက်ရှိ အရေးကြီးဆုံးတာဝန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ပြင်သစ် သမ္မတ မက်ခရွန်က ယင်းအကျပ်အတည်းကို ဖြေရှင်းရန် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးပွဲအပြီး ပြင်သစ်သို့ ပြန်ရောက်စဉ်တွင် နှစ်ရက်အတွင်း အစိုးရအဖွဲ့အစည်းအဝေး နှစ်ကြိမ်ခေါ်ယူခဲ့သည်။ တစ်နိုင်ငံလုံးတွင် ပျက်စီးဆုံးရှုံးသွားသည့် အဆောက်အဦ ၅၀၀ နီးပါး၊ မီးရှို့ ဖျက်ဆီးခံရသည့် မော်တော်ယာဉ် ၂,၀၀၀ ခန့် ရှိသည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။

Hauts-de-Seine ပြည်နယ် Nanterre မြို့တွင် ဇွန် ၂၇ ရက်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားတစ်စီးကို တားဆီးစဉ် သေနတ်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနေသည့် အသက် ၁၇ အရွယ် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ရပ်ကြောင့် မြို့တော်ပဲရစ် အပါအဝင် မာဆေးမြို့၊ လီယွန်းမြို့ စသည့် နေရာ အနှံ့အပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာမှ အဓိကရုဏ်းအသွင်သို့ ပြောင်းလဲခဲ့သည်။ မြို့တော်ခန်းမ၊ ရဲစခန်းနှင့် စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု၊ မီးရှို့ဖျက်ဆီးခံရမှု၊ ဆိုင်ခန်းများ လုယက်ခံရမှု၊ ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားမှုများ ရှိခဲ့သည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဒါမန်နင်(Gerald Darmanin) က နိုင်ငံတစ်ဝန်းတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့် ဖြန့်ကျက် ထားမည်ဟု ဇွန် ၂၉ ရက်တွင် ကြေညာခဲ့သည်။ ၎င်းမှာ ယခင်ဖြန့်ကျက်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်၏ ၄ ဆ ဖြစ်သည်။ သို့သော် ဇွန် ၂၉ ရက် ညပိုင်းနှင့် ဇွန် ၃၀ ရက် နံနက်ပိုင်းက နေရာအနှံ့အပြားတွင် အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ဇွန် ၃၀ ရက် ညနေပိုင်းအထိ၊ ဇွန် ၂၉ ရက် ညပိုင်းနှင့် ဇွန် ၃၀ ရက် နံနက်ပိုင်း၌ ဖြစ်ပွားသည့် အဓိကရုဏ်းအတွင်း လူပေါင်း ၈၇၅ ဦး ဖမ်းဆီးထားကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် ၂၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။

ပြည်ထဲရေးဝန်ကြီးဌာအနေဖြင့် “နည်းလမ်းအများအပြား”သုံး၍ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သလို မိဘအုပ်ထိန်းသူများကလည်း သားသမီးများကို ထိန်းချုပ်ထားရန်၊ အိမ်တွင် နေစေ၍ အကြမ်းဖက်လှုပ်ရှားမှုတွင် မပါဝင်စေရန် မက်ခရွန်က ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများက ရက်ပေါင်းများစွာ ဖြစ်ပွားနေသည့် အဓိကရုဏ်းတွင် “အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်”နေကြောင်း၊ “လူမှုကွန်ရက်ကို အသုံးချ၍ စည်းစနစ်ပျက်ပြားအောင်၊ အကြမ်းဖက်လှုံ့ဆော်မှုများ လုပ်ဆောင်နေသူများ”ကို အတည်ပြု၍ “ရန်လိုသော အကြောင်းအရာများ”ကို ဖျက်ပေးရန် လူမှုကွန်ရက်ပလက်ဖောင်းများကို တိုက်တွန်းကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ (Xinhua)

……………………..

(Chinese Version)

骚乱持续 法国政府酝酿“一切选项”
新华社北京7月1日电 法国政府6月30日表示,正酝酿“一切选项”应对连日来的全国性骚乱以恢复秩序。
被问到是否会宣布进入紧急状态时,总理伊丽莎白•博尔内表示,正考虑“一切选项”。她另外说,制造骚乱“不可容忍、没有借口”,眼下当务之急是恢复秩序和确保国家团结。
法国总统埃马纽埃尔•马克龙当天提前结束欧盟峰会行程回国,召开两天内第二次内阁会议,处理这场危机。马克龙说,全国共有将近500处建筑受损、大约2000辆汽车被焚毁。
上塞纳省楠泰尔市一名警员27日截停一辆汽车时开枪,致驾车的17岁少年身亡。这一事件在法国首都巴黎,以及马赛、里昂等许多地方引发抗议示威,演变为骚乱。市政厅、警察局和学校遭暴力袭击和纵火,店铺遭洗劫,示威者与警方爆发冲突。
内政部长热拉尔德•达尔马宁29日宣布在全国部署4万名警察和宪兵维持治安,是先前部署人数的4倍。不过,29日晚上至30日晨,多地继续发生骚乱。法新社援引法国内政部数据报道,截至30日下午,共有875人在29日晚上至30日晨的骚乱中被逮捕,249名警察受伤。
马克龙30日说,内政部将采取“更多措施”,同时家长应管束孩子,让他们待在家中,不要参加暴力活动。
马克龙同时表示,社交媒体平台在数天来的骚乱中“扮演了重要角色”,政府将要求各平台协助,确认“利用社交网络煽动破坏秩序和暴力行为的人”,并删除“最为挑衅性的内容”。
1. 6月29日,在法国上塞纳省楠泰尔市,警察在骚乱现场警戒。新华社发(奥雷利安•莫里萨尔摄)
2. 这是6月30日在法国北部城市鲁贝拍摄的骚乱中被纵火破坏的办公楼。
3.6月30日,在法国里尔,一辆拖车将骚乱中被焚毁的车辆运走。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.