Connect with us

China

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌက ရုရှားနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးတာဝန်ခံနှင့် Rossiyskaya Gazeta သတင်းစာတိုက်၏ အကြီးအကဲတို့အား တွေ့ဆုံ

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် ရုရှားနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဒီမီထရီ ပက်စ်ကော့ဗ်တို့ တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် ရုရှားနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဒီမီထရီ ပက်စ်ကော့ဗ်၊ Rossiyskaya Gazeta သတင်းစာတိုက်၏ အထွေထွေညွှန်ကြားရေးမှူး ပါဗယ် နီဂိုအစ်ဆာတို့နှင့် စက်တင်ဘာ ၁၃ ရက်တွင် သီးခြားစီတွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ဆင်ဟွာအနေဖြင့် တရုတ်-ရုရှား ဆက်ဆံရေး ခိုင်ခိုင်မာမာဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် လူထုသဘောထား ဝန်းကျင်တစ်ခုအား ဖန်တီးပေးရန် စိတ်ပိုင်းဖြတ်ထားကြောင်း ရုရှားနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးတာဝန်ခံ ပက်စ်ကော့ဗ်နှင့် တွေ့ဆုံရာတွင် ဖုက အလေးအနက်ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်များအတွင်း ဆင်ဟွာသတင်းဌာနသည် ရုရှားနိုင်ငံ၏ အဓိကမီဒီယာများနှင့် နယ်ပယ်စုံ၌ လက်တွေ့ကျ၍ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကာ တရုတ်-ရုရှား ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်တိုးတက်ကောင်းမွန်ရေးကို အထောက်အကူပြုရေးအတွက် စွမ်းစွမ်းတမံပါဝင်ခဲ့ကြောင်း ဖုက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနအနေဖြင့် မိတ်ဖက် ရုရှားမီဒီယာများနှင့် ချစ်ကြည်ရင်းနှီးသော ကူးလူးဆက်ဆံမှုများ ခိုင်မာအားကောင်းစေရေးအတွက် ဆက်လက်လုပ်ဆောင်ကာ ကာဇန်မြို့၌ မကြာမီကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး၌လည်း တက်ကြွစွာ သတင်းရယူတင်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖုသည် Rossiyskaya Gazeta သတင်းစာတိုက်၏ အထွေထွေညွှန်ကြားရေးမှူး ပါဗယ် နီဂိုအစ်ဆာနှင့် တွေ့ဆုံရာတွင် Rossiyskaya Gazeta သတင်းစာသည် ဆင်ဟွာ၏ မိတ်ဆွေအရင်းအချာဖြစ်ကာ ဆင်ဟွာအနေဖြင့် ယင်းနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အစဉ်အမြဲ အလွန်တန်ဖိုးထားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက် နှစ်ပတ်လည် အခါသမယဖြစ်သည့်အလျောက် ဆင်ဟွာသတင်းဌာနအနေဖြင့် ထိုအခွင့်အရေးကို အသုံးချ၍ သတင်းများ အပြန်အလှန်ဖလှယ်ခြင်း၊ သတင်းမီဒီယာနှင့် ဆက်စပ်သည့် ဉာဏ်ရည်တုနည်းပညာ အသုံးချခြင်းကဲ့သို့ နယ်ပယ်များတွင် Rossiyskaya Gazeta သတင်းစာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဖုက ဆိုသည်။
ပက်စ်ကော့ဗ်က ရုရှားနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးရုံးနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် ဆင်ဟွာသတင်းဌာန၏ ကာလကြာရှည် အလေးထားအာရုံစိုက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ သတင်းပညာနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ်မှုများကို တိုးတက်အောင်လုပ်ဆောင်ရာတွင် အလွန်အရေးပါကြောင်း၊ ရုရှားနိုင်ငံက ဆင်ဟွာသတင်းဌာနနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဖော်ဆောင်ရေးအတွက် ရုရှားနိုင်ငံ၏ အဓိကမီဒီယာများအား ထောက်ခံအားပေးလျက်ရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
နီဂိုအစ်ဆာက ဖု၏အလည်အပတ်ခရီးစဉ်အား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကာ Rossiyskaya Gazeta သတင်းစာနှင့် ဆင်ဟွာသတင်းဌာနအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးသည် အချိန်ကာလ၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး နှစ်ဖက်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် ဆန္ဒရှိကြောင်း အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)


…………………….
(English Version)
Xinhua president meets Russian Presidential Press Secretary, chief of Rossiyskaya Gazeta
MOSCOW, Sept. 13 (Xinhua) — President of Xinhua News Agency Fu Hua met separately with Russian Presidential Press Secretary Dmitry Peskov and General Director of Rossiyskaya Gazeta Pavel Negoitsa here Friday.
During his meeting with Peskov, Fu emphasized that as China’s state news agency, Xinhua is committed to creating a positive public opinion environment for the continuous and healthy development of China-Russia relations.
Over the years, Xinhua has actively engaged in practical and friendly cooperation across multiple fields with Russia’s mainstream media, playing a unique role in promoting the stable and long-term development of China-Russia relations, Fu said.
Xinhua will continue to strengthen friendly exchanges with Russian media partners and actively cover the upcoming BRICS Summit in Kazan, he added.
In his meeting with Negoitsa, Fu noted that Rossiyskaya Gazeta is an old friend of Xinhua, and Xinhua has always highly valued its friendly relationship with the newspaper.
As 2024 marks the 75th anniversary of the establishment of diplomatic relations between China and Russia, Xinhua is willing to take this opportunity to further develop and deepen cooperation with Rossiyskaya Gazeta in areas such as news exchange and the application of media-related artificial intelligence, Fu said.
Peskov expressed appreciation for Xinhua’s long-standing focus on developing relations with the Russian Presidential Press Office and Russian media. He emphasized that cooperation in the field of journalism is crucial for advancing bilateral relations and cultural exchanges, adding that the Russian side supports and encourages mainstream Russian media to continue their good cooperation with Xinhua.
Negoitsa warmly welcomed Fu’s visit. He noted that the cooperative relationship between Rossiyskaya Gazeta and Xinhua has stood the test of time and expressed willingness to further advance practical cooperation between the two sides. Enditem
English Caption
President of Xinhua News Agency Fu Hua meets with Russian Presidential Press Secretary Dmitry Peskov in Moscow, Russia, Sept. 13, 2024. (Xinhua/Bai Xueqi)