Connect with us

Asia

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သီရိလင်္ကာနိုင်ငံ သမ္မတသစ် ဒစ်ဆနာယာကီထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

သီရိလင်္ကာနိုင်ငံ ကိုလမ်ဘိုမြို့ရှိ ပါတီရုံးခန်းအတွင်းမှ ထွက်လာသည့် အနူရာ ကုမာရ ဒစ်ဆနာယာကီအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် ရာထူးအပ်နှင်းခံရသော အနူရာ ကုမာရ ဒစ်ဆနာယာကီထံ စက်တင်ဘာ ၂၃ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်သည်ဟု ရှီက ဂုဏ်ပြုပြောကြားခဲ့ကာ လွန်ခဲ့သော ၆၇ နှစ်က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် အမြဲတစေ အပြန်အလှန် စာနာနားလည်ကာ ဖေးမထောက်ကူလျက် အရွယ်အစားမတူသည့် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်ခြင်း၏ စံနမူကောင်းတစ်ခုကို ချမှတ်ပုံဖော်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်-သီရိလင်္ကာ ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုအား တန်ဖိုးထားကာ အစဉ်အလာမပြတ် ချစ်ကြည်ရင်းနှီးမှုအား လက်ဆင့်ကမ်းထိန်းသိမ်း၍ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုအား တိုးမြှင့်ရန်အတွက် သီရိလင်္ကာ သမ္မတ ဒစ်ဆနာယာကီနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရှီက ဆိုသည်။
ပိုမိုအကျိုးဖြစ်ထွန်းစေမည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စေရေး၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးရှိစေရန်အတွက် စိတ်ရောကိုယ်ပါ အပြန်အလှန်အကူအညီပေးမှုနှင့် ထာဝရတည်တံ့သော ချစ်ကြည်ရင်းနှီးမှုတို့ကို ဗဟိုပြုလျက် တရုတ်-သီရိလင်္ကာ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တည်တည်ငြိမ်ငြိမ်ဖြင့် ရေရှည်တိုးတက်စေရေးအတွက် သီရိလင်္ကာနိုင်ငံ ခေါင်းဆောင်နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ရှီက ကတိပြုခဲ့သည်။ (Xinhua)
……………………
(English Version)
Xi congratulates Dissanayake on assuming presidency of Sri Lanka
BEIJING, Sept. 23 (Xinhua) — Chinese President Xi Jinping on Monday sent a message to Anura Kumara Dissanayake to congratulate him on his inauguration as president of the Democratic Socialist Republic of Sri Lanka.
Xi hailed China and Sri Lanka as traditional friendly neighbors, saying that since the establishment of diplomatic ties 67 years ago, China and Sri Lanka have always understood and supported each other, setting a good example of friendly coexistence and mutually beneficial cooperation between countries of different sizes.
Xi said that he prizes the development of China-Sri Lanka relations, and stands ready to work with President Dissanayake to carry forward the traditional friendship, and enhance political mutual trust.
He also pledged to work with the Sri Lankan leader to facilitate more fruitful high-quality Belt and Road cooperation, and make steady and long-term progress of China-Sri Lanka strategic cooperative partnership featuring sincere mutual assistance and ever-lasting friendship so as to better benefit the people of the two countries. Enditem
English Caption
Anura Kumara Dissanayake comes out of his party office in Colombo, Sri Lanka, Sept. 22, 2024. (Photo by Gayan Sameera/Xinhua)