Connect with us

International Organizations

လီဗာပူးလ်နှင့် ချဲလ်ဆီးအသင်းတို့ အမှတ်ပေးဇယားတွင် အဆင့်တက်လာခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်-၅ ပွဲပြီးသုံးသပ်ချက်

လန်ဒန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၅ တွင် လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းအား အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ အမှတ်ပေးဇယား၏ ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ပြီး ထိပ်ဆုံးမှဦးဆောင်နေသည့် မန်ချက်စတာစီးတီးအသင်းအား ရမှတ်တစ်မှတ်အကွာမှ ဖိအားပေးလျက်ရှိသည်။
ဧည့်သည်အသင်းက ပွဲအစပိုင်းတွင် ကစားပုံကောင်းမွန်ခဲ့ပြီး စောစောစီးစီး သွင်းဂိုးရယူနိုင်ခဲ့သော်လည်း မသိမသာ လူကျွံနေသည့်အတွက် နစ်နာခဲ့ရသည်။ ပွဲချိန် ၂၆ မိနစ်နှင့် ၂၈ မိနစ်တို့တွင် လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား လူးဝစ်စ် ဒီယက်ဇ်က ဦးဆောင်ဂိုးများ သွင်းယူပေးခဲ့ပြီး တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကလည်း ယခုဘောလုံးရာသီ၌ ၎င်း၏ပထမဆုံးဂိုးအား ပွဲချိန် ၃၇ မိနစ်တွင် သွင်းယူပေးခဲ့ပြီးနောက် လီဗာပူးလ်အသင်းက ပွဲကိုစိတ်ကြိုက်ထိန်းချုပ်သွားခဲ့သည်။
နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်သည့် မစ်ဒ်လန်းစ်ဒါဘီပွဲစဉ်တွင် အက်စတွန်ဗီလာအသင်းက ဝူလ်ဗာဟမ်တန်အသင်းအား နောက်မှလိုက်ကစားခဲ့ရသော်လည်း ပွဲအပြီးတွင် ၃-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
ပြိုင်ဘက်ခံစစ်ကစားသမား၏ ဘောလုံးပေးပို့မှု မသေသပ်ခြင်းကို အခွင့်ကောင်းယူ၍ မက်သီးယက်စ် ကူညာက ပထမပိုင်းတွင် ဝုဗ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သော်လည်း ပွဲချိန် ၇၃ မိနစ်တွင် အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီဝပ်ထ်ကင်စ်၏ကန်ချက် လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားသည့်အတွက် ဗီလာအသင်းက ချေပဂိုးပြန်လည်ရရှိခဲ့သည်။ သရေရလဒ်ဖြင့် ပွဲပြီးဆုံးတော့မည့်ဆဲဆဲတွင် အီဇရီကွန်ဆာက ပွဲချိန် ၈၈ မိနစ်တွင် ယူရီ တိုင်လီမန်းစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အနိုင်ဂိုးသွင်းယူပေးခဲ့သလို နာကျင်အချိန်ပို ၃ မိနစ်တွင် ဂျွန်ဒူရန်က တတိယဂိုးသွင်းယူပေးခဲ့သည့်အတွက် ပွဲအပြီးတွင် ဗီလာအသင်းက ဝုဗ်အသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ချဲလ်ဆီးအသင်းကလည်း နည်းပြ အန်ဇိုမာရက်စကာ၏ ကစားကွက်နှင့် အသားကျလာပြီး နည်းပြ ဂျူလန် လိုပယ်တယ်ဂီ၏ ဝက်စ်ဟမ်းအသင်းအား အဝေးကွင်း၌ သက်သောင့်သက်သာ ယှဉ်ပြိုင်ကစားခဲ့ကာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ထိုပွဲစဉ်တွင် ချဲလ်ဆီးတိုက်စစ်မှူး နစ်ကိုးလပ်စ် ဂျက်ဆန်က ပွဲချိန် ၄ မိနစ်နှင့် ၁၈ မိနစ်တို့တွင် ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူပေးခဲ့ပြီး ကိုးလ်ပါမာက ချဲလ်ဆီးအသင်းအတွက် အနိုင်သေချာစေမည့် တတိယဦးဆောင်ဂိုးကို ပွဲချိန် ၄၇ မိနစ်တွင် သွင်းယူကာ ဝက်စ်ဟမ်းအသင်း၏ မျှော်လင့်ချက်များကို အဆုံးသတ်စေခဲ့သည်။ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ချဲလ်ဆီးတိုက်စစ်မှူး နစ်ကိုးလပ်စ် ဂျက်ဆန်က ဆွတ်ခူးသွားခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သည်။ ထိုပွဲစဉ်တွင် ယူနိုက်တက် ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်နှင့် တောင်ပံတိုက်စစ်ကစားသမား အလက်ဟန်ဒရို ဂါနာချိုတို့၏ ဂိုးကန်သွင်းချက်နှစ်ကြိမ် တိုင်ထိထွက်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။
တော့တင်ဟမ်အသင်းက အိမ်ကွင်း၌ ဘရန့်ဖို့ဒ်အသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သည့်အတွက် နည်းပြအိန်းဂျ်ပေါ်စတီကိုဂလူအဖို့ အသက်ရှူချောင်သွားခဲ့သည်။
ထိုပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းကစားသမား ဘရိုင်ယန် အမ်ဘူမိုက မြေမကျကန်သွင်းချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း တော့တင်ဟမ်အသင်းမှ ဒေါမနစ် ဆိုလန်ကီက ပွဲချိန် ၈ မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သည်။
ထို့နောက် ဘရန်နန်ဂျွန်ဆင်က ပွဲချိန် ၂၈ မိနစ်တွင် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ‌ပွဲချိန် ၈၅ မိနစ်တွင် ဂျိမ်းစ်မက်ဒီဆင်က ပွဲသိမ်းအနိုင်ဂိုးအား သွင်းယူပေးခဲ့သည်။ အဆိုပါပွဲစဉ်တွင် တော့တင်ဟမ်အသင်း၏ အဓိကတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့သည်။
ဖူဟမ်လ်အသင်းနှင့် နယူးကာဆယ်အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင်ဖူဟမ်လ်အသင်းက ၃-၁ ဂိုးဖြင့် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့သည်။ ဖူလ်ဟမ်အသင်းအတွက် အနိုင်ဂိုးများကို ရာအူးလ် ဂျီမီနက်ဇ်၊ အမ်မီလီ စမစ်ရိုဝီနှင့် ရစ်နယ်လ်ဆင်တို့က သွင်းယူပေးခဲ့ပြီး နယူးကာဆယ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ဟာဗီဘန်းစ်က ပွဲချိန် ၄၆ မိနစ်တွင် သွင်းယူပေးခဲ့သည်။
အစ်ပ်ဆွစ်ချ်တောင်းအသင်းနှင့် ဆောက်သမ်တန်အသင်းတို့၏ ပွဲစဉ်တွင်မူ ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပွဲချိန် ၅ မိနစ်တွင် တိုင်လာဒီဘလင်က ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဆမ်မော်ဆီက ပွဲချိန် ၉၅ မိနစ်တွင် ချေပဂိုးသွင်းပြန်လည်သွင်းယူခဲ့သည်။
အဲဗာတန်အသင်းနှင့် လက်စတာစီးတီးအသင်းတို့၏ ပွဲစဉ်တွင် ၁ ဂိုးစီဖြင့် သရေကျခဲ့ပြီး အဲဗာတန်အသင်းအတွက် ဦးဆောင်ဂိုးအား ပွဲချိန် ၁၂ မိနစ်တွင် အီလီမန် အင်ဒီယာယီက သွင်းယူခဲ့ကာ လက်စတာစီးတီးအသင်းအတွက် ချေပဂိုးကို စတီဖီ မာဗီဒီဒီက ပွဲချိန် ၇၃ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် ပွဲစဉ်-၅ ၏ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ချက်စတာစီးတီးနှင့် အာဆင်နယ်အသင်းတို့၏ ပွဲစဉ်တွင် နှစ်သင်းစလုံး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုးစီ သရေကျခဲ့သည်။ မန်ချက်စတာစီးတီးအသင်းအတွက် ဟာလန်းနှင့် ဂျွန်စတုန်းတို့က သွင်းဂိုးများသွင်းယူခဲ့ကာ ‌အာဆင်နယ်အသင်းအတွက် ကာလာဖီအိုရီနှင့် ဂါဘရီရယ်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။ (Xinhua)


……………………..
(English Version)
Liverpool, Chelsea cruise in Premier League
LONDON, Sept. 21 (Xinhua) — Liverpool moved to the top of the Premier League for at least 24 hours following a 3-0 win at home to Bournemouth on Saturday.
The visitors started brightly and were denied an early goal after a tight offside, but two strikes from Luis Diaz in the 26th and 28th minutes left them reeling, and Darwin Nunez’s first goal of the season thanks to a curling effort in 37th minute put Liverpool firmly into control.
Aston Villa were able to pay a fitting homage to former player Gary Shaw, who died in midweek, as they fought back from 1-0 down to claim the Midlands derby 3-1 at home to Wolverhampton Wanderers.
A poor pass from defense allowed Matheus Cunha to lash Wolves ahead in the first half and they led until Ollie Watkins leveled in the 73rd minute with a deflected shot. The game looked to be heading for a draw, but in the 88th minute Ezri Konsa scored on Youri Tielemans’ assist, and Jhon Duran added a third in injury time.
Chelsea are adapting to Enzo Maresca’s coaching, and they piled the agony on Julen Lopetegui at West Ham with a comfortable 3-0 away win.
Nicolas Jackson, who was named Man of the Match, put Chelsea 2-0 up after 18 minutes after using his pace well, and he then set up Cole Palmer to kill off any hopes of a West Ham revival two minutes after the break.
Manchester United were held 0-0 away to Crystal Palace, although they were slightly unlucky to see Bruno Fernandes and Alejando Garnacho both hit the woodwork.
Tottenham coach Ange Postecoglou will breathe easier after midweek criticism, after his side recovered at home against Brentford with a 3-1 win.
The game was just 24 seconds old when Bryan Mbeumo volleyed Brentford ahead, but the visitors were only in front for eight minutes before Dominic Solanke leveled.
Brennan Johnson continued his good week when he put Spurs ahead just before the half hour, and James Maddison wrapped up the win with five minutes left after Son Heung-min’s second assist of the game.
Fulham claimed a well-deserved 3-1 win at home to Newcastle United, with Raul Jimenez giving Marco Silva’s side an early lead.
Emile Smith Rowe had already hit the bar, before he doubled Fulham’s advantage after 22 minutes with his first goal for the club, and Reiss Nelson scored a third in injury time after Harvey Barnes’ 46th-minute goal had given Newcastle hope of saving a point.
Sam Morsy’s 95th-minute equalizer for Ipswich Town denied Southampton their first win of the season, after teenager Tyler Dibling had given them a fifth-minute lead in a game between two recently promoted teams.
Everton remain winless but at least climbed above Wolves at the bottom of the table, after a 1-1 draw away to Leicester gave them their first point of the season. Iliman Ndiaye gave Everton an early lead, but Stephy Mavididi saved a point for Leicester in the 73rd minute.
Manchester City entertain Arsenal on Sunday in a vital clash between the two sides that started the weekend first and second in the table. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.