Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဟွမ်ရန်သောင်အနီးတွင် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ပုံမှန်လုပ်ရိုးလုပ်စဉ် လေ့ကျင့်မှုများပြုလုပ်

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး၏ ရေတပ်နှင့် လေတပ်တို့က ဟွမ်ရန်သောင်အနီး၌ ကင်းထောက်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ ရေကြောင်းနှင့် လေကြောင်းမှ ကင်းလှည့်ခြင်း အပါအဝင် ပုံမှန်လုပ်ရိုးလုပ်စဉ် လေ့ကျင့်မှုများကို စက်တင်ဘာ ၂၈ ရက်က စီစဉ်ပြုလုပ်ခဲ့သည်။
ဒေသတွင်းပြင်ပမှ နိုင်ငံအချို့က တောင်တရုတ်ပင်လယ်တွင် ပြဿနာများ ပေါ်ပေါက်လာစေရန် လှုံ့ဆော်လျက်ရှိကာ မတည်မငြိမ်ဖြစ်စေရန် ဖန်တီးလျက်ရှိကြောင်း PLA တောင်ပိုင်းစစ်ဒေသကြီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဟွမ်ရန်သောင်နှင့် ယင်း၏ ပတ်ပတ်လည်ရှိ ရေပိုင်နက်အား အငြင်းပွားဖွယ်မရှိ အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း၊ မိမိတို့၏ တပ်ဖွဲ့ဝင်များအနေဖြင့် အသင့်အနေအထားတွင် ဆက်လက်ရှိနေကာ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို ပြတ်ပြတ်သားသား ကာကွယ်၍ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း PLA တောင်ပိုင်းစစ်ဒေသကြီးက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Chinese military conducts routine maritime, airspace training near Huangyan Dao
BEIJING, Sept. 28 (Xinhua) — The Chinese People’s Liberation Army (PLA) Southern Theater Command on Saturday organized its navy and air forces to conduct routine training which includes reconnaissance and early warning, and maritime and airspace patrol near Huangyan Dao.
In a statement, the PLA Southern Theater Command said that certain countries from outside the region are stirring up trouble in the South China Sea, creating instability.
China has indisputable sovereignty over Huangyan Dao and its surrounding waters, the PLA Southern Theater Command said, adding that its troops will remain on high alert, resolutely defend national sovereignty and maritime rights, and safeguard peace and stability in the South China Sea. Enditem