Connect with us

International Organizations

နယူးကာဆယ် v မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက် v စပါးစ် စသည့် ပွဲကြီးပွဲကောင်းများပါဝင်သည့် ပရီးမီးယားလိဂ် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

လန်ဒန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ယခုသီတင်းပတ်ကုန်၌ ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၆ ၏ အစောဆုံးပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းက အဝေးကွင်း၌ နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ထိုပွဲစဉ်တွင် ပက်ပ်ဂွါဒီယိုလာ၏ မန်ချက်စတာစီးတီးအသင်းအတွက် အဓိကကျောရိုးဖြစ်သည့် ကွင်းလယ်ကစားသမား ရိုဒရီ ပါဝင်နိုင်မည်မဟုတ်ပေ။
ပြီးခဲ့သည့်တစ်ပတ်က အာဆင်နယ်အသင်းအား အိမ်ကွင်း၌ ၂-၂ ဂိုးဖြင့် သရေကျခဲ့သည့် ပွဲစဉ်တွင် ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့သည့် ကွင်းလယ်ကစားသမား ရိုဒရီ မပါဝင်နိုင်ခြင်းကြောင့် ၎င်း၏နေရာတွင် မည်သူနှင့် အစားထိုးမည်နည်းဆိုသည်မှာ အကြီးမားဆုံး ပဟေဠိတစ်ခုဖြစ်နေသည်။ ရိုဒရီမှာ ယင်းဒဏ်ရာကြောင့် ယခုရာသီ၏ ပွဲစဉ်အများစုကို လွဲချော်မည်ဖြစ်သည်။
စပိန်လက်ရွေးစင်ကစားသမား ရိုဒရီသည် မန်စီးတီးအသင်း၏ ကွင်းလယ်ကို မောင်းနှင်ပေးနေသည့် အဓိကအင်ဂျင်တစ်လုံးဖြစ်ကာ ပြီးခဲ့သည့် ရာသီက ရိုဒရီ၏ စွမ်းဆောင်ရည်များကလည်း ၎င်း၏အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး မန်စီးတီးအသင်းမှာ ၎င်းပွဲထွက်ကစားနိုင်ခြင်း မရှိသည့် ပွဲစဉ် ၅ ပွဲတွင် ၄ ပွဲအထိ ရှုံးနိမ့်ခဲ့သည်။
နယူးကာဆယ်နှင့် ပွဲစဉ်၌ ရိုဒရီ၏နေရာတွင် မတ်တီယို ကိုဗာချစ် ပါဝင်ကစားဖွယ်ရှိသလို ရီကိုလူးဝစ်စ် သို့မဟုတ် အီကေး ဂွန်ဒိုဂန် တို့လည်း အခွင့်အရေးရနိုင်ဖွယ်ရှိသည်။ နယူးကာဆယ်အသင်းက လက်ရှိအမှတ်ပေးဇယားတွင် အဆင့်-၆ နေရာ၌ ရပ်တည်နေသော်လည်း ခြေစွမ်းပိုင်း တည်ငြိမ်စိတ်ချရပုံ မရသေးပေ။
နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ် အာဆင်နယ်အသင်းက လက်စတာစီးတီးအသင်းအား အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆင်နယ်အသင်းအနေဖြင့် ပြီးခဲ့သည့်တစ်ပတ် ပွဲစဉ်က ခံစစ်နည်းဗျူဟာနှင့် အချိန်ဖြုန်းတီးမှုများကြောင့် ဝေဖန်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ရလဒ်မှာ ကျေနပ်စရာြဖစ်ပေလိမ့်မည်။
မာတင်အိုဒီဂတ်က ဒဏ်ရာမှသက်သာလာခြင်း မရှိသေးသလို လီယန်ဒရို ထရော့ဆက်ဒ်လည်း ပွဲပယ်ခံရထားပြီး ဂိုးသမား ဒေးဗစ်ရာယာမှာလည်း ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ရန် မသေချာသော်လည်း နည်းပြ မစ်ကယ်အာတီတာအနေဖြင့် မကြာမီကမှ တန်းတက်လာသည့် ပြိုင်ဘက်အသင်းအား အနိုင်ယူရန် လုံလောက်သည့် တိုက်စစ်စွမ်းအား ရှိသင့်သည်။
ချဲလ်ဆီးအသင်းက နည်းပြ အန်ဇိုမာရက်စကာလက်ထက်တွင် အထင်ကြီးစရာ စွမ်းဆောင်ရည်များကို ပြသလျက်ရှိပြီး လွန်ခဲ့သော ၁ နှစ်က ဗီလာရီးရဲလ်အသင်းထံမှ ခေါ်ယူထားသော တိုက်စစ်မှူး နစ်ကိုးလပ်စ် ဂျက်ခ်ဆင်မှာလည်း ပုံစံကောင်းပြသလျက်ရှိသည်။
ချဲလ်ဆီးအသင်းက တိုက်စစ်အသားပေးသော ဘရိုက်တန်အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မှာလည်း ဖျော်ဖြေမှုပေးနိုင်သည့် ပွဲစဉ်တစ်ပွဲဖြစ်သည်။ ဘရိုက်တန်အသင်းဘက်တွင် တိုက်စစ်မှူးဂျောင်ပက်ဒရို ပါဝင်ရန် မသေချာသကဲ့သို့ ဝါရင့်ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။
ယခင်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်၌ ချဲလ်ဆီးအသင်းအား အိမ်ကွင်း၌ ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ လိဂ်ဖလားပွဲစဉ်၌လည်း လီဗာလ်ပူးအသင်းကို ၁-၅ ဂိုးဖြင့် ဂိုးပြတ်ထပ်မံရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲဆက်နေသည့် ဝက်စ်ဟမ်းအသင်းက ဘရန့်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရလဒ်များ ဆိုးရွားနေသည့်အတွက် ဝက်စ်ဟမ်းအသင်းနည်းပြ ဂျူလန် လိုပယ်တယ်ဂီအဖို့ ဖိအားအလွန်များလာခဲ့သည်။
Friedkin Group က လွှဲပြောင်းဝယ်ယူမည်ဟူသော ကြေညာချက်က အဲဗာတန်အသင်း၏ ကွင်းပြင်ပ မတည်ငြိမ်မှုများကို အဆုံးသတ်စေဖွယ်ရှိသော်လည်း နည်းပြ ရှောင်ဒိုက်ချ်အနေဖြင့် ယခုရာသီတွင် ၅ ပွဲကစားထားပြီး တစ်မှတ်သာရထားသည့်အတွက် ရလဒ်ကောင်းများ ရယူပေးရန် လိုအပ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် အဲဗာတန်အသင်းက နိုင်ပွဲမရသေးသည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ယခုရာသီတွင် ပုံစံကောင်းပြသနေပြီး ရှုံးပွဲမရှိသေးသည့် နော့တင်ဟမ်ဖောရက်စ်အသင်းက ဖူဟမ်အသင်းအား အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ယခုပွဲစဉ်တွင် နော့တင်ဟမ်အသင်း၏ အားထားရသော တိုက်စစ်ကစားသမား မော်ဂန်ဂစ်ဘ် ပါဝင်နိုင်မည်မဟုတ်ပေ။ ပြိုင်ဘက်ဖူဟမ်အသင်းက နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၄ ပွဲတွင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေကျခဲ့သည်။
နော့တင်ဟမ်ဖောရက်စ်အသင်းအား အိမ်ကွင်း၌ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှလွဲ၍ နည်းပြအန်းစလော့၏ ကစားကွက်နှင့် ကောင်းကောင်းအသားကျနေပြီး ရလဒ်များကောင်းမွန်နေသည့် လီဗာပူးလ်အသင်းက ဝူလ်ဗာဟမ်တန်အသင်းအား အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ဖွယ်ရှိသည်။
အဆိုပါပွဲစဉ်၌ အဓိကဂိုးသမား အယ်လစ်ဆန် ကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်ရန် မသေချာသော်လည်း ထိုပြဿနာမှာ အမှတ်ပေးဇယား အောက်ဆုံးသို့ရောက်နေပြီး ၅ ပွဲကစားပြီးချိန်တွင် ရမှတ် ၁ မှတ်သာ ရထားသည့် ဝုဗ်အသင်းနည်းပြ ဂယ်ရီအိုးနေးလ်၏ ပြဿနာနှင့်စာလျှင် မပြောပလောက်ပေ။
စက်တင်ဘာ ၂၉ ရက်၌ ပွဲကြီးပွဲကောင်းတစ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်း၌ တော့တင်ဟမ်အသင်းအား ဧည့်ခံကစားရမည်ဖြစ်ပြီး ပြီးခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်တွင် တွမ်တီးအသင်းအား အိမ်ကွင်း၌ သရေကျခဲ့ပြီးနောက် နည်းပြတန်ဟက်ဂ်အပေါ် စောင့်ကြည့်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
နှစ်သင်းလုံးအတွက် အနိုင်ရနိုင်သည့် အခွင့်အရေးရှိနေကာ စပါးစ်အသင်း၏ high-line တင်၍ကစားသည့် ခံစစ်ကစားပုံတွင် ဟာကွက်များရှိနေသကဲ့သို့ ယူနိုက်တက်အနေဖြင့်လည်း တည်ငြိမ်သောခြေစွမ်းကို တစ်သမတ်တည်း ထိန်းထားနိုင်ခြင်းမရှိသေးပေ။
စက်တင်ဘာ ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားမည့် နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ် အစ်ပ်ဆွစ်ချ်တောင်းအသင်းက အိမ်ကွင်း၌ အက်စတွန်ဗီလာအသင်းအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဧည့်သည် ဗီလာအသင်း၌ အဓိကကစားသမားတစ်ဦးဖြစ်သည့် ဂျွန်မက်ဂင်းမှာ တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။
အောက်တိုဘာ ၁ ရက်တွင် south-coast ဒါဘီပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

……………………
(English Version)
Preview: Rodri’s replacement big question in Premier League
LONDON, Sept. 27 (Xinhua) — The biggest question this weekend in the Premier League should be answered in Saturday’s first match when Manchester City travel to play Newcastle United.
Pep Guardiola’s side travel to the northeast after confirming that central midfielder Rodri suffered a knee ligament injury in last weekend’s 2-2 draw at home to Arsenal and will miss most of the season.
The question is who will replace the Spanish international in the City ‘engine-room’ after last season showed just how important Rodri is, with Guardiola’s side losing four from five games where he didn’t start.
Mateo Kovacic is likely to get the nod, but Rico Lewis or Ilkay Gundogan could also have a chance against a Newcastle side that sit sixth in the table but haven’t looked very convincing.
Arsenal received some criticism for their defensive tactics and time-wasting last weekend, but will be pleased with the result and can now build on it when they are at home to Leicester City.
Martin Odegaard is still injured, while Leandro Trossard is suspended, and goalkeeper David Raya is a slight doubt for the game with a knee injury, but coach Mikel Arteta should have enough firepower in attack to beat their recently promoted rivals.
Chelsea are showing impressive performances under manager Enzo Maresca, with forward Nicolas Jackson starting to show why they bought him from Villarreal a year ago.
Chelsea have an attractive tie at home to attack-minded Brighton, who have a doubt over forward Joao Pedro, while veteran midfielder James Milner is out with a hamstring problem.
Last weekend’s 3-0 defeat to home to Chelsea increased the pressure on West Ham coach Julen Lopetegui, and that pressure was ramped up further by a 5-1 League Cup thrashing to Liverpool on Thursday night.
The announcement of a takeover by the Friedkin Group should end the off-field turmoil at Everton, but coach Sean Dyche needs to start getting points in the bag, after the first five games of the season have yielded just one point. The visit of a winless Crystal Palace side offers the chance to kickstart their season.
Nottingham Forest have impressed this season and remain unbeaten, although they will miss the suspended Morgan Gibbs-White for the visit of a Fulham side with two wins and two draws in their last four matches.
Apart from a surprise defeat at home to Nottingham Forest, Liverpool have adapted well to life under coach Arne Slot and after their midweek demolition of West Ham, they can expect to keep the pressure on at the top of the table when they visit Wolverhampton Wanderers.
Alisson is a doubt in goal for Liverpool with a muscle injury, but Slot’s problems are nothing compared to those of Wolves boss Gary O’Neil, whose side are bottom of the table with just one point from five games.
Sunday’s big game is at Old Trafford with Manchester United hosting Tottenham, with Erik ten Hag again in the spotlight following their flat UEFA Europa League draw at home to Twente.
Both sides will feel they have options of winning, with Tottenham playing a vulnerable high defensive line, while United seem lack the swagger that made them so difficult in the past and the losing coach is going to find himself under ever-increasing scrutiny.
Ipswich are unbeaten in three games, but have a difficult home game against Aston Villa, even though the visitors have lost John McGinn for two months with a hamstring injury.
Bournemouth face Southampton in a south-coast derby on Monday. Enditem