Connect with us

International Organizations

၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်က ပဲရစ်မသန်စွမ်းအားကစားပွဲအတွင်း စိတ်ဝင်စားဖွယ်မြင်ကွင်း (ဆင်ဟွာ)

-မိဘမဲ့ဘဝမှ မသန်စွမ်းရေကူးသမားဖြစ်လာသူ Liu Yu
တရုတ်အားကစားသမား Liu Yu သည် စက်တင်ဘာ ၃ ရက် ပဲရစ်မသန်စွမ်းအားကစားပွဲ အမျိုးသမီး မီတာ ၅၀ ပက်လက်ကူး S5 ဖိုင်နယ်ပွဲစဉ် တတိယအကျော့ကူးခတ်ပြီးနောက် လေပေါ်လက်သီးမြှောက်လျက် အောင်ပွဲခံဟစ်ကြွေးလိုက်သည်။
မိဘမဲ့တစ်ဦးအဖြစ်မှ မသန်စွမ်းအားကစားပွဲတွင် ဆုတံဆိပ်များစွာပိုင်ဆိုင်သူဖြစ်လာခဲ့သော Liu သည် ၎င်း၏ဘဝ အောင်မြင်မှုများအတွက် အလွန်ပင်ပျော်ရွှင်လျက်ရှိသည်။ သို့ရာတွင် ချန်ပီယံဖြစ်ခြင်းက Liu အတွက် အဓိကပန်းတိုင်တစ်ခုတော့ မဟုတ်ပေ။
“ကျွန်မရဲ့ အကြီးမားဆုံးအိပ်မက်ကတော့ ကိုယ်ပိုင်မိသားစုဘဝလေးတစ်ခုရှိဖို့ပါပဲ” ဟု Liu က ဆိုသည်။ “ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မနိုင်ငံအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အောင်မြင်မှုတချို့လည်း ရယူပေးချင်ပါတယ်”
….
– မမ်ဖစ် ဒီပေးကို ကော်ရင်သီယံက ခေါ်ယူဖို့စိတ်ဝင်စား
ကော်ရင်သီယံအသင်းက နယ်သာလန် တိုက်စစ်မှူး မမ်ဖစ် ဒီပေးကို ခေါ်ယူရန် တိုက်ရိုက်ဆွေးနွေးလျက်ရှိကြောင်း ဘရာဇီးမီဒီယာများက သတင်းဖော်ပြထားသည်။
အသက် ၃၀ နှစ်အရွယ် ဒီပေးကို ဆော်ဒီအာရေဗျ၊ စပိန်နှင့် မက္ကဆီကိုရှိ ကလပ်အသင်းများက စိတ်ဝင်စားလျက်ရှိသည်။
ဒီပေးသည် အက်တလက်တီကို မက်ဒရစ်အသင်းနှင့် မေလက လမ်းခွဲပြီးနောက် လက်ရှိတွင် ကလပ်အသင်းမရှိသေးပေ။
….
-၂၀၂၄ ခုနှစ် ပဲရစ်မသန်စွမ်းအားကစားပွဲ စက်တင်ဘာ ၃ ရက်က စိတ်ဝင်စားဖွယ် ယှဉ်ပြိုင်ကစားမှုမြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါသည်။ (Xinhua)


…………………….
(English Version)
Paralympics | Liu Yu, from an orphan to a para swimmer
PARIS, Sept. 3 (Xinhua) — Liu Yu of China pumped her fists in the air and yelled after finishing third in the women’s 50m backstroke S5 final at the Paris Paralympic Games on Tuesday.
From being an orphan to becoming a multi-medal winner at the Paralympic Games, Liu was overjoyed by the highlights of her life. However, being a champion had never been her main goal.
“My biggest dream is to have a family of my own,” she said. “But in the meantime, I want to make some achievements to show my gratitude to my country.”
….
Memphis Depay on Corinthians radar
RIO DE JANEIRO, Sept. 3 (Xinhua) — Corinthians are in direct talks to sign Dutch forward Memphis Depay, according to media reports in Brazil.
The 30-year-old has also attracted the interest of clubs in Saudi Arabia, Spain and Mexico, news outlet Lance reported on Tuesday.
Depay is currently without a club, having parted ways with Atletico Madrid in May.
….
(PARIS2024)InPics: Highlights of Paralympics on Sept. 3
PARIS, Sept. 4, 2024 (Xinhua) –Review the highlights of Paris 2024 Paralympic Games on Sept. 3, 2024 with Xinhua photos.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.