Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း နိုင်ပွဲရရှိရန် အကြိတ်အနယ် ကစားခဲ့ရပြီး တော့တင်ဟမ်က မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူ
ဖေဖော်ဝါရီ ၁၆ ရက်က လီဗာပူးလ်အသင်းနှင့် ဝူဗာဟမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ၇ မှတ်ဖြတ်၍ ဆက်လက်ဦးဆောင်နိုင်ခဲ့သော်လည်း လီဗာပူးလ်အနေဖြင့် နိုင်ပွဲရရှိရန် အကြိတ်အနယ် ကစားခဲ့ရသည်။
နည်းပြအာနယ်ဆလော့အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ဂွတ်ဒီဆင်ပါ့ခ်၌ အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ယခုပွဲစဉ်၌ အသင်းအား ပြန်လည်ကိုင်တွယ်ခွင့်ရခဲ့သည်။ လီဗာပူးလ်က ပထမပိုင်းတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ် လူးဝစ္စ ဒီယက်ဇ်က အနီးကပ်ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန် ၃၇ မိနစ်တွင် ဝုဖ်အသင်းဂိုးသမား ဟိုဆေးဆာက ဒီယက်ဇ်ကို ဆွဲလှဲမိရာမှ ရရှိလာသော ပင်နယ်တီကို မိုဟာမက် ဆာလာက ကန်သွင်း၍ လီဗာပူးလ်က နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် ပွဲပြီးတော့မည့် အခြေအနေတွင်ရှိခဲ့သည်။
သို့သော် လီဗာပူးလ်အသင်း ဒုတိယအကြိမ် ပင်နယ်တီရရှိမည့် အခွင့်အရေးအား VAR အဆုံးအဖြတ်ဖြင့် ငြင်းပယ်လိုက်ပြီးနောက် ဧည့်သည် ဝုဖ်အသင်းက လက်ကျန်ပွဲကစားချိန် ၂၅ မိနစ်အတွင်း ချေပဂိုးသွင်းယူနိုင်ရန် အကြိတ်အနယ် ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၆၇ မိနစ်တွင် မက်သီးယက်စ် ကူညာက ချေပဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် ယှဉ်ပြိုင်ခဲ့သော အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် တော့တင်ဟမ်အသင်း၏ ပွဲစဉ်တွင် အိမ်ရှင်တော့တင်ဟမ်က ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၃ မိနစ်တွင် ဂျိမ်းစ်မက်ဒီဆင်က သွင်းယူခဲ့သည်။
…..
— အီတလီဒါဘီပွဲစဉ်တွင် ဂျူဗင်တပ်စ်က ကွန်ဆီကာအို၏ သွင်းဂိုးဖြင့် အင်တာမီလန်ကို အနိုင်ရရှိ
ဖေဖော်ဝါရီ ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရိသတ်များ မျှော်လင့်စောင့်စားနေသော ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့၏ အီတလီဒါဘီပွဲစဉ် (Derby d’Italia) တွင် ဂျူဗင်တပ်စ်က ဖရန်စစ္စကို ကွန်ဆီကာအို၏ နောက်ကျအနိုင်ဂိုးနှင့်အတူ အင်တာမီလန်အား အဲလီယန့်စ် အားကစားကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။
အဆိုပါ ပွဲစဉ်မှာ ပွဲအစမှအဆုံးတိုင်အောင် ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး နှစ်သင်းစလုံးက ဂိုးသွင်းခွင့်များကို ဆက်တိုက်ဖန်တီးနိုင်ခဲ့ကာ အင်တာမှ ဒွန်ဖရီ၏ကန်ချက်နှစ်ကြိမ် တိုင်ထိထွက်ခဲ့သည်။
ပွဲချိန် ၇၄ မိနစ်အရောက်တွင် ကိုလို မူအာနီက အင်တာနောက်ခံလူများကို ခံစစ်ဇုန်ထဲမှ မျှားခေါ်ကာ ခင်းပေးလိုက်သော ဘောလုံးကို ကွန်ဆီကာအိုက ဘယ်ခြေဖြင့်အဆုံးသတ်၍ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။ အင်တာမီလန်အနေဖြင့် ချေပဂိုးသွင်းယူရန် အခွင့်အရေးရခဲ့သော်လည်း မားကပ်စ် သူရမ်၏ အနီးကပ်ခေါင်းတိုက်ချက်မှာ ဂိုးဘားပေါ်မှ ကျော်သွားခဲ့သည်။
…..
— အာဂျင်တီးနားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဖွန်ဆီကာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ၎င်း၏ ပထမဆုံး ATP ချန်ပီယံဆုကို ဆွတ်ခူး
ဖေဖော်ဝါရီ ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဂျင်တီးနားအိုးပင်း ဗိုလ်လုပွဲတွင် ဘရာဇီးဆယ်ကျော်သက် တင်းနစ်ကစားသမား ဂျာအို ဖွန်ဆီကာက အိမ်ရှင်ပရိသတ်များ၏ အချစ်တော် တင်းနစ်ကစားသမား ဖရန်စစ္စကို ဆီရန်ဒိုလိုအား ၆-၄၊ ၇-၆ (၁) ဖြင့် အနိုင်ယူကာ ၎င်းအတွက် ပထမဆုံး ATP ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ဖွန်ဆီကာမှာ အသက်အရွယ်နှင့်မမျှအောင် တည်ငြိမ်သည့် လက်စွမ်းကို ပြသနိုင်ခဲ့ပြီး ဗျူနိုအေရိစ် မြက်ခင်းပြင် တင်းနစ်ကလပ်၏ ပြင်ပမြေစေးကွင်း၌ ပွဲကစားချိန် ၁ နာရီနှင့် ၄၅ မိနစ် ကြာ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ပထမစပေးဘောမှ ၇၃ ရာခိုင်နှုန်းကို အမှတ်ယူနိုင်ခဲ့သည်။
…..
— မီလန်မြို့တွင် ကျင်းပပြီးစီးခဲ့သည့် အမြန်စကိတ်စီးပြိုင်ပွဲတွင် တရုတ်အသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူး
ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သည့် ISU World Tour Milan ပတ်လမ်းတို အမြန်စကိတ်စီးပြိုင်ပွဲ နောက်ဆုံးနေ့တွင် တရုတ်အသင်းက ဆုတံဆိပ်များ ထပ်မံရယူနိုင်ခြင်း မရှိဘဲ စုစုပေါင်း ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခဲ့သည်။
မီတာ ၅,၀၀၀ အမျိုးသားလက်ဆင့်ကမ်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်အသင်းမှ စကိတ်စီးကစားသမား လေးဦးဖြစ်သော Sun Long ၊ Liu Shaolin ၊ Liu Shaoang နှင့် Liu Guanyi တို့မှာ ပြိုင်ပွဲပထမပိုင်းတွင် ထိပ်ဆုံးကစားသမားသုံးဦး စာရင်းဝင်ခဲ့သော်လည်း ပွဲချိန်နှောင်းပိုင်းတွင် Liu Guanyi က ရှုံးနိမ့်ခဲ့သဖြင့် တရုတ်အသင်း၏ ဆုတံဆိပ်ရရှိရေး မျှော်လင့်ချက်များ ပျက်ပြယ်ခဲ့ရသည်။ ပြိုင်ပွဲနောက်ဆုံးအဆင့်တွင် အိမ်ရှင်အီတလီက ကနေဒါကို ကျော်တက်၍ ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့ကာ ကနေဒါက ငွေတံဆိပ်ဆု၊ ကာဇက်စတန်က ကြေးတံဆိပ်ဆု ဆွတ်ခူးသွားခဲ့သည်။ (Xinhua)


………………………..
(English Version)
Liverpool made to dig deep in Premier League, as Spurs beat Man Utd
Liverpool retained their seven-point lead at the top of the Premier League but were made to work hard for a 2-1 win over Wolverhampton Wanderers on Sunday.
Arne Slot was allowed to be in the Liverpool dugout after his red card at Goodison Park on Wednesday night, and saw his side took a 2-0 lead in the first half, as Luis Diaz chested in a scrappy goal from close range in the 15th minute.
Mohamed Salah doubled Liverpool’s lead from the penalty spot as Diaz was caught by Wolves goalkeeper Jose Sa in the 37th minute and it looked to be game over.
However, after VAR ruled out a second Liverpool penalty, Matheus Cunha curled in a lovely 67th-minute goal for the visitors, who pushed hard for an equalizer in the last 25 minutes.
Sunday also saw Tottenham win 1-0 at home over Manchester United thanks to James Maddison’s 13th-minute goal.
…..
Conceicao goal sees Juventus edge Inter in Serie A
Juventus registered its fourth consecutive win in all competitions, beating Inter Milan 1-0 at the Allianz Stadium in a highly-anticipated Derby d’Italia on Sunday thanks to a late winner from Francisco Conceicao.
It was an end-to-end thriller with both sides constantly creating scoring opportunities, as Dumfries hit the woodwork twice.
Juve broke the deadlock in the 74th minute when Kolo Muani drew out the defenders and laid the ball off for Conceicao to finish with a left-footed strike. Inter had a chance to equalize but Marcus Thuram saw a close-range header go over the bar.
…..
Fonseca wins historic first ATP title at Argentina Open
Brazilian teenager Joao Fonseca secured his first ATP tour title on Sunday by beating local favorite Francisco Cerundolo 6-4, 7-6(1) in the Argentina Open final.
The 18-year-old showed composure beyond his years, winning 73% of his first-serve points to prevail in an hour and 45 minutes on the outdoor clay of the Buenos Aires Lawn Tennis Club.
…..
China concludes short track speed skating Milan event with 1 gold, 1 bronze
China bagged one gold and one bronze but failed to add to its medal tally on the final competition day of the ISU Short Track Speed Skating World Tour Milan on Sunday.
In the men’s 5,000m relay final, China’s quartet of Sun Long, Liu Shaolin, Liu Shaoang and Liu Guanyi stayed within the top three for the first half of the race. However, a late-race fall by Liu Guanyi dashed China’s hopes of securing a medal. Host nation Italy surged ahead in the final stretch, overtaking Canada to clinch the gold. Canada settled for the silver, while Kazakhstan took the bronze.