Connect with us

Sino-Myanmar

မြန်မာနိုင်ငံ ပုဂံဒေသတွင် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအစီအစဉ် ပြုလုပ်မည်

မြန်မာနိုင်ငံ ပုဂံမြို့၊ ယွန်းထည်ဆိုင်ရှိ ရောင်စုံယွန်းထည်ပစ္စည်းများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအစီအစဉ်-၂၀၂၄ ကို မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ပုဂံမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်ထုတ် The Global New Light of Myanmar အရ သိရသည်။
ယင်းကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (၂၀၂၄) အစီအစဉ်အရ ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင်မူ ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ပန်းချီပြပွဲလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အမျိုးသား အနုပညာနှင့် ယဉ်‌ကျေးမှုတက္ကသိုလ် (ရန်ကုန်) အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
အနုပညာကူးလူးဖလှယ်မှုအစီအစဉ်များတွင် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ အနုပညာရှင်များ ပါဝင်ကြမည်ဖြစ်သည်။
ယင်းပြပွဲ၌ မြန်မာအနုပညာရှင် ၁၂ ဦး၏ အနုပညာလက်ရာများ၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်း စသည့်နိုင်ငံများမှ အနုပညာလက်ရာ လေးခုစီ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများမှ အနုပညာလက်ရာ နှစ်ခုစီ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
Lancang-Mekong Cultural Activity to be held in Myanmar’s Bagan
YANGON, Feb. 17 (Xinhua) — The Lancang-Mekong Cultural Activity 2024 will take place in Bagan in central Myanmar’s Mandalay region from Feb. 22 to 28, the official daily The Global New Light of Myanmar reported on Monday.
The event, to be held under the Lancang-Mekong Cooperation Special Fund (2024) program, will also feature an art exhibition on Feb. 25 at the Bagan Archaeological Museum, the report said, citing the National University of Arts and Culture, Yangon.
Artists from Myanmar, China, Cambodia, Laos, Thailand, and Vietnam will participate in art exchange programs, it said.
The exhibition will showcase artworks from 12 Myanmar artists, four each from China, Cambodia, and Thailand, and two each from Laos and Vietnam, it added.