Africa & Middle East
အစ္စရေးက အနောက်ဘက်ကမ်းဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် စစ်ပွဲဆင်နွှဲနေသည်ဟု ပါလက်စတိုင်း စွပ်စွဲ

ရာမာလာ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် အနောက်ဘက်ကမ်းဒေသ အထူးသဖြင့် မြောက်ပိုင်းဒေသများတွင် လူသတ်မှု၊ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းမှု၊ အိမ်ရာအဆောက်အအုံများကို ဖျက်ဆီးမှု စသော ရာဇဝတ်မှုများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စစ်ပွဲဆင်နွှဲနေသည်ဟု ပါလက်စတိုင်းဘက်က ဖေဖော်ဝါရီ ၁၉ ရက်၌ စွပ်စွဲပြောကြားခဲ့သည်။
အစ္စရေးတပ်ဖွဲ့ဝင်များက ဂျီနင်မြို့၊ တာလ်ကမ်မြို့နှင့် ယင်းမြို့များ၏ အနီးဝန်းကျင်ရှိ ဒုက္ခသည်စခန်းများအား ဖျက်ဆီးပစ်သည့် စစ်ဆင်ရေးတစ်ရပ်ကို စနစ်တကျ လုပ်ဆောင်နေသည်ဟု ပါလက်စတိုင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြန်ကြားရေးဝန်ကြီး နာဘီ အဘူ ရူဒေနာက ပြောကြားခဲ့ကြောင်း ပါလက်စတိုင်းသတင်းဌာန WAFA က သတင်းထုတ်ပြန်ခဲ့သည်။
ထိုစစ်ဆင်ရေးကြောင့် မြို့နေပြည်သူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည့်တိုင် နိုင်ငံတကာ အသိုင်းအဝိုင်းက အစ္စရေး၏ လူမျိုးရေးဝါဒဖြင့် သိမ်းပိုက်မှု၊ နယ်မြေချဲ့ထွင်မှုတို့အပေါ် ရေငုံနှုတ်ပိတ်နေဆဲဖြစ်သည်ဟု အဘူ ရူဒေနာက ပြောကြားခဲ့သည်။
အစ္စရေးက မိမိတို့လူမျိုးများနှင့် မိမိတို့နယ်မြေအား ဆက်လက်ကျူးကျော်နေခြင်းကို ကြားဝင်ဟန့်တားပေးရန် အမေရိကန်အစိုးရအား ၎င်းက တိုက်တွန်းခဲ့ကာ ထိုသို့လုပ်ဆောင်ခြင်းမရှိပါက အစ္စရေးအား ပိုမိုရဲတင်းလာစေပြီး အကြမ်းဖက်မှုများ ထိန်းမနိုင်သိမ်းမရ အရှိန်မြင့်တက်လာသည့် အခြေအနေဆီသို့သာ ဦးတည်စေလိမ့်မည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1ih
…………………………..
(English Version)
Palestine accuses Israel of waging “comprehensive war” on West Bank
RAMALLAH, Feb. 19 (Xinhua) — Palestine on Wednesday accused Israel of waging a comprehensive war on the West Bank, particularly in the northern regions, involving “crimes of murder, displacement, and the destruction of property.”
In a statement issued by the Palestinian News Agency WAFA, Deputy Prime Minister and Minister of Information Nabil Abu Rudeineh said Israeli forces were conducting a systematic campaign of destruction in the cities of Jenin and Tulkarm and their surrounding camps.
Abu Rudeineh said the campaign has resulted in the deaths of dozens of citizens while the international community remains silent about Israel’s plans for “racist annexation and territorial expansion.”
He called on the U.S. administration’s intervention to halt “the ongoing Israeli aggression against our people and land,” warning that failing to do so would only embolden Israel and lead to an uncontrollable escalation of violence. xhtxs.cn/1ih
English Caption
Israeli soldiers prevent displaced Palestinians in the West Bank city of Jenin from getting back to their houses in the Jenin refugee camp, on Feb. 19, 2025. (Photo by Nidal Eshtayeh/Xinhua)