Myanmar
ဆက်သွယ်ရေးလိမ်လည်မှုများတွင် ဆက်စပ်ပါဝင်သူ ၂၀၀ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်

နန်ကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဆက်သွယ်ရေးလိမ်လည်မှုတွင် ဆက်စပ်ပါဝင်ခဲ့သော တရုတ်နိုင်ငံသား ၂၀၀ ဦးကို မြန်မာနိုင်ငံ မြဝတီမြို့မှ လွှဲပြောင်းခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့၏ စောင့်ကြပ်မှုဖြင့် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ ရက်၌ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သံသယရှိသူများသည် အထူးလေယာဉ်များစွာဖြင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ရှိ လေဆိပ်သို့ မရောက်ရှိမီ ထိုင်းနိုင်ငံသို့ ပထမဆုံးပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သံသယရှိသူများအား ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းသည် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အောင်မြင်မှု အထိမ်းအမှတ်ဖြစ်ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

တရားမဝင် ဝင်ရောက်လာသူများအား ပြန်လည်လွှဲပြောင်းပေးအပ်စဉ် (ဓာတ်ပုံ- MOI)

တရားမဝင် ဝင်ရောက်လာသူများအား ပြန်လည်လွှဲပြောင်းပေးအပ်စဉ် (ဓာတ်ပုံ- MOI)
……………………
(English Version)
200 fraud suspects repatriated from Myanmar to China
NANJING, Feb. 20 (Xinhua) — A group of 200 Chinese citizens suspected of involvement in fraud returned to China under the escort of Chinese police on Thursday after being repatriated from Myawaddy in Myanmar.
The suspects were first sent to Thailand before being flown back to China on several chartered flights, which arrived at an airport in Nanjing, the capital of eastern Jiangsu Province.
The repatriation of these suspects marks a significant achievement of law enforcement cooperation between China, Myanmar and Thailand against telecom fraud, according to a statement by the Ministry of Public Security.