Connect with us

Asia

ဖိလစ်ပိုင် ဒုတိယသမ္မတက ၎င်းအပေါ် စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ကြားနာမှုအား တားဆီးပေးပါရန် တရားရုံးချုပ်ထံ အသနားခံ

ဖိလစ်ပိုင်နိုင်ငံ မန်ဒါလူယွန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ရှင်းလင်းပြောကြားနေသည့် ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ ဆာရာ ဒူတာတေးအနေဖြင့် အောက်လွှတ်တော်မှ တင်သွင်းထားသော စတုတ္ထအကြိမ် စွပ်စွဲပြစ်တင်မှု အဆိုပြုလွှာ၏ တရားဝင်ဖြစ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုတို့အပေါ် မေးခွန်းထုတ်လျက် နိုင်ငံတော်တရားရုံးချုပ်ထံ အသနားခံစာ တင်သွင်းခဲ့ကြောင်း တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
တရားရုံးချုပ်အနေဖြင့် ဒူတာတေး၏ အသနားခံစာကို ဖေဖော်ဝါရီ ၁၈ ရက်၌ လက်ခံရရှိခဲ့ကြောင်း တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။ သို့ရာတွင် တရားရုံးချုပ်က ထိုကိစ္စရပ်အား လက်ခံခြင်းမရှိသေးပေ။
စွပ်စွဲပြစ်တင်ခံရသော ဒုတိယသမ္မတ ဒူတာတေးက ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီအောင် ထိန်းမတ်ပေးရေးအတွက် တရားရုံးချုပ်အနေဖြင့် ဥပဒေကြောင်းအရ ကြားဝင်ပေးပါရန် တောင်းခံကာ ဥပဒေရေးရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အလေးအနက် စိုးရိမ်မှုကို ယင်းအသနားခံစာ၌ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဥပဒေအကျိုးဆောင်အဖွဲ့က ပြောကြားခဲ့သည်။
အောက်လွှတ်တော်အမတ် ၃၀၆ ဦးအနက် ၂၁၅ ဦးက ဒူတာတေးကို စွပ်စွဲပြစ်တင်မှု အဆိုပြုလွှာအား လက်မှတ်ရေးထိုးကာ စိစစ်အတည်ပြုပြီးနောက် အောက်လွှတ်တော်က ၎င်းအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်၌ စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1iZ
………………………………………………….
(English Version)
Philippine VP asks Supreme Court to stop her impeachment trial
MANILA, Feb. 20 (Xinhua) — Philippine Vice President Sara Duterte has filed a petition with the Supreme Court questioning the validity and constitutionality of the fourth impeachment complaint transmitted by the House of Representatives, a spokesperson for the High Court said Wednesday.
The Supreme Court spokesperson confirmed that the High Court received Duterte’s petition on Tuesday. However, the High Court has yet to take up the matter.
In her petition, a law firm representing Duterte said the impeached vice president “seeks judicial intervention from the High Court to uphold due process and raises serious legal and constitutional concern.”
On Feb. 5, 2025, the House of Representatives impeached Duterte after 215 out of its 306 Members signed and verified the impeachment complaint against her. xhtxs.cn/1iZ
English Caption
Philippine Vice President Sara Duterte speaks during a press briefing in Mandaluyong City, the Philippines, Feb. 7, 2025. (Str/Xinhua)