International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အဲဗာတန်နှင့် မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးနှင့် လီဗာပူးလ် ပွဲစဉ်များက ပရိသတ်အထူးစိတ်ဝင်စားမည့် ပွဲစဉ်များဖြစ်
ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အနီးဝန်းကျင် မြို့များဖြစ်သည့် လီဗာပူးလ်နှင့် မန်ချက်စတာမြို့၌ ယှဉ်ပြိုင်ကစားမည့် အဲဗာတန်နှင့် မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးနှင့် လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့နေသည့် ပွဲစဉ်များမှာ ပရိသတ်များ အထူးစိတ်ဝင်စားကြမည့် ပွဲစဉ်များဖြစ်သည်။
အဲဗာတန်အသင်းထံ နည်းပြဒေးဗစ်မွိုက်စ် ရောက်ရှိလာပြီးနောက် နောက်ဆုံးငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားကာ တန်းဆင်းရနိုင်သည်ဟူသော ပြောဆိုမှုများကို အဆုံးသတ်စေခဲ့သည်။ ဂွတ်ဒီဆင်ပါ့ခ်တွင် ဖေဖော်ဝါရီ ၂၂ ရက်၌ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မတိုင်မီ အဲဗာတန်က အမှတ်ပေးဇယားတွင် အဆင့်-၁၅ ၌ရှိနေသော မန်ချက်စတာယူနိုက်တက်၏ အထက်တွင် ရပ်တည်လျက်ရှိသည်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်မ်အဖို့ အာမက် ဒီယာလိုနှင့် လီဆန်ဒရို မာတီနက်ဇ်တို့အား ရာသီကုန်အထိ လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သလို ကိုဘီ မိန်နူး၊ မန်နျူရယ် အူဂါတေးနှင့် ခရစ်ရှန် အဲရစ်ဆင်တို့မှာလည်း ပါဝင်နိုင်ရန် မသေချာသည့်အတွက် ၎င်းရင်ဆိုင်နေရသော အခက်အခဲများကို ပိုမိုဆိုးရွားစေခဲ့သည်။
မန်ချက်စတာစီးတီးအသင်းမှာလည်း ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်၏ နောက်ကောက်ချခြင်း ခံရပြီးနောက် ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်နှင့် အိမ်ကွင်း၌ ရင်ဆိုင်မတွေ့မီ ပြဿနာများနှင့် ရင်ဆိုင်နေရသည်။
ရိုဒရီ၊ မန်နျူရယ် အကန်ဂျီတို့နည်းတူ ဂျွန်စတုန်းမှာလည်း စီးတီး၏ ဒဏ်ရာရကစားသမားစာရင်းတွင် ပါဝင်လာခဲ့သလို ဂျက်ခ် ဂရီးလစ်ရှ်နှင့် အာလင် ဟာလန်းတို့မှာလည်း ဖေဖော်ဝါရီ ၁၉ ရက် ချန်ပီယံလိဂ်ပွဲစဉ်၌ ပါဝင်ခဲ့ခြင်းမရှိသဖြင့် ပါဝင်ကစားနိုင်ရန် မသေချာသည့် အနေအထားတွင် ရှိနေသည်။
လီဗာပူးလ်အနေဖြင့် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက အက်စတွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အဝေးကွင်းပွဲစဉ်၌ ၂ ဂိုးစီ သရေရလဒ်ကို ထိန်းထားနိုင်ခဲ့သော်လည်း အာဆင်နယ်က ဖေဖော်ဝါရီ ၂၂ ရက်၌ ဝက်စ်ဟမ်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည့် လန်ဒန်ဒါဘီတွင် အနိုင်ရရှိမည်ဆိုလျှင် လီဗာပူးလ်အနေဖြင့် အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သည့် အာဆင်နယ်အား ငါးမှတ်သာ ဖြတ်ထားနိုင်တော့မည်ဖြစ်သည်။
….
— နေးရှင်းလိဂ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် စပိန်အသင်းက နောက်ကျဂိုးများဖြင့် အနိုင်ရရှိ
ဖေဖော်ဝါရီ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် လက်ရှိချန်ပီယံ စပိန်အသင်းက အိမ်ကွင်း၌ ဘယ်လ်ဂျီယမ်အား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်နေသော်လည်း နာကျင်အချိန်ပို သွင်းဂိုးနှစ်ဂိုးနှင့်အတူ ၃-၂ ဂိုးဖြင့် အနိုင်ပြန်ယူခဲ့သည်။
ယခုပွဲစဉ်တွင် ဘယ်လ်ဂျီယမ်အနေဖြင့် ပြောင်မြောက်သော ခံစစ်ပိုင်းစွမ်းဆောင်ရည် ပြသခဲ့သလို ဂိုးသမား နစ်ကီ အက်ဗ်ရက်ဒ်ကလည်း အကောင်းဆုံး ကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့သော်လည်း ပွဲချိန် ၉၂ မိနစ်နှင့် ၉၆ မိနစ်တွင် လူစီယာ ဂါစီယာနှင့် ခရစ္စတီးနား မာတင်-ပရက်တိုတို့က ဘယ်လ်ဂျီယမ်အား အသည်းခွဲဂိုးများ သွင်းယူခဲ့သည်။
စပိန်အသင်းအနေဖြင့် ယခုပွဲစဉ်တွင် ဂိုးကန်သွင်းမှုပေါင်း ၂၅ ကြိမ်ကျော် ပြုလုပ်ခဲ့သလို ထောင့်ကန်ဘော ၁၉ ကြိမ် ရရှိခဲ့သော်လည်း အိမ်ကွင်း၌ ရှုံးပွဲမကြုံရစေရန် အသည်းအသန် ကစားခဲ့ရသည်။
…..
— ရီယိုအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကိုမယ်ဆာနာက ဇဲရက်ဗ်အား အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ရောက်
ဖေဖော်ဝါရီ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ATP 500 ရီယိုအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် အာဂျင်တီးနားမှ ဖရန်စစ္စကို ကိုမယ်ဆာနာက ဆီဒင်-၁ ကစားသမား အလက်ဇန်းဒါး ဇဲရက်ဗ်အား တစ်ပွဲရှုံးနိမ့်နေရာမှ ပြန်လည်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
Jockey Club Brasileiro မြေစေးကွင်း၌ ပွဲချိန် ၂ နာရီနှင့် ၃၁ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ကိုမယ်ဆာနာက ၎င်း၏ ပထမစပေးဘောမှ အမှတ်ရရှိမှု ၇၁ ရာခိုင်နှုန်းရှိခဲ့ကာ break point ၇ ကြိမ်တွင် ၄ ကြိမ် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
…..
— FIBA အာရှဖလား အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ လက်ရည်စစ်ပွဲတွင် တရုတ်အသင်းက ဂျပန်အသင်းအား အနိုင်ယူ
ဖေဖော်ဝါရီ ၂၀ ရက် ညနေခင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် FIBA အာရှဖလား လက်ရည်စစ်ပွဲ အုပ်စု-C တွင် တရုတ်အမျိုးသား ဘတ်စကက်ဘောအသင်းက ဂျပန်အသင်းအား ၁၀၀-၅၈ မှတ်ဖြင့် အနိုင်ရရှိကာ အာရှဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်သည်။ (Xinhua)
…………………….
(English Version)
Liverpool, Manchester both in spotlight in Premier League weekend
The neighboring cities of Liverpool and Manchester will take center stage in the Premier League this weekend in what promises to be two fascinating games between Everton and Manchester United and Manchester City and Liverpool.
David Moyes’ arrival at Everton has ended all talk of relegation after four wins and a draw from their last five games. That run has even lifted them above Manchester United, who sit in 15th place ahead of their last-ever visit to Goodison Park on Saturday.
Amorim has lost Amad Diallo and Lisandro Martinez for the rest of the season and has doubts over Kobbie Mainoo, Manuel Ugarte and Cristian Eriksen to add to his problems.
Manchester City also has issues ahead of their game at home to league leaders Liverpool on Sunday after they were dumped unceremoniously out of the Champions League by Real Madrid in midweek.
City saw John Stones added to their injury list, which includes Rodri and Manuel Akanji, while Jack Grealish and Erling Haaland have to be considered doubts after not playing on Wednesday.
Liverpool was held to a thrilling 2-2 draw away to Aston Villa on Wednesday night and their lead at the top of the table could be down to just five points by kick-off if Arsenal wins their London derby at home to West Ham on Saturday.
…..
Late goals give Spain win in Women’s Nations League
Spain kicked off its title defense of the UEFA Women’s Nations League in dramatic fashion as it scored two injury-time goals to come back from 2-0 down to win 3-2 at home to Belgium on Friday.
Lucia Garcia and Cristina Martin-Prieto scored after 92 and 96 minutes to break the Belgian’s hearts when it looked as if a heroic defensive display and some fine goalkeeping from Nicky Evrard would give the visitors a win.
Spain had over 25 shots and took 19 corners in the match, but had looked set to slide to a home defeat.
…..
Comesana stuns Zverev to reach Rio Open semis
Unheralded Argentine Francisco Comesana recovered from a set down to eliminate top seed Alexander Zverev and reach the semifinals of the ATP 500 Rio Open on Friday.
Comesana won 71 percent of his first-serve points and converted four of seven break points to prevail in two hours and 31 minutes on the outdoor clay of the Jockey Club Brasileiro.
…..
China defeats Japan to secure spot in FIBA Men’s Asia Cup
The Chinese men’s basketball team won 100-58 over Japan in a Group C game of the 2025 FIBA Asia Cup qualifiers on Thursday evening, securing its place in the Asia Cup.