Connect with us

China

တရုတ်နိုင်ငံ၏ နည်းပညာအချက်အချာမြို့ ဆန်းကျန့်က AI ကဏ္ဍတိုးတက်မှု အရှိန်မြှင့်တင်ရေးအတွက် ရန်ပုံငွေ ယွမ် ၁၀ ဘီလီယံ သုံးစွဲရန်ကြေညာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ လျန်ဟွာဆန်းပန်းခြံတွင် စမတ်နည်းပညာသုံး မောင်းသူမဲ့ယာဉ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်းရှိ နည်းပညာအချက်အချာမြို့ဖြစ်သော ဆန်းကျန့်သည် ဉာဏ်ရည်တုနည်းပညာ (AI) နှင့် စက်ရုပ်တီထွင်အသုံးချမှုပညာများ တိုးတက်ရေးအတွက် ပံ့ပိုးကူညီရန် လုပ်ငန်းရန်ပုံငွေ ယွမ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၉ ဘီလီယံခန့်) အသုံးပြုမည်ဖြစ်ပြီး AI ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနှင့် အသိဉာဏ်စုပေါင်းထည့်သွင်းမှု စသည့်ကဏ္ဍများအပေါ် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ရန်ပုံငွေသည် ဆန်းကျန့်မြို့အနေဖြင့် AI ဆန်းသစ်တီထွင်မှုဆိုင်ရာ ကမ္ဘာ့အချက်အချာအဖြစ် ၎င်း၏ ရပ်တည်မှု ခိုင်မာအားကောင်းလာရေးကို ပိုမိုကျယ်ပြန့်စွာတွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China’s tech hub Shenzhen to launch 10 bln yuan fund to accelerate AI industry growth
SHENZHEN, Feb. 24 (Xinhua) — The south China tech hub of Shenzhen will launch a 10 billion yuan (about 1.39 billion U.S. dollars) industry fund to support the development of artificial intelligence (AI) and robotics, focusing on AI software, hardware and embodied intelligence, local authorities said Sunday.
The fund is part of the city’s broader push to strengthen its position as a global hub for AI innovation.
Photo: This photo taken on Dec. 27, 2024 shows a smart unmanned vehicle at Lianhuashan Park in Shenzhen, south China’s Guangdong Province. (Xinhua/Liang Xu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.