China
ပေကျင်းမြို့တွင် CR450 ကျည်ဆန်ရထားရှေ့ပြေးပုံစံ စမ်းသပ်ပြေးဆွဲ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
တစ်နာရီလျှင် ကီလိုမီတာ ၄၅၀ အမြန်နှုန်းအထိပြေးဆွဲနိုင်ပြီး လုပ်ငန်းလည်ပတ်မှုအရှိန် တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ ရှိသော CR450 ကျည်ဆန်ရထားရှေ့ပြေးပုံစံကို မကြာသေးမီက ပေကျင်းမြို့တွင် ပွဲဦးထွက်ပြသခဲ့ရာ ရထားလုပ်ငန်းနည်းပညာ၌ တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် အောင်မြင်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာရထားလုပ်ငန်းအပေါ် တရုတ်နိုင်ငံ၏ အထောက်အကူပြုမှုများကို မီးမောင်းထိုးပြသလိုက်ခြင်း ဖြစ်သည်။
CR450 ကျည်ဆန်ရထားရှေ့ပြေးပုံစံသည် လက်ရှိပြေးဆွဲနေသော၊ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြန်နှုန်းရှိသည့် CR400 ဖူရှင်းမြန်နှုန်းမြင့်ရထားထက် သိသိသာသာပိုမိုမြန်ဆန်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ရထားလုပ်ငန်းအုပ်စုကုမ္ပဏီလီမိတက် (China Railway) သည် လက်ရှိတွင် ရထားရှေ့ပြေးပုံစံများကို စမ်းသပ်မှုများစွာ စီစဉ်ဆောင်ရွက်လျက်ရှိသလို CR450 ရထားကို ဆောလျင်စွာ သေသေချာချာ စီးပွားဖြစ်လည်ပတ်နိုင်ရေးအတွက် နည်းပညာဆိုင်ရာ အချက်ပြမှုများကိုလည်း ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် စမ်းသပ်ပြေးဆွဲနေသော CR450 ကျည်ဆန်ရထားရှေ့ပြေးပုံစံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် စမ်းသပ်ပြေးဆွဲနေသော CR450 ကျည်ဆန်ရထားရှေ့ပြေးပုံစံရှိ အသံဆူညံမှုအာရုံခံစနစ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Prototype of CR450 bullet train undergoes tests in Beijing
Prototypes of the CR450 bullet train, with a test speed of up to 450 kilometers per hour and an operational speed of 400 kilometers per hour, were debuted in Beijing recently, highlighting China’s cutting-edge advancements in rail technology and contributions to the global rail industry.
The CR450 is significantly faster than the CR400 Fuxing high-speed trains currently in service, which operate at speeds of 350 kilometers per hour.
The China State Railway Group Co., Ltd. (China Railway) currently is arranging a series of line tests for the prototypes and optimize technical indicators to ensure the CR450 enters commercial service as soon as possible.
Photo 1 – 5: This photo shows a prototype of CR450 bullet train undergoing tests in Beijing, capital of China, Feb. 25, 2025. (Xinhua/Xing Guangli)
Photo 6: This photo shows a noise sensor in a prototype of CR450 bullet train in Beijing, capital of China, Feb. 25, 2025. (Xinhua/Li Xin)