International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်တွင် ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ် လေးဂိုးစီ သရေရလဒ်ထွက်ပေါ်
ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးများဖြင့် ၄ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသများကို ပေးစွမ်းနိုင်ခဲ့သည်။
ပွဲစပြီး စက္ကန့် ၅၀ အကြာမှာပင် အန်တိုနီ ဂရီးဇ်မန်း၏ ထောင့်ကန်ဘောမှတစ်ဆင့် ဟူလီယန် အယ်လ်ဗာရက်ဇ်က အဝေးတိုင်ဆီသို့ တည်တည်ငြိမ်ငြိမ် ပိတ်သွင်းနိုင်ခဲ့သဖြင့် အက်သလက်တီကိုအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ထို့နောက် ပွဲချိန် ၈ မိနစ်တွင် အယ်လ်ဗာရက်ဇ် မျှောထိုးပေးသည့် ဘောလုံးကို ဂရီးဇ်မန်းက ဘာစီလိုနာ ခံစစ်ကစားသမားများ ရှေ့တက်နေသည်ကို အခွင့်ကောင်းယူ၍ အတွင်းသို့ချိုးဝင်ကာ ညာခြေဖြင့် သွင်းယူခဲ့သည်။
သို့သော် ဘာစီလိုနာက ကစားကွက်ပြန်မိလာခဲ့ပြီး ပွဲချိန် ၁၉ မိနစ်တွင် ပက်ဒရီက လာမင်း ယမားလ်နှင့် ဂျူးလက်စ် ကွန်ဒေး၏ လှပကောင်းမွန်သော တွဲလုံးမှတစ်ဆင့် သေသေသပ်သပ် ကန်သွင်းကာ ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် တစ်မိနစ်အကြာတွင် ဘာစီလိုနာအသင်း ထောင့်ကန်ဘောရရှိရာ ပါအူး ကူဘာစီက ပတ်ဘလို ဘာရီယို့စ်အားကျော်၍ အမြင့်ခုန်ခေါင်းတိုက်ကာ ဒုတိယချေပဂိုး သွင်းယူခဲ့သည်။
ထို့နောက် ဘာစီလိုနာအသင်းရရှိသော ထောင့်ကန်ဘောအား အက်သလက်တီကိုခံစစ် ရှင်းမထုတ်နိုင်စဉ် လူကပ်ခံရခြင်းမရှိသည့် အီနီဂို မာတီနက်ဇ်က အပိုင်ပိတ်သွင်း၍ ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
သို့သော် ဒုတိယပိုင်းတွင် အက်သလက်တီကိုက ကစားပုံ သွက်လက်မြန်ဆန်လာပုံရသော်လည်း ပွဲချိန် ၇၄ မိနစ်တွင် ယမားလ်၏ ထိပ်တန်းအဆင့် ဖန်တီးပေးမှုမှတစ်ဆင့် ရောဘတ်လီဝန်ဒေါစကီးက ပိတ်သွင်းကာ ဦးဆောင်ဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာက ပွဲကိုထိန်းချုပ်နိုင်တော့မည့် အခြေအနေ ဖြစ်လာခဲ့သည်။
ပွဲကစားချိန် နှစ်မိနစ်သာ ကျန်ရှိချိန်တွင် ကွင်းထဲသို့ ကလေးငယ်နှစ်ဦး ဝင်ရောက်လာသဖြင့် ပွဲကို ခေတ္တရပ်နားခဲ့ရသည်။ ထို့နောက် ပွဲပြန်လည်စတင်ပြီး မကြာမီတွင် ဆမ်မြူရယ် လီနို၏ ကောင်းမွန်သော လုပ်အားနှုန်းကြောင့် ရရှိလာသော အခွင့်အရေးကို အလက်ဇန်းဒါး ဆော်လော့သ်က အသုံးချ၍ ချေပဂိုးသွင်းယူနိုင်ခဲ့သဖြင့် ၄ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
…..
— ပရီးမီးယားလိဂ်တွင် ချဲလ်ဆီး ထိပ်ဆုံးလေးသင်းထဲ ပြန်လည်ပါဝင်လာပြီး ပဲလေ့စ်က ဗီလာကို ဂိုးပြတ်အနိုင်ယူ
ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချဲလ်ဆီးက အမှတ်ပေးဇယား အောက်ဆုံးမှ ဆောက်သမ်တန်အား အိမ်ကွင်း၌ ၄-၀ ဂိုးပြတ်အနိုင်ယူကာ ရလဒ်ပိုင်း ကျဆင်းနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ထိပ်ဆုံးလေးသင်းထဲသို့ ပြန်ရောက်ရှိလာခဲ့သည်။
အန်ဇို မာရက်စကာ၏အသင်းမှာ ခရစ္စတိုဖာ အန်ကူကူ၊ ပက်ဒရို နက်တို၊ လယ်ဗီ ကိုးလ်ဝေးနှင့် မာ့ခ်ကူကူရယ်လာတို့၏ သွင်းဂိုးများနှင့်အတူ နိုင်ပွဲရရှိခဲ့ပြီး သံသယအချို့ကို ချေဖျက်နိုင်ခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်နှင့် အက်စတွန်ဗီလာတို့၏ ပွဲစဉ်တွင်မူ ခရစ္စတယ်ပဲလေ့စ်က အကောင်းဆုံးပုံစံကို ဆက်လက်ပြသခဲ့ပြီး အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပဲလေ့စ်အတွက် အနိုင်ဂိုးများကို အစ္စမေလာဆား တစ်ဦးတည်းက နှစ်ဂိုးသွင်းယူခဲ့ပြီး ယွန်-ဖိလစ် မာတေတာနှင့် အက်ဒီ အင်န်ကီတီယာတို့က တစ်ဂိုးစီသွင်းယူခဲ့ကာ ဧည့်သည်အသင်းအတွက် ချေပဂိုးကိုမူ မော်ဂန် ရော်ဂျာစ်က သွင်းယူခဲ့သည်။
…..
— ဖော်မြူလာဝမ်း ဩစတြေးလျ ဂရင်းပရီပြိုင်ပွဲတွင် ပြိုင်ပွဲအပြီး၌ ပရိသတ်များ ပြိုင်ကားပြေးလမ်းဆီသို့ ဝင်ရောက်ခြင်းအား ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်း
ဖော်မြူလာဝမ်း ဩစတြေးလျ ဂရင်းပရီပြိုင်ပွဲ စီစဉ်သူများက ကားမောင်းပြိုင်ပွဲအပြီးတွင် ပြိုင်ကားပြေးလမ်းများဆီသို့ ပရိသတ်များ ဝင်ရောက်မလာအောင် ပိတ်ပင်ထားမှုကို ရုပ်သိမ်းကြောင်း ဩစတြေးလျ ရုပ်သံလွှင့်ကော်ပိုရေးရှင်း (ABC) ရုပ်သံက ဖေဖော်ဝါရီ ၂၆ ရက်၌ ဖော်ပြခဲ့သည်။
ပရိသတ်များက ပြိုင်ကားအားလုံး ပန်းမဝင်မီ လုံခြုံရေးခြံစည်းရိုးနှင့် အကာအရန်များကို ကျော်ဖြတ်ကာ Albert Park ပြေးလမ်းထဲသို့ ဝင်ရောက်မှု ၂၀၂၃ ခုနှစ်၌ ဖြစ်ပွားခဲ့ပြီးနောက် ပြိုင်ပွဲအပြီးတွင် ပြိုင်ကားပြေးလမ်းဆီသို့ ပရိသတ်များ ဝင်ရောက်သည့် အလေ့အထကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
…..
— WTA 250 အေတီအိတ်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံယွမ်ယွဲ့ ပြိုင်ပွဲမှထွက်ခွာခဲ့ရ
ဖေဖော်ဝါရီ ၂၄ ရက်က အမေရိကန်နိုင်ငံ အော်စတင်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် WTA 250 အေတီအိတ်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ တရုတ်တင်းနစ်မယ် ယွမ်ယွဲ့မှာ ပြိုင်ပွဲမှ စောစီးစွာထွက်ခွာခဲ့ရသည်။
ယမန်နှစ်ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းမှ ဝမ်ရှီးယွီအား နှစ်ပွဲပြတ်အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ကာ ယခုနှစ်ပြိုင်ပွဲတွင် ဆီဒင်-၄ ရရှိထားသည့် ယွမ်မှာ ပွဲကစားချိန် ၂ နာရီနှင့် ၁၂ မိနစ်ကြာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည့် ပထမအဆင့်ပွဲစဉ်တွင် ဩစတြေးလျတင်းနစ်မယ် ကင်ဘာလေ ဘီရာရယ်လ်အား ၆-၇(၅)၊ ၆-၇(၅) ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………….
(English Version)
Barcelona, Atletico Madrid share eight goals in Copa de Rey thriller
FC Barcelona and Atletico Madrid played out a thrilling 4-4 draw in the first leg of their Copa del Rey semifinal at Montjuic on Tuesday night, featuring a dramatic back-and-forth scoring spree that kept fans on the edge of their seats.
Atletico took the lead after just 50 seconds when Antoine Griezmann’s corner was flicked on for Julian Alvarez, who calmly slotted the ball home at the far post. Alvarez then turned provider in the eighth minute, slipping the ball to Griezmann, who capitalized on Barcelona’s high defensive line to turn inside and score with his right foot.
However, Barca found their rhythm as Pedri gave them a lifeline in the 19th minute, neatly finishing after brilliant work from Lamine Yamal and Jules Kounde. Just a minute later, Pau Cubarsi outjumped Pablo Barrios to nod in from a corner and level the match.
Inigo Martinez then put Barcelona ahead by sneaking in unmarked to finish off another inswinging corner that Atletico failed to clear.
Atletico responded in the second half, looking to regain momentum, but in the 74th minute, Robert Lewandowski tapped in after a superb setup from Yamal, seemingly putting Barca in control.
There were two minutes left when the game was halted as two children invaded the pitch, and Alexander Sorloth made it 4-4 soon afterwards following excellent work from Samuel.
…..
Chelsea back into top four, Palace thrashes Villa in Premier League
Chelsea ended a poor run of form with a 4-0 win at home to rock-bottom Southampton that lifted them back into the Premier League’s top four on Tuesday night.
Enzo Maresca’s side ended some doubts after recent poor displays with goals from Christopher Nkunku, Pedro Neto, Levi Colwill and Marc Cucurella.
Ismaila Sarr scored twice as Crystal Palace continued their excellent form with a 4-1 win at home to Aston Villa. Jean-Philippe Mateta and Eddie Nketiah also scored for Palace, while Morgan Rogers netted for the visitors.
…..
F1 Australian GP lifts ban on post-race track walk
Organizers of the Formula 1 Australian Grand Prix have lifted a ban on spectators entering the track at the conclusion of the race, Australian Broadcasting Corporation (ABC) reported on Wednesday.
The ban on the traditional post-race track walk was implemented after spectators in 2023 broke through safety fences and barriers and entered the Albert Park track before all the cars had finished the race.
…..
Defending champion Yuan Yue crashes out in WTA 250 Austin first round
Defending champion Yuan Yue of China suffered an early exit at the WTA 250 ATX Open in Austin on Monday.
Fourth seed Yuan, who triumphed at last year’s tournament with a straight-sets win over compatriot Wang Xiyu, fell to Australia’s Kimberly Birrell 6-7(5), 6-7(5) in a grueling first-round match that lasted two hours and 12 minutes.