International Organizations
၂၀၂၅ ခုနှစ် မတ် ၁၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အာဆင်နယ်က မန်ချက်စတာယူနိုက်တက်နှင့် သရေကျခဲ့သဖြင့် ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း၏ ဦးဆောင်မှု ပိုမိုပြတ်သားလာ
လီဗာပူးလ်အသင်းက မတ် ၈ ရက်တွင် ဆောက်သမ်တန်အား အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အာဆင်နယ်ကမူ မတ် ၉ ရက်တွင် မန်ချက်စတာယူနိုက်တက်နှင့် အဝေးကွင်းပွဲစဉ်၌ ၁-၁ ဂိုး သရေကျခဲ့သဖြင့် လီဗာပူးလ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးတွင် အာဆင်နယ်အသင်းထက် ၁၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ခဲ့သည်။
ပထမပိုင်းပြီးခါနီးတွင် ဘရူနို ဖာနန်ဒက်ဇ်က အလွတ်တည်ကန်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သဖြင့် အိုးလ်ထရက်ဖို့ဒ်၌ အာဆင်နယ်အသင်း နောက်မှလိုက်ကစားခဲ့ရသည်။
ဖာနန်ဒက်ဇ်အနေဖြင့် ပင်နယ်တီဧရိယာအပြင်ဘက်တွင် ရရှိသော အလွတ်တည်ကန်ဘောအား အာဆင်နယ် ဂိုးပေါက်ထဲသို့ ဝေ့ဝိုက်ကန်သွင်းရန် နေရာလွတ်အများအပြား ရရှိခဲ့ပုံရသည်။
အာဆင်နယ်က ယူနိုက်တက်အား အဝေးကွင်း၌ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ အသာစီးယူထားသော်လည်း ပွဲကစားချိန် ၇၄ မိနစ်ရောက်မှသာ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်၏ လှပသေသပ်သော ကန်ချက်ဖြင့် ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အာဆင်နယ်၏ လက်တွေ့ကျသော ရည်မှန်းချက်မှာ ဒုတိယနေရာကို အခိုင်အမာ ထိန်းချုပ်နိုင်ရေးပင်ဖြစ်သည်။
…..
— လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက်ရှိမည့် အခွင့်အရေးအား အက်သလက်တီကို လွဲချော်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ဗယ်လက်ကာနိုအား အနိုင်ရရှိ
မတ် ၉ ရက် နေ့လယ်ခင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ်က ဂီတာဖေးအား အဝေးကွင်း၌ တစ်ဂိုးအသာဖြင့် ဦးဆောင်ထားသော်လည်း ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။
ရီးရဲလ်မက်ဒရစ်ကမူ ပထမပိုင်းပွဲကစားချိန် မိနစ် ၃၀ နှင့် ၃၄ မိနစ်တို့တွင် ကီလီယန် အမ်ဘာပေ၊ ဗင်နီစီယပ်စ် ဂျူနီယာတို့၏ လှပသေသပ်သောသွင်းဂိုးများဖြင့် ရာယို ဗယ်လက်ကာနိုအား အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် ဦးဆောင်ထားခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ပက်ဒရို ဒီယက်ဇ်က ဧည့်သည်အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သဖြင့် ၂-၁ ဂိုး ဖြစ်သွားခဲ့သည်။
ဒုတိယပိုင်းတွင် ရီးရဲလ်အသင်းက ဗယ်လက်ကာနိုအား ဘောလုံးပိုင်ဆိုင်မှု အသာစီးယူခွင့် ပေးထားသော်လည်း ဗယ်လက်ကာနိုက ချေပဂိုးရရှိနိုင်မည့် အခွင့်အရေးကောင်းများ ဖန်တီးနိုင်ခြင်းမရှိသဖြင့် ပွဲရလဒ် အပြောင်းအလဲမရှိဘဲ ရီးရဲလ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
သို့ဖြစ်ရာ ရီးရဲလ်က အမှတ်ပေးဇယားတွင် အက်သလက်တီကိုအထက်၌ ရပ်တည်လျက်ရှိပြီး ၎င်းတို့နှစ်သင်းမှာ ချန်ပီယံလိဂ် ဒုတိယအကျော့ အဆုံးအဖြတ်ပွဲစဉ်အဖြစ် မတ် ၁၂ ရက်၌ ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် ယူနီယံဘာလင်က ဖရန့်ဖွတ်ကို အနိုင်ယူကာ ထိပ်ဆုံးသုံးသင်း အားပြိုင်မှုကို အပြောင်းအလဲဖြစ်ပေါ်စေ
မတ် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်- ၂၅ တွင် ရုန်းကန်နေရသော ယူနီယံဘာလင်က အိန်းထရက်ချ် ဖရန့်ဖွတ်အား နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယူနီယံဘာလင်အတွက် အနိုင်ဂိုးကို တိုက်စစ်ကစားသမား ဂျောင်ဝူယောင်းက သွင်းယူခဲ့သလို ဂိုးသမား ဖရက်ဒရစ် ရွန်နောင်းကလည်း အရေးပါသော ပင်နယ်တီကာကွယ်မှု ပြုလုပ်နိုင်ခဲ့သဖြင့် အသင်း၏ သူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်။
ယခုပွဲစဉ်တွင် ယူနီယံဘာလင်က အရေးပါသော အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သဖြင့် တန်းဆင်းဇုန်နှင့် လွတ်ကင်းသွားပြီဖြစ်သော်လည်း ဖရန့်ဖွတ်၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များအတွက်မူ ထိုးနှက်ချက်ဖြစ်လာခဲ့သည်။
…..
— အင်ဒီယန်ဝဲလ်စ် တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် ရှုံးထွက်အဆင့်သို့ တက်ရောက်
မတ် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA 1000 အင်ဒီယန်ဝဲလ်စ် တင်းနစ်ပြိုင်ပွဲ တတိယအဆင့်၌ ဆီဒင်-၈ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က နယူးဇီလန်တင်းနစ်မယ် Sun Lulu အား ၆-၄၊ ၇-၅ ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အနိုင်ရရှိခဲ့ပြီး ယင်းသည် ယခုရာသီ၌ ပထမဆုံးအကြိမ် ပွဲဆက်အနိုင်ရရှိခြင်းဖြစ်ကာ ၎င်းပြိုင်ပွဲ၌ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ (Xinhua)
……………………..
English Version)
Man Utd holds Arsenal to extend Liveprool’s lead in Premier League
Liverpool’s lead at the top of the Premier League stretched to 15 points over Arsenal this weekend after the team won 3-1 at home to Southampton on Saturday, while Arsenal was held to a 1-1 draw away to Manchester United on Sunday.
Arsenal fell behind to a free kick by Bruno Fernandes right on the stroke of halftime at Old Trafford.
Fernandes appeared to have plenty of space to curl his shot over the Arsenal goal and into the net from just outside the penalty area.
Arsenal enjoyed 69% possession away to United, but it wasn’t until the 74th minute that Declan Rice netted the equalizer with a smart finish. However, the side’s realistic target now may be to secure second place.
…..
Atletico Madrid misses chance to go top as Real Madrid beats Rayo in La Liga
Atletico Madrid missed the chance to go top of La Liga on Sunday lunchtime, surrendering a 1-0 lead and losing 2-1 away to Getafe.
Excellent goals from Kylian Mbappe and Vinicius Jr in the 30th and 34th minutes put Real Madrid 2-0 up at home to Rayo Vallecano. Pedro Diaz gave the visitors hope on the stroke of halftime, his shot crossing the line to make it 2-1.
The second half was uneventful, with Real Madrid content to concede possession to Rayo. Although Rayo saw much more of the ball, it failed to create clear chances to draw level.
The 2-1 win lifts Real Madrid above Atletico in the standings, just ahead of next Wednesday’s decisive Champions League return leg between the two sides.
…..
Berlin punishes wasteful Frankfurt to shake up Bundesliga’s top-three race
Struggling Union Berlin staged a comeback to beat Eintracht Frankfurt 2-1 at the close of the 25th round on Sunday. Jeong Woo-Yeong scored the winner, while Frederik Ronnow emerged as a late hero with a crucial penalty save.
The final whistle confirmed a vital win for Union Berlin, which moved further away from the relegation zone while dealing a blow to Frankfurt’s Champions League ambitions.
…..
China’s Zheng Qinwen reaches Indian Wells last 16
Eighth seed Zheng Qinwen of China secured a hard-fought 6-4, 7-5 victory over New Zealand’s Sun Lulu in the third round of the WTA 1000 event at Indian Wells on Sunday, marking her first set of consecutive wins this season and a career-best showing at the tournament.