Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— နေးရှင်းလိဂ်ပြိုင်ပွဲတွင် စပိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ပေါ်တူဂီတို့ ဆီမီးဖိုင်နယ်တက်ရောက်
မတ် ၂၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်များမှာ နောက်ဆုံးအချိန်အထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသများကို ပေးစွမ်းနိုင်ခဲ့သည်။ ဂျာမနီက အီတလီအား အိမ်ကွင်း၌ မိနစ် ၉၀ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီးမှ ၃-၃ ဂိုး သရေရလဒ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သလို ပေါ်တူဂီကလည်း ဒိန်းမတ်ကို ကျော်ဖြတ်နိုင်ရန် အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ စပိန်နှင့် နယ်သာလန် ပွဲစဉ်တွင်လည်း နှစ်ကျော့ပေါင်းရလဒ် ၄-၄ ဂိုးစီ သရေကျနေသည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသလို ပြင်သစ်ကလည်း ပဲရစ်တွင် အကြိတ်အနယ် တုံ့ပြန်ကစားခဲ့သည့် ခရိုအေးရှားနှင့် ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းခဲ့ရပြီးနောက် ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— ဂျူဗင်တပ်စ်အသင်းက နည်းပြချုပ် မော့တာကို ရာထူးမှထုတ်ပယ်ခဲ့ပြီး တူဒေါအား နည်းပြသစ်အဖြစ် ခန့်အပ်
အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းက အသင်း၏ စွမ်းဆောင်ရည်များ ဆက်တိုက်ကျဆင်းလာပြီးနောက် နည်းပြချုပ်ဖြစ်သူ သီယာဂို မော့တာကို ရာထူးမှထုတ်ပယ်လိုက်ပြီး ၎င်း၏နေရာတွင် အသင်း၏ ကစားသမားဟောင်းဖြစ်သူ အီဂေါ တူဒေါအား အစားထိုးခန့်အပ်လိုက်သည်။
အီတလီလက်ရွေးစင် ကစားသမားဟောင်း မော့တာမှာ ပြီးခဲ့သည့်နွေရာသီတွင် ဘိုလော့ညာမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ယခုဘောလုံးရာသီ၌ ပုံစံကောင်းဖြင့် စတင်နိုင်ရန် အသင်းအား ဦးဆောင်ခဲ့သည်။ သို့သော် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ခြေစွမ်းတစ်သမတ်တည်း မရှိသည့်အတွက် ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ကိုပါအီတာလီယာ ဖလားတို့မှ စောစီးစွာထွက်ခွာခဲ့ရသည်။
အတ္တလန်တာနှင့် ဖီအိုရင်တီးနားတို့ကို ဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အဆိုပါပွဲစဉ်နှစ်ပွဲတွင် ပေးဂိုး ၇ ဂိုးအထိ ခွင့်ပြုခဲ့ရကာ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းလည်း မရှိဘဲ ဂျူဗင်တပ်စ်မှာ စီးရီးအေ အမှတ်ပေးဇယား၌ အဆင့်-၅ နေရာသို့ ရောက်ရှိနေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မရေမရာရှိနေချိန်တွင် အသင်းဘက်က မော့တာနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
…..
— IOC ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ကိုဗင်ထရီအား ဇင်ဘာဘွေနိုင်ငံက သူရဲကောင်းသဖွယ် ကြိုဆို
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ကာစတီ ကိုဗင်ထရီမှာ မတ် ၂၃ ရက်က ၎င်း၏မွေးရပ်မြေ ဇင်ဘာဘွေနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူရဲကောင်းသဖွယ် ကြိုဆိုခံခဲ့ရကြောင်း သိရသည်။
“ဒီခရီးမှာ ကျွန်မနဲ့အတူ ပါဝင်လျှောက်လှမ်းခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ အားလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့လိုပါပဲ” ဟု ဟာရာရေးလေဆိပ်၌ ပြုလုပ်သည့် ကြိုဆိုနှုတ်ဆက်ပွဲအတွင်း ကိုဗင်ထရီက ပြောကြားခဲ့သည်။
IOC ၏ ဒသမမြောက် ဥက္ကဋ္ဌအဖြစ် ကိုဗင်ထရီအား မတ် ၂၀ ရက်က ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကာ ၎င်းရာထူးအား တာဝန်ယူမည့် ပထမဆုံး အမျိုးသမီးနှင့် ပထမဆုံး အာဖရိကတိုက်သားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
…..
— မိုင်ယာမီအိုးပင်း အမျိုးသမီးနှစ်ယောက်တွဲ တင်းနစ်ပြိုင်ပွဲတွင် Jiang နှင့် Wu တို့ ကွာတားဖိုင်နယ် တက်ရောက်
မတ် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မိုင်ယာမီအိုးပင်း အမျိုးသမီးနှစ်ယောက်တွဲ တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် Jiang Xinyu နှင့် တရုတ် (ထိုင်ပေ) တင်းနစ်မယ် Wu Fang-Hsien တို့အတွဲက Ashlyn Krueger နှင့် Jessica Pegula တို့အတွဲအား လေးပွဲယှဉ်ပြိုင်ကစားပြီးနောက် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)
#Sports #NationsLeague #ThiagoMotta #IOCPresident_elect #MiamiOpen #အားကစား #နေးရှင်းလိဂ် #သီယာဂိုမော့တာ #အိုင်အိုစီရွေးကောက်ခံဥက္ကဋ္ဌ
……………………………………………………………….
(English Version)
Drama as Spain, France, Germany, Portugal reach Nations League semis
There was tension until the very end of Sunday night’s four UEFA Nations League quarterfinals.
Only Germany qualified in 90 minutes after a thrilling 3-3 draw at home to Italy, while Portugal needed extra time against Denmark, Spain endured a tense penalty shootout against the Netherlands after drawing 4-4 on aggregate, and France also snuck through 5-4 on penalties against Croatia after fighting back in Paris.
…..
Juventus sacks head coach Motta, Tudor steps in
Juventus fired head coach Thiago Motta on Sunday after a string of poor performances, replacing him with former player Igor Tudor.
Former Italy international Motta joined Juventus from Bologna last summer and led the team to a strong start to the season. However, Juventus struggled with inconsistency and was eliminated early from both the Champions League and Coppa Italia.
After consecutive heavy defeats to Atalanta and Fiorentina, in which the team conceded seven goals and failed to score, Juventus dropped to fifth in the Serie A standings, putting its Champions League qualification hopes at risk. The club decided to part ways with Motta as a result.
…..
IOC President-elect Coventry receives heroine’s welcome in Zimbabwe
International Olympic Committee (IOC) President-elect Kirsty Coventry on Sunday received a heroine’s welcome upon her return to her home nation of Zimbabwe.
“Thank you from the bottom of my heart for walking on this journey with me because all of you have played a significant role in doing that. And this is not just my success, it is our success,” said Coventry during her welcome reception at Harare Airport.
On Thursday, Coventry was elected as the 10th president of the IOC, making history as the first woman and the first African to lead the IOC.
…..
Jiang/Wu reach Miami Open last eight
China’s Jiang Xinyu and Chinese Taipei’s Wu Fang-Hsien progressed to the women’s doubles quarterfinals at the Miami Open on Sunday after only four games of their match against Ashlyn Krueger and Jessica Pegula.

(240902) — TURIN, Sept. 2, 2024 (Xinhua) — Juventus’ head coach Thiago Motta reacts during a Serie A soccer match between Juventus and Roma in Turin, Italy, Sept. 1, 2024. (Photo by Federico Tardito/Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.