China
C929 လေယာဉ်စီမံကိန်းကို ဦးဆောင်သည့် အမျိုးသမီးလေယာဉ်ဒီဇိုင်နာ

ရှန်ဟိုင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်း (COMAC) တွင် တရုတ်နိုင်ငံ ပြည်တွင်းထုတ် ကိုယ်ထည်ကျယ် C929 လေယာဉ်၏ ဒီဇိုင်နာချုပ်ဖြစ်သော Zhao Chunling သည် နိုင်ငံ၏ လေကြောင်းလုပ်ငန်းတွင် ပထမဆုံး အမျိုးသမီး ဒီဇိုင်နာချုပ်ဖြစ်ကာ အရေးပါသော အမျိုးသားလေယာဉ်စီမံကိန်းကို ဦးဆောင်လျက်ရှိသည်။
Zhao သည် ဘွဲ့ရပြီးသည်နှင့်တစ်ပြိုက်နက် လေကြောင်းလုပ်ငန်းတွင် ၎င်း၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စတင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ၎င်းသည် COMAC တွင် ဝင်ရောက်ခဲ့ပြီး ဒီဇိုင်းပိုင်း၊ ဖွံ့ဖြိုးတိုးတက်မှုပိုင်းနှင့် C909 နှင့် C919 လေယာဉ်များ စမ်းသပ်မှုအပိုင်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်မူ ၎င်းအား C929 လေယာဉ်၏ ဒီဇိုင်နာချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရပြီး တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်များ ဖွံ့ဖြိုးတိုးတက်မှု သတ်မှတ်နယ်ပယ်များကို တွန်းအားပေးရန် ၎င်း၏အဖွဲ့ကို ဦးဆောင်ခဲ့သည်။
“ဒီနေရာတွေ၊ အခန်းကဏ္ဍတွေနဲ့ စိန်ခေါ်မှုတွေက ဆင့်ကဲပြောင်းလဲလာခဲ့ပေမဲ့လည်း လေကြောင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ကျွန်မရဲ့ စိတ်အားထက်သန်မှု၊ အကြောက်အလန့်ကင်းတဲ့ စိတ်ပိုင်းဖြတ်မှုတွေကတော့ ဘယ်တော့မှယိမ်းယိုင်မှာမဟုတ်ပါဘူး” ဟု Zhao က ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်း (COMAC) သုတေသနအင်စတီကျုရှိ C919 နှင့် C929 လေယာဉ်ပုံစံငယ်များရှေ့ လမ်းလျှောက်နေသော Zhao Chunling ကို ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Pic story of female aircraft designer leading C929 aircraft project
Zhao Chunling, the chief designer of China’s homegrown wide-body C929 aircraft at COMAC, is the first female chief designer in China’s aviation industry to lead a major national aircraft program.
Zhao started her career in the aviation industry once after graduation. In 2009, she joined COMAC and played a key role in the design, development and testing of C909 and C919 aircraft. In 2023, she was appointed as the chief designer of C929 aircraft, leading her team to push the boundaries of China’s commercial aircraft development.
“The positions, the roles, and the challenges changed over time, but my passion for aviation and my fearless determination have never wavered,” Zhao said.
Photo 1: Zhao Chunling is pictured at a research institute of Commercial Aircraft Corporation of China (COMAC) in Shanghai, east China, March 5, 2025. (Xinhua/Liu Ying)
Photo 2: Zhao Chunling walk past the mockup of C919 and C929 aircraft at a research institute of Commercial Aircraft Corporation of China (COMAC) in Shanghai, east China, March 5, 2025. (Xinhua/Liu Ying)