Asia
တောင်ကိုရီးယား အစိုးရရှေ့နေများက အယူခံမဝင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတယွန်းဆက်ယို ပြန်လည်လွတ်မြောက်လာ

ဆိုးလ်၊ မတ် ၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုအား ပြန်လွှတ်ပေးရန် ရုံးတော်မှ အတည်ပြုဆုံးဖြတ်ခဲ့သည့်အပေါ် အယူခံမဝင်ရန် အစိုးရရှေ့နေများက ဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတယွန်းမှာ မတ် ၈ ရက်က ပြန်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ယွန်းဆက်ယိုမှာ အနက်ရောင်ကားတစ်စီးပေါ်မှ ဆင်းလာပြီးနောက် ဆိုးလ်မြို့၏ တောင်ဘက်၊ ကီလိုမီတာ ၂၀ ခန့်အကွာ၊ Uiwang မြို့ရှိ ဆိုးလ်ထိန်းသိမ်းရေးစခန်းမှ လမ်းလျှောက်၍ထွက်ခွာသွားကာ လမ်းတစ်လျှောက်တွင် စောင့်ကြိုနေသည့် ၎င်းအားထောက်ခံသူများကို လက်ပြနှုတ်ဆက်၍ အရိုအသေပြုနေပုံကို ဗီဒီယိုမှတ်တမ်းတွင် ပြသထားသည်။
စွပ်စွဲပြစ်တင်ခံထားရသည့် ယွန်းမှာ ဆိုးလ်မြို့လယ်ရှိ သမ္မတအိမ်တော်သို့ ရောက်ရှိလာပြီးနောက်တွင်လည်း ကားပေါ်မှဆင်းကာ ၎င်းအားထောက်ခံသူများကို လက်ဆွဲနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရုံးတော်၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်မှု၊ အေးခဲသော ရာသီဥတုအောက်တွင် လာရောက်ဝန်းရံအားပေးသူများနှင့် အာဏာရ ပြည်သူ့အင်အားပါတီ ခေါင်းဆောင်ပိုင်းတို့ကို ကျေးဇူးတင်ကြောင်း ယွန်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သမ္မတယွန်းအား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ပယ်ဖျက်ပေးရန် ယွန်း၏ ဥပဒေအကြံပေးအဖွဲ့က မေတ္တာရပ်ခံမှုကို ဆိုးလ် ဗဟိုခရိုင်တရားရုံးက လက်ခံခဲ့ပြီး ဖမ်းဆီးခံ သမ္မတအား ပြန်လွှတ်ပေးရန် မတ် ၇ ရက်၌ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယွန်းမှာ သမ္မတရုံး၌ရှိနေစဉ် ဇန်နဝါရီ ၁၅ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ကာ ဆူပူအုံကြွမှုကို ဦးဆောင်သူအဖြစ် သံသယရှိမှုဖြင့် စွဲချက်တင်ခံခဲ့ရသည့်အတွက် တာဝန်ထမ်းဆောင်စဉ်အတွင်း ဖမ်းဆီးတရားစွဲဆိုခံရသော ပထမဆုံး တောင်ကိုရီးယားသမ္မတ ဖြစ်လာခဲ့သည်။ (ဆင်ဟွာ)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1LY
…………………………………………………………………………………….
(English Version)
S. Korean president released as prosecution decides not to appeal
SEOUL, March 8 (Xinhua) — South Korean President Yoon Suk-yeol was released Saturday as the prosecution decided not to appeal against a court’s release approval.
Yoon got off a black vehicle and walked out of the Seoul Detention Center in Uiwang, about 20 km south of Seoul, waving hands and bowing to his supporters who were standing along the road, TV footage showed.
After arriving at the presidential residence in central Seoul, the impeached leader got off the vehicle again to shake hands with his supporters.
Yoon said in a statement that he appreciated the court’s determination, people’s support despite cold weather, and the leadership of the ruling People Power Party.
The Seoul Central District Court approved the release of the arrested president on Friday, accepting Yoon’s request to cancel his detention that was made by his legal team on Feb. 4.
Yoon was apprehended in presidential office on Jan. 15 and was indicted under detention on Jan. 26 as a suspected ringleader of insurrection, becoming the country’s first sitting president to be arrested and prosecuted. xhtxs.cn/1LY
English Caption
Yoon Suk-yeol waves to his supporters after release outside the Seoul Detention Center in Uiwang, South Korea, March 8, 2025. (NEWSIS via Xinhua)