China
တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တုသစ် လွှတ်တင်

ရှီးချန်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တုသစ်တစ်စင်းကို ဧပြီ ၁၁ ရက် နံနက်အစောပိုင်းက လွှတ်တင်ခဲ့ကြောင်း သိရသည်။
Long March-3B ဒုံးပျံနှင့်အတူ ပေကျင်းစံတော်ချိန် နံနက် ၁၂:၄၇ နာရီက လွှတ်တင်လိုက်သော အဆိုပါ ဂြိုဟ်တုသည် သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်ခဲ့ကြောင်း ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာထံမှ သိရသည်။
အဆိုပါ ဂြိုဟ်တုကို multi-band နှင့် မြန်နှုန်းမြင့် ဆက်သွယ်ရေးနည်းပညာခိုင်မာရေးစမ်းသပ်မှုများ လုပ်ဆောင်ရာတွင် အဓိကအသုံးပြုမည်ဖြစ်သည်။
ထိုသို့ လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၅၆၉ ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း ၎င်းဂြိုဟ်တုလွှတ်တင်ရေးစင်တာအရ သိရသည်။ (Xinhua)

ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တု တင်ဆောင်ထားသော Long March-3B ဒုံးပျံအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)
…………………………..
(English Version)
China launches new communication technology test satellite
XICHANG, April 11 (Xinhua) — China sent a new communication technology test satellite into space from the Xichang Satellite Launch Center in southwest China’s Sichuan Province early on Friday.
Launched at 12:47 a.m. (Beijing Time) aboard a Long March-3B rocket, the satellite has entered its planned orbit successfully, the launch center said.
It will be used mainly to carry out multi-band and high-speed communication technology validation tests.
The launch was the 569th mission of the Long March carrier rocket series, according to the center.
Photo 1, 2: A Long March-3B rocket carrying a new communication technology test satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, April 11, 2025. (Photo by Xu Lihao/Xinhua)