Environment, Disasters & Accidents
ငလျင်ဒဏ် တုံ့ပြန်ရေးအတွက် တရုတ်နိုင်ငံမှ နောက်ထပ် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများ မြန်မာနိုင်ငံသို့ အပြေးအလွှားသွားရောက်

ကူမင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ Blue Sky Rescue ၏ ယူနန်ပြည်နယ်အဖွဲ့ခွဲက အဖွဲ့ဝင်အင်အား ၄၄ ဦးရှိသော ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှု အထောက်အကူပေးရေး အထူးအဖွဲ့ ဖွဲ့စည်းရန် စုစုပေါင်း စေတနာ့ဝန်ထမ်း ၂၀ ဦး ပါဝင်သော အဖွဲ့နှစ်ဖွဲ့ကို ထပ်မံစေလွှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့လုံးမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မန်စီမြို့ရှိ လေဆိပ်မှ ထွက်ခွာလာခြင်းဖြစ်ကာ ဧပြီ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အသက်ရှင်သူများကို ရှာဖွေသည့် ကိရိယာများနှင့် အဆောက်အအုံဖြိုဖျက်သည့် ကိရိယာပစ္စည်းများကို ယူဆောင်လာကြောင်း ယူနန်ပြည်နယ် အဖွဲ့ခွဲ၏ အကြီးအကဲဖြစ်သူ ကျူးမိန်ယွင်က ပြောကြားခဲ့သည်။
ယူနန်ပြည်နယ် ရွှေလီမြို့မှ စေလွှတ်လိုက်သော ယင်းအဖွဲ့ခွဲ၏ ပထမဆုံးအဖွဲ့မှာ မတ် ၂၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၉ မဂ္ဂနီကျုရှိ ငလျင်ကြောင့် သေဆုံးသူ ၂,၀၅၆ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၃,၉၀၀ ဦးခန့်နှင့် ပျောက်ဆုံးသူ ၂၇၀ နီးပါးရှိကြောင်း မတ် ၃၁ ရက် တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
………………..
(English Version)
More Chinese rescue volunteers rush to Myanmar in quake response
KUNMING, April 1 (Xinhua) — The Yunnan branch of the Blue Sky Rescue, a Chinese civil relief squad, dispatched two additional groups, totaling 20 volunteers, to neighboring Myanmar on Tuesday to form a 44-member task force aiding earthquake relief operations.
The two teams, both departing from an airport in the city of Mangshi, southwest China’s Yunnan Province, will arrive in Myanmar on Tuesday afternoon, and are equipped with life detectors and demolition tools, according to Zhu Minyun, head of the Yunnan branch.
The first team of the branch, sent from Yunnan’s Ruili, entered Myanmar on Saturday.
The death toll from Friday’s 7.9-magnitude earthquake in Myanmar has risen to 2,056, with around 3,900 people injured and nearly 270 reported missing, according to official data on Monday. ■
English Caption
Rescuers from China carry out rescue work at a quake site in Mandalay, Myanmar, March 31, 2025. (Xinhua/Jiang Chao)