China
ကမ္ဘာ့အကြီးဆုံး မော်တော်ကားတင်သင်္ဘော ပွဲဦးထွက်ရေကြောင်းခရီးစဉ်အဖြစ် တရုတ်နိုင်ငံဆိပ်ကမ်းမှ ထွက်ခွာ

ဆန်းကျန့်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက သီးခြားလွတ်လပ်စွာ ထုတ်လုပ်ထားသော မော်တော်ကားတင်သင်္ဘော “BYD Shenzhen” သည် ယင်းအမျိုးအစား၌ ကမ္ဘာ့အကြီးဆုံးဖြစ်ကာ BYD စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ် (NEV) အစီးရေ ၇,၀၀၀ ကျော်နှင့်အတူ ပွဲဦးထွက်ရေကြောင်းခရီးစဉ်အဖြစ် ဧပြီ ၂၇ ရက် ညနေပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်း ဆန်းကျန့်မြို့အခြေစိုက် BYD မော်တော်ကားကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောသည် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်ရှိ Taicang ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ပင်လယ်ပြင်၌ ရက်ပေါင်း ၃၀ ကျော် ခုတ်မောင်းပြီးနောက် ဘရာဇီးနိုင်ငံ Itajai ဆိပ်ကမ်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
China Merchants Group လက်အောက်ရှိ သင်္ဘောကျင်းတစ်ခုတွင် တည်ဆောက်ထားသော BYD Shenzhen သင်္ဘောသည် NEV ကားအစီးရေ ၉,၂၀၀ တင်ဆောင်နိုင်သော NEV သီးသန့်သယ်ယူပို့ဆောင်သော BYD ၏ စတုတ္ထမြောက် အထူးသင်္ဘောတစ်စင်း ဖြစ်သည်။ ယခင် သင်္ဘောသုံးစင်းကိုလည်း တရုတ်နိုင်ငံတွင်ပင် သီးခြားလွတ်လပ်စွာ တည်ဆောက်ထားခြင်းဖြစ်သည်။
သင်္ဘော အလျား ၂၁၉ မီတာ၊ အကျယ် ၃၇.၇ မီတာရှိသော BYD Shenzhen သင်္ဘောကို ကျန်းဆူးပြည်နယ် ရီကျိန့်မြို့တွင် ဧပြီ ၂၂ ရက်က လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ ၎င်းသင်္ဘောအား ထိရောက်မှုမြင့်မား၍ စွမ်းအင်ချွေတာသော ပင်မအင်ဂျင်များနှင့် Boil-Off Gas (BOG) recondenser ၊ သင်္ဘောအောက်ခြေတွင် ကပ်ညိနေတတ်သောအရာများကို တားဆီးဖယ်ရှားနိုင်ခြင်း၊ သင်္ဘောအား ပွတ်တိုက်မှုမှလျှော့ချပေးနိုင်သော အလွှာများ စသည့် နောက်ဆုံးပေါ် အစိမ်းရောင်နည်းပညာများ ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
World’s largest car carrier sets off on maiden voyage from Chinese port
SHENZHEN, April 27 (Xinhua) — China’s self-developed car carrier “BYD Shenzhen,” the largest of its kind worldwide, set off on its maiden voyage with more than 7,000 BYD new energy vehicles (NEVs) on Sunday evening, according to the Shenzhen-based carmaker BYD.
It set sail from Taicang Port in east China’s Jiangsu Province and is expected to reach Itajai Port in Brazil after more than 30 days at sea.
Built by a shipyard under China Merchants Group, the BYD Shenzhen is an NEV carrier with 9,200 standard spaces, and is BYD’s fourth specialized vessel for transporting NEVs. The previous three vessels were also independently built in China.
The 219-meter-long, 37.7-meter-wide BYD Shenzhen was delivered on April 22 in the city of Yizheng, Jiangsu. The ship features cutting-edge green technologies such as high-efficiency, energy-saving main engines and a Boil-Off Gas (BOG) recondenser, and antifouling, drag-reducing coatings.
Photo: This photo shows a Yangwang U7 of BYD at the 22nd Guangzhou International Automobile Exhibition at the China Import and Export Fair Complex in Guangzhou, south China’s Guangdong Province, Nov. 15, 2024. (Xinhua/Deng Hua)