China
တရုတ်နိုင်ငံအနေဖြင့် မြေရှားသတ္တုနှင့် ဆက်စပ်သော ပစ္စည်းများအပေါ် ပြည်ပတင်ပို့မှု ထိန်းချုပ်ရေးအတွက် အခိုင်အမာလုပ်ဆောင်ခြင်းက အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်မှုကို ထင်ဟပ်စေဟု စက်မှုလုပ်ငန်းအဖွဲ့အစည်း ပြော

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
မြေရှားသတ္တုနှင့် ဆက်စပ်သော ပစ္စည်းအချို့အပေါ် ပြည်ပတင်ပို့မှု ထိန်းချုပ်ရေး အစီအမံများက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အခိုင်အမာ စိတ်ပိုင်းဖြတ်မှုအား လက်တွေ့ပြသခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ၏ သံမဟုတ်သောသတ္တုလုပ်ငန်း အဖွဲ့အစည်းက ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထွေထွေအကောက်ခွန်ဦးစီးဌာနတို့က အလတ်စားနှင့် အကြီးစား မြေရှားသတ္တု ခုနစ်မျိုးနှင့် ဆက်စပ်သော ပစ္စည်းအချို့အား ပြည်ပတင်ပို့မှုထိန်းချုပ်ရေး အစီအမံများကို ဧပြီ ၄ ရက်၌ ကြေညာခဲ့ပြီးနောက် အဆိုပါမှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
မြေရှားသတ္တုနှင့် ဆက်စပ်သော ပစ္စည်းများကို စစ်ဘက်တွင်သာမက အရပ်ဘက်တွင်လည်း အသုံးပြုလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်ပတင်ပို့မှုထိန်းချုပ်ရေး အစီအမံများက နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအပေါ် အပြည့်အဝ အခြေခံကြောင်း ၎င်းအဖွဲ့အစည်းက ပြောကြားခဲ့သည်။
ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ထိခိုက်စေသော လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိသရွေ့ နိုင်ငံတကာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကို မဆိုထားနှင့် ကုမ္ပဏီများ၏ ပုံမှန် လုပ်ငန်းလည်ပတ်မှုများနှင့် ကုန်သွယ်မှုများကိုပင် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်း ထိုအဖွဲ့အစည်းက ဆိုသည်။
တရုတ်နိုင်ငံ၏ မြေရှားသတ္တုလုပ်ငန်းများအနေဖြင့် ဧပြီ ၄ ရက် ကြေညာချက်ပါ သတ်မှတ်ချက်များနှင့်အညီ ပိုမိုအဆင့်မြင့်မားစွာ တံခါးဖွင့်မှုကို တစ်စိုက်မတ်မတ် လုပ်ဆောင်ကာ မိတ်ဆွေနိုင်ငံများနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အားဖြည့်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့အစည်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2yD
………………….
(English Version)
China’s strengthening of export control on rare earth-related items reflects resolve to safeguard national security: industry association
BEIJING, April 6 (Xinhua) — China’s export control measures on certain rare earth-related items have demonstrated its firm commitment to maintaining world peace and security, China Nonferrous Metals Industry Association said on Sunday.
The remarks came after China’s Ministry of Commerce and General Administration of Customs on Friday announced export control measures on certain items related to seven types of medium and heavy rare earths.
Rare earth-related items have both military and civil uses, the association said, adding that China’s export control measures have fully drawn on international practices.
As long as companies are not engaged in activities that undermine China’s national sovereignty, security, or development interests, export control measures will not affect their normal business operations and trade activities, let alone the stability and security of international industrial and supply chains, the association said.
The association added that Chinese rare earth enterprises will, in accordance with the requirements of Friday’s announcement, insist on higher-standard opening up and continue to beef up mutually beneficial cooperation with friendly countries. xhtxs.cn/2yD