Connect with us

Africa & Middle East

လတ်တလော နျူကလီးယားအရေး ဆွေးနွေးမှုများမှာ ပိုမိုလေးနက်မှုရှိလာဟု အီရန် ပြောကြား၊ နျူကလီးယား အဆောက်အအုံများ ဖြိုချရန် အမေရိကန်၏ တောင်းဆိုမှုကို ပယ်ချ

အီရန်နိုင်ငံ တီဟီရန်မြို့၌ ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောကြားနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေးအတွက် အိုမန်နိုင်ငံ၌ အမေရိကန်နှင့် သွယ်ဝိုက်ဆွေးနွေးမှုများမှာ “များစွာပိုမိုလေးနက်၍ ပွင့်ပွင့်လင်းလင်း” ရှိလာပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက မေ ၁၁ ရက်၌ ပြောကြားခဲ့ကာ အီရန်နိုင်ငံ သမ္မတ မာဆု ပီဇက်ရှ်ကီယန်ကမူ အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများအား ဖြိုချရန် အမေရိကန်၏ တောင်းဆိုမှုကို ပယ်ချခဲ့သည်။

အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မက်စကတ်မြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုများမှာ Joint Comprehensive Plan of Action ဟု အမည်ရသော အဆိုပါ သဘောတူညီချက်ကို ပြန်လည်အဖတ်ဆယ်ရန် လတ်တလော ကြိုးပမ်းအားထုတ်မှုဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းဖြစ်သည့် ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်က ထိုသဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်သွားခဲ့ရာ အီရန်နိုင်ငံကလည်း သဘောတူညီချက်၌ ပါရှိသော နျူကလီးယားဆိုင်ရာ ကတိကဝတ်များအား လိုက်နာမှုကို တဖြည်းဖြည်း လျှော့ချပစ်ခဲ့သည်။
အိုမန်နိုင်ငံ၏မြို့တော် မက်စကတ်၌ ပြုလုပ်သည့် စတုတ္ထအကြိမ် ဆွေးနွေးပွဲများအပြီးတွင် အီရန်နိုင်ငံပိုင်ရုပ်သံ IRIB TV သို့ ပြောကြားရာ၌ အာရက်ဂ်ချီက ဆွေးနွေးမှုများမှာ ယေဘုယျဆန်သော အကြောင်းအရာများမှ ပိုမိုအသေးစိတ်ဆန်သော အဆိုပြုချက်များအဖြစ် ပြောင်းလဲလာသည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ဆွေးနွေးမှုများကို ရှေ့ဆက်လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ညွှန်းဆိုခဲ့သော်လည်း ဆွေးနွေးနေသည့် ကိစ္စရပ်များမှာ ပိုမိုရှုပ်ထွေးနက်နဲလာသည်ဟု ဝန်ခံပြောဆိုသွားခဲ့သည်။ နှစ်ဖက်စလုံးက ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့သည်ဟု သိရသည်။

ဧပြီ ၁၂ ရက်နှင့် ၂၆ ရက်တို့၌ မက်စကတ်မြို့တွင်လည်းကောင်း၊ ဧပြီ ၁၉ ရက်၌ ရောမမြို့တွင်လည်းကောင်း အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လတ်တလော ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှာ သုံးနာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုစဉ် အီရန်သမ္မတ ပီဇက်ရှ်ကီယန်က အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများ ဖြိုချရန် အမေရိကန်၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။ “ဒါက လက်မခံနိုင်စရာပါပဲ။ အီရန်အနေနဲ့ မိမိတို့ရဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် နျူကလီးယားဆိုင်ရာ အခွင့်အရေးတွေကို အဆုံးရှုံးခံမှာမဟုတ်ပါဘူး” ဟု ၎င်းက အတိအလင်းပြောကြားခဲ့ကာ အီရန်၏ နျူကလီးယား အစီအစဉ်မှာ အရပ်ဘက်သုံးအတွက်သာ ရည်ရွယ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ ထို့ပြင် နျူကလီးယားလက်နက်များ တီထွင်မှုကို တားမြစ်ထားသော ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီ၏ ဘာသာရေးဆိုင်ရာ အမိန့်ကြေညာချက်ကိုလည်း ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။
မက်စကတ် ဆွေးနွေးပွဲမတိုင်မီ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က နာတန်ဇ်၊ ဖော်ဒိုးနှင့် အစ်စ်ဖာဟန်မြို့ရှိ အဆောက်အအုံများ အပါအဝင် အီရန်၏ နျူကလီးယား အစီအစဉ်အား အလုံးစုံဖျက်သိမ်းရန် ထပ်လောင်းတိုက်တွန်းခဲ့သည်။ အီရန်အနေဖြင့် သန့်စင်ထားသော ယူရေနီယမ်များကို ပြည်ပမှတင်သွင်းသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို အပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူများက အကြံပြုထားသည်။
အီရန်၏ နျူကလီးယားနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များမှာ ရောဂါရှာဖွေကုသရာ၌ အသုံးပြုသော ဆေးဝါးများဖြစ်သည့် radiopharmaceuticals များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း စသည့် “ငြိမ်းချမ်းသော” ရည်ရွယ်ချက်များအတွက် ပဓာနကျသည်ဟု ပီဇက်ရှ်ကီယန်က အလေးအနက်ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေကို အလေးအနက်ထား လုပ်ဆောင်နေပြီး သဘောတူညီချက်ရဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေခြင်းဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး အီရန်အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကတိကဝတ်ပြုကြောင်းလည်း ၎င်းက အ‌လေးအနက်ပြောကြားခဲ့သည်။ (Xinhua)

………………..
(English Version)
Iran says latest nuclear talks “more serious,” rejects U.S. call to dismantle facilities
TEHRAN, May 11 (Xinhua) — Iranian Foreign Minister Abbas Araghchi said on Sunday that indirect negotiations with the United States in Oman to revive the 2015 nuclear deal had become “much more serious and frank,” as President Masoud Pezeshkian rejected U.S. demands for Tehran to dismantle its nuclear infrastructure.
The talks in Muscat, facilitated by Oman, mark the latest effort to salvage the Joint Comprehensive Plan of Action. The United States unilaterally withdrew from the accord in 2018 under U.S. President Donald Trump’s first term, prompting Iran to reduce compliance with its nuclear commitments gradually.
Araqchi, speaking to Iran’s state-run IRIB TV after the fourth round of negotiations in Oman’s capital, said the discussions had shifted from general topics to more specific proposals. He characterized the talks as “forward-moving” but acknowledged the growing complexity of the issues. Both sides agreed to continue the discussions.
The latest round, lasting about three hours, follows previous sessions in Muscat on April 12 and 26, and in Rome on April 19.
Meanwhile, President Pezeshkian firmly rejected U.S. calls to dismantle Iran’s nuclear infrastructure. “This is unacceptable. Iran will not relinquish its peaceful nuclear rights,” he declared, reaffirming Tehran’s stance that its nuclear program is for civilian purposes. He also referenced a religious decree from Supreme Leader Ali Khamenei banning nuclear weapons development.
Ahead of the Muscat talks, U.S. Special Envoy Steve Witkoff reiterated demands for Iran to completely dismantle its nuclear program, including facilities at Natanz, Fordow, and Isfahan. U.S. officials, including Secretary of State Marco Rubio, have suggested that Iran should import enriched uranium.
Pezeshkian stressed that Iran’s nuclear activities are essential for “peaceful” purposes, such as radiopharmaceuticals, healthcare, agriculture, and industry. “We are serious in the negotiations and seek an agreement. We hold talks because we want peace,” he said, emphasizing Iran’s commitment to regional peace and security.
English Caption
This file picture shows Iranian Foreign Minister Seyed Abbas Araghchi speaking at a joint press conference in Tehran, Iran, on Feb. 25, 2025. (Xinhua/Shadati)