China
အတိတ်သမိုင်းမှ သင်ခန်းစာယူရန် ရှီ၏ တိုက်တွန်းမှုကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပြောဆိုလျက်ရှိ

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)
အတိတ်သမိုင်းမှ သင်ခန်းစာယူရန်၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်၏ စိတ်မချမ်းမြေ့ဖွယ်ရာများကို သင်ခန်းစာယူရန် တိုက်တွန်းထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်အား မကြာမီက Russian Gazette သတင်းစာ၌ ဖော်ပြခဲ့ရာ နိုင်ငံတကာ အသိုက်အဝန်းက ယင်းအား ထောက်ခံပြောဆိုလျက်ရှိသည်။
“အတိတ်သမိုင်းမှ သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့” ဟု အမည်ပေးထားသော အဆိုပါ ဆောင်းပါး၌ ရှီက ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲမှ အသိပညာများ၊ ခွန်အားများ ရယူရန်၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အင်အားသုံး၍ လွှမ်းမိုးခြယ်လှယ်သော နိုင်ငံရေးစနစ် ပုံစံအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်တွန်းလှန်ရန်၊ လူသားမျိုးနွယ်တို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွတည်ဆောက်ရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းထားသည်။
နိုင်ငံအများအပြားမှ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများက ရှီ၏ အမြင်အား ထပ်လောင်းပြောဆိုလျက် မျက်မှောက်ကမ္ဘာတွင် တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျလွှမ်းမိုးမှုနှင့် အနိုင်ကျင့်ဗိုလ်ကျသည့် လုပ်ရပ်များက ပြင်းထန်သော ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သမိုင်း၏ အမှန်တရားဘက်တွင် ရပ်တည်ကာ ဘက်မလိုက်မှု၊ တရားမျှတမှုတို့ကို ထိန်းသိမ်းပြီး စစ်ပြီးခေတ် နိုင်ငံတကာ စည်းစနစ်အား အခိုင်အမာ ထိန်းသိမ်းကာကွယ်၍ လူသားမျိုးနွယ်တို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွဖန်တီးသင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြည်သူများအနေဖြင့် ဂျပန်၏ ကျူးကျော်မှုအား ခုခံတွန်းလှန်သည့်စစ်ပွဲ အောင်နိုင်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဖြစ်သကဲ့သို့ ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခဲ့သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်လည်းဖြစ်သည်။ ထိုအခါသမယတွင် ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်၍ သမိုင်းကြောင်းဆိုင်ရာ မှန်ကန်သော အမြင်ကို ဆုပ်ကိုင်ထားရန် ရှီ၏ တိုက်တွန်းမှုမှာ အဓိပ္ပာယ်ပြည့်ဝ၍ ခေတ်ကာလနှင့် လျော်ညီမှုရှိသည်ဟု စိန့်ပီတာစဘတ် အစိုးရတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ အလက်ဆေး ရိုဒီယိုနော့ဗ်က ဆိုသည်။
ရှီ၏ အမည်ဖြင့် ရေးသားဖော်ပြထားသော ထိုဆောင်းပါး၌ အလေးအနက်ဖော်ပြထားသကဲ့သို့ပင် သမိုင်းကြောင်းဆိုင်ရာ အမှတ်တရနှင့် အမှန်တရားဆိုသည်မှာ မျက်မှောက်ခေတ်အား ထင်ဟပ်စေပြီး အနာဂတ်အား အလင်းပြပေးသော စေ့ဆော်မှုများပင်ဖြစ်သည်ဟု ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ထိုင်း-တရုတ် သုတေသနစင်တာ၏ ဒါရိုက်တာဖြစ်သူ Wirun Phichaiwongphakdee က ပြောကြားခဲ့သည်။
သမိုင်းအား ကာကွယ်ခြင်းမှာ အတိတ်ကာလအား အောက်မေ့ဂုဏ်ပြုသော နည်းလမ်းတစ်ခု ဖြစ်ရုံမျှမက မျက်မှောက်ကမ္ဘာတွင် ဘက်မလိုက်မှု၊ တရားမျှတမှုတို့ကို ကာကွယ်ထိန်းသိမ်းသော နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3v4
………………..
(English Version)
Xi’s call for learning from history echoed by int’l community
BEIJING, May 10 (Xinhua) — Chinese President Xi Jinping’s signed article recently published in the Russian Gazette newspaper, which called for learning from history, and especially the hard lessons of the Second World War, has resonated with the international community.
In the article titled “Learning from History to Build Together a Brighter Future,” Xi urged the international community to draw wisdom and strength from the victory in the World Anti-Fascist War, resolutely resist all forms of hegemonism and power politics, and work together to build a brighter future for humanity.
Echoing Xi’s view, experts and officials in multiple countries stated that in today’s world — where unilateralism, hegemony and bullying practices pose severe threats — the international community should stand on the right side of history, uphold fairness and justice, resolutely safeguard the post-war international order, and work together to secure a brighter future for humanity.
This year marks the 80th anniversary of the victory of the Chinese People’s War of Resistance Against Japanese Aggression, the Soviet Union’s Great Patriotic War and the World Anti-Fascist War. On this occasion, Xi’s call for upholding a correct historical perspective on World War II (WWII) carries significant contemporary relevance, said Alexey Rodionov, a professor of Chinese studies at St. Petersburg State University.
As emphasized in Xi’s signed article, historical memory and truth serve as inspirations that mirror the present and illuminate the future, said Wirun Phichaiwongphakdee, director of the Thailand-China Research Center of the Belt and Road Initiative.
Defending history is not only a way to honor the past but also a means of safeguarding fairness and justice in today’s world, he said. xhtxs.cn/3v4
English Caption
Soldiers march during a grand parade marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War in Moscow, Russia, May 9, 2025. (Xinhua/Bai Xueqi)